Views : 3284  |
Favoured : 106 |
သံလွင်အိပ်မက် ၅ နှစ်ပြည့် အထူးကဏ္ဍအတွက် အမှတ်တရ စကားလက်ဆောင်တွေ ချီးမြှင့်ကြဖို့ သံလွင်အိပ်မက်မှာ အစဉ်တစိုက် ရေးသားလာခဲ့ဖူးတဲ့ စာရေးသူတွေထဲက လက်လှမ်းမီသရွေ့ကို ကျွန်တော်တို့ တောင်းဆိုခဲ့ပြီး ပြန်လည်ရရှိလာတဲ့ အမှတ်တရ စာသားတွေကို သံလွင်အိပ်မက် ပရိသတ်တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်။ |
|
|
Saturday, 25 July 2009 14:22 |
|
|
| သံလွင်မှာ မြစ်ဖျားခံရင်း စီးဆင်းတဲ့ အိပ်မက်များ |
Views : 2146  |
Favoured : 76 |
နောင် ၅ နှစ်မှာ သံလွင်အိပ်မက် ရှိနေဦးမလား မရှိတော့ဘူးလား .. ကျွန်တော်ကရော သံလွင်အိပ်မက်နဲ့ အတူ ရှိဦးမလား မရှိတော့ဘူးလား ဆိုတာ ကျွန်တော် တပ်အပ် မပြောနိုင်ပေမယ့် အနာဂတ် မြန်မာပြည်အတွက် မျိုးဆက်သစ်တွေ အတွက် တတ်အားသရွေ့ အကောင်အထည်ဖော် ပေးချင်တဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေ အတိုင်း မပျက်မယွင်းနဲ့ ရည်ရွယ်ရာ အိပ်မက်လမ်းတွေဆီ တနည်းမဟုတ် တနည်း ဆက်ပြီး လျှောက်လှမ်းနေဦးမယ် ဆိုတာကတော့ သေချာပါတယ်... [ညီညီ(သံလွင်)]
|
|
|
Tuesday, 21 July 2009 21:54 |
|
|
| ကျွန်တော်နှင့် သံလွင်အိပ်မက် |
Views : 1878  |
Favoured : 76 |
ဘယ်အလုပ်မဆို စလုပ်ရတာထက် အဓွန့်ရှည်တည်တံ့အောင်ထိမ်းသိန်းရတာက ပိုခက်ခဲတယ်လို့ ကျွန်တော်ယူဆပါတယ်…။ အဲဒါကြောင့် ၀ိုင်းဝန်းကြသူ၊ အားပေး ဖတ်ရှုကြသူ ညီအစ်ကိုမောင်နှမတွေရဲ့အားနဲ့ နောင်နှစ်ပေါင်းများစွာတိုင်အောင် … အနာဂတ်ကို အတိုင်းအတာတစ်ခုအထိ အလင်းရောင်ပေးနိုင်တဲ့ အွန်လိုင်းမဂ္ဂဇင်း တစ်ခုအဖြစ် တည်ရှိနေနိုင်ပါစေလို့ .. [နေဘုန်းလတ်]
|
|
|
Sunday, 19 July 2009 21:11 |
|
|
|
| မြစ်တစ်စင်းသို့ အိပ်မက်ခြင်း |
Views : 2456  |
Favoured : 69 |
ငါးနှစ်အတွင်းမှာ ကျွန်တော်တို့တွေ ဘာတွေ လုပ်ပြီးပြီလဲ၊ ဘာတွေလုပ်ခဲ့သလဲဆိုတာက စာဖတ်သူ ပရိတ်သတ်က အဆုံးအဖြတ် ပေးပါလိမ့်မယ်။ အခက်အခဲများစွာကို ကျွန်တော်တို့တွေ ကျော်ဖြတ်ခဲ့ရပါတယ်။ အငြင်းအခုန် ပွဲများစွာကို ကျွန်တော်တို့ ငြင်းခုန်ခဲ့တယ်။ ဘယ်လောက်ပဲ ငြင်းခုန် ငြင်းခုန် ကျွန်တော်တို့တွေဟာ လက်တွဲ မဖြုတ်ခဲ့ဘူး။ ကျွန်တော်တို့တွေ ငြင်းခုန်ကြရင် ဘယ်တော့မှ ဒေါသစိတ် မပါသလို အကြောင်းအရာမဲ့စွာ မငြင်းကြဘူး...[ကိုငယ်(မန္တလေး)]
|
|
|
Sunday, 19 July 2009 20:16 |
|
|
| အရှေ့သို့လျှောက်ရင်း အနောက်ကိုပြန်မျှော်ကြည့်ခြင်း |
Views : 2050  |
Favoured : 73 |
သံလွင်အိပ်မက် ကောင်းတယ်ဟေ့ဆိုရင် ပါဝင်ရေးသားကြတဲ့ ကလောင်ရှင်တွေ ကောင်းလို့၊ ဖတ်တဲ့လူကလည်း စာရေးသူပြောလိုတာကို သဘောပေါက်လို့ပါ။ အယ်ဒီတာတွေ တော်လို့ မဟုတ်ပါဘူး။ ညံ့ပြီဟေ့ဆိုရင်တော့ အယ်ဒီတာတွေညံ့လို့ပါ။ စာမူမရွေးတတ်လို့၊ တင်ပြပုံညံ့ဖျင်းလို့ပဲလို့ ကျွန်တော်တို့ခံယူကြပါတယ်။ [အေးချမ်း(သံလွင်)]
|
|
|
Sunday, 19 July 2009 17:34 |
|
|
| သံလွင်တစ်ချပ် အိပ်မက်တစ်ပွင့် |
Views : 1783  |
Favoured : 72 |
ကျွန်တော်တို့ အခုလို ရောက်နေတဲ့ နေရာမှာ ကျွန်တော်တို့ ရပ်မနေချင်ပါ။ ကျွန်တော်တို့ ကြိုးစားစရာတွေ၊ လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဒီတစ်ခေါက် ထွက်တဲ့ သံလွင်အိပ်မက်ထက် နောက်တစ်ခေါက်ထွက်မယ့် သံလွင်အိပ်မက်က သာလွန်နေဖို့ ကြိုးစားကြရပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ မြန်မာလူငယ်များကိုလည်း ဒီနေ့ထက် မနက်ဖြန်မှာ ပိုတတ် ပိုတော် လူကျော် လူမော်များ ဖြစ်စေချင်လှပါတယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ အောင်မြင်မှုတွေကို ဆာလောင်နေကြပါတယ်။ [စည်သူ(သံလွင်)]
|
|
|
Sunday, 19 July 2009 16:39 |
|
|
|
|
|
|
|