|
Sunday, 20 July 2008 21:58 |
|
သံလွင်အိပ်မက်သို့ စာမူပို့ရန်နှင့် ပတ်သက်ပြီး မကြာခဏမေးလေ့ရှိသော မေးခွန်းများ
သံလွင်အိပ်မက်ကို စာမူပို့ချင်ပါတယ်။ ဘယ်လိုပို့လို့ရမလဲ မသိဘူး။
Softcopy ဖြစ်ပါက thanlwinainmat@gmail.com သို့ ဇော်ဂျီဖွန့်နှင့် ရိုက်ထားသော စာမူများကို ပေးပို့နိုင်ပါသည်။ Hardcopy (လက်ရေးစာမူ) ဖြစ်ပါက scan ဖတ်ခြင်းဖြင့်လည်းကောင်း သံလွင်အိပ်မက်သို့ တိုက်ရိုက်မေးလ်ပို့ခြင်းဖြင့်လည်းကောင်း ပေးပို့နိုင်ပါသည်။
စာတိုက်က ပို့ပါက မည်သည့်လိပ်စာသို့ စာမူပေးပို့ရပါမလဲ။
ပေးပို့ရန်လိပ်စာမှာ - BLK 17 WOODLANDS DRIVE 72 #03-46 SINGAPORE (738097)
စာမူပို့လျှင် မည်ကဲ့သို့သော အချက်အလက်များ ပါဝင်ရန် လိုအပ်ပါမလဲ။
စာမူများ ပေးပို့လျှင် စာမူနှင့်အတူ ကလောင်နာမည်၊ အသက်၊ နေထိုင်သည့်နိုင်ငံ၊ အီးမေးလ်လိပ်စာနှင့် ကိုယ်တိုင်ရေး စာမူဖြစ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပုတ်ခတ်ရေးသားထားခြင်းမဟုတ်ကြောင်း၊ ဘာသာပြန်ဖြစ်ပါက မူရင်းစာရေးသူ အမည်နှင့် စာအမည် (မည်သူရေးမှန်း မသိပါက ရရှိသောနေရာ။ ဥပမာ Source: Internet or Email) အစရှိသည်တို့ ပါဝင်သော စာမူများကို လက်ခံသွားပါမည်။
သံလွင်အိပ်မက်ကို တစ်နှစ် ဘယ်နှစ်ကြိမ်ထုတ်ဝေပါသလဲ။
သံလွင်အိပ်မက်ကို တစ်နှစ်လေးကြိမ်နှုန်းဖြင့် ဇန်န၀ါရီ၊ ဧပြီ၊ ဂျူလိုင်နှင့် အောက်တိုဘာလများတွင် ထုတ်ဝေပေးလျက် ရှိပါသည်။
မြန်မာပြည်ရှိ စာစောင်၊ မဂ္ဂဇင်းများ၊ အင်တာနက်ရှိ အခြားသော မဂ္ဂဇင်းစာစောင်များတွင် ဖော်ပြပြီးသော စာမူများဖြစ်ပါက လက်ခံပါသလား။
ပေးပို့နိုင်ပါသည်။ အယ်ဒီတာအဖွဲ့မှ သံလွင်အိပ်မက်မူအရ ရွေးချယ်ခဲ့ပါက ထိုစာစောင် မဂ္ဂဇင်းများတွင် ဖော်ပြပြီး ဖြစ်ကြောင်း အသိပေးပါမည်။
ဘလော့တွင် တင်ပြီးသော စာမူများကို လက်ခံပါသလား။
သံလွင်အိပ်မက်မူအရ ဘလော့တွင် တင်ပြီးသော စာမူများကို လက်ခံခြင်း မရှိပါ။ အချို့သော စာမူများကိုမူ ခြွင်းချက်အနေဖြင့် လက်ခံသွားမည်။
သံလွင်အိပ်မက်အတွက် မည်သည့်အချိန် နောက်ဆုံးထားပြီး စာမူများ ပေးပို့နိုင်ပါမည်နည်း။
စာမူများကို Issue တစ်ခုစီ ထွက်မည့်လ မတိုင်မီ ၂ ပတ်အလိုအထိ နောက်ဆုံးထားပြီး ပေးပို့နိုင်ပါသည်။ ဥပမာ ဧပြီလအတွက် စာမူများကို မတ်လလယ် နောက်ဆုံးထားပြီး ပေးပို့ရပါမည်။
ပေးပို့ခဲ့သော စာမူများ အရွေးခံရခြင်း ရှိမရှိ မည်သည့်အချိန်တွင် သိရှိနိုင်ပါမည်နည်း။
Issue တစ်ခုစီအတွက် စာမူများကို မထွက်ခင် ၁ ပတ်အလို သို့ ထို့ထက်စောပြီး အကြောင်းကြားပေးပါမည်။
အခြားမေးမြန်းစရာများ ရှိပါက မည်သို့ဆက်သွယ်ရပါမည်လဲ။
သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့သို့ ဆက်သွယ်ရန် "thanlwinainmat@gmail.com" မှ တဆင့် ဆက်သွယ်နိုင်ပါသည်။
|