Home ဟာသ
22 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့371
mod_vvisit_counterမနေ့က1185
mod_vvisit_counterတစ်ပတ်အတွင်း2859
mod_vvisit_counterယခင်သတင်းပတ်က11779
mod_vvisit_counterတစ်လအတွင်3း5828
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2886235
Join us in Facebook
Facebook Fanbox 1.5.x.0
ဖတ်ဖူးကြားဖူးသမျှဟာသများ

Views : 9053    

Favoured : 114

Share

ဖတ်ဖူးကြားဖူးသမျှ ဟာသများ
မောင်ပွတ်


မျှော်လင့်ချက်

အမျိုးသမီးများသည် အမျိုးသားများ ပြောင်းလဲသွားကောင်းသည်ဟု မျှော်လင့်၍ အိမ်ထောင်ပြုခဲ့ကြသည်။ တကယ်တန်းတွင် မပြောင်းလဲခဲ့ကြပေ။

အမျိုးသားသည် အမျိုးသမီးများ မပြောင်းမလဲ ခိုင်မြဲသည်ဟု မျှော်လင့်၍ အိမ်ထောင်ပြုခဲ့ကြသည်။ သို့သော် မကြာမီပင် သူတို့ပြောင်းလဲသွားကြသည်။


ရှင်ကျတော့ရော

ဆင်တစ်ကောင်က ကုလားအုပ်မတစ်ကောင်ကို ပြက်ရယ်ပြုသည်။

မင်းရင်သားတွေက ဘယ်လိုလုပ် ကျောကုန်းပေါ် ရောက်နေရတာတုန်း။ တော်တော် အူကြောင်ကြောင်နိုင်တယ်နော်။

ကုလားအုပ်က အရှက်ရပြီး ဆင်ကိုပြန်မေးသည်။

ရှင်ကျတော့ရော။ မျက်နှာပေါ်မှာ ဘာကြီးတုန်း။


သူငယ်ချင်းကောင်း

တစ်ညတွင် မိန်းမက အိမ်ပြန်မအိပ်ဘဲ မနက်တွင်မှ ပြန်လာပြီး သူငယ်ချင်းတစ်ယောက် အိမ်တွင် အိပ်သည်ဟု ဆိုသည်။ ယောက်ျားဖြစ်သူက မယုံကြည်သဖြင့် မိန်းမ၏ အရင်းနှီးဆုံး သူငယ်ချင်း ၁၀ ယောက်ကို ဖုံးဆက်မေးသည်။ အားလုံးက သူမ မလာခဲ့ကြောင်းဆိုသည်။

တစ်ညတွင် ယောက်ျားပြန်မအိပ်ဘဲ နောက်တစ်နေ့မနက်တွင်မှ ပြန်လာပြီး တူညီသောဆင်ခြေကိုပေးသည်။ မိန်းမက မယုံသဖြင့် သူငယ်ချင်း ၁၀ ယောက်ကို ဖုံးဆက်မေးရာ ၈ ယောက်က သူ့တို့အိမ်တွင် လာအိပ်သွားကြောင်း အသီးသီးဖြေပြီး ၂ ယောက်က သူမ၏ ယောက်ျားမှာ အိပ်ခန်းထဲတွင်ပင် ရှိသေးကြောင်း ဖြေကြလေသည်။



ပိုကောင်းတဲ့လက်ဆောင်

ယောက်ျားက မိန်းမအတွက် ဇိမ်ခံကားတစ်စီးကို ခရစ္စမတ်လက်ဆောင်အဖြစ် ဝယ်ပေးသည်။ သို့သော်မိန်းမက စောဒကတက်သည်။

ဒီကား မလိုချင်ဘူး။ ၀-၁၄၀(ကီလိုမီတာ) အထိကို ၃စက္ကန့်အတွင်း အရှိန်မြှင့်နိုင်တာမှ လိုချင်တယ်။

ယောက်ျားဖြစ်သူ အပြင်ထွက်သွားပြီး ပေါင်ချိန်စက်တစ်လုံး ဝယ်ပြီးပြန်လာသည်။

လာစမ်း။ ဒီအပေါ်တက်ရပ်လိုက်။ ဒီလောက်မြန်တာ ဒါပဲရှိတယ်။


ဂလဲ့စား

ယောက်ျား - မင်းကိုငါရန်ရှာတိုင်း မင်းက ညည်းခံနှုတ်ဆိတ်နေတယ်နော်။ သိပ်တော်တဲ့ မိန်းမပဲ။ ဘယ်လိုများ ကျင့်ကြံထားလဲကွာ။

မိန်းမ - ကျွန်မ အိမ်သာကြွေအိုးကို ဖိတိုက်တယ်။

ယောက်ျား - ဘာဆိုင်လို့လဲကွ။

မိန်းမ - ရှင့်သွားပွတ်တံနဲ့ တိုက်တာလေ။


ဥာဏ်ကောင်းသူ

မိခင် - သားရေ မီးဖိုချောင်ထဲက ယင်ကောင်တွေကို ဘယ်လိုမောင်းထုတ်ရမလဲကွယ်။

သား - လွယ်ပါတယ် မေမေ။ ဧည့်ခန်းထဲမှာ ခွေးချီးပုံ တစ်ပုံထားပြီး မြူဆွယ်လိုက်မယ်။


ကိုယ့်တိုင်ပင်နဲ့ကိုယ်

တခါက ညစာစားရင် ကျွန်တော် လေလည်ချင်လာတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားရင်း သတိထားမိတာက သီချင်းတွေကို တော်တော်ကျယ်ကျုယ် ဖွင့်ထားတာပါပဲ။ ဒါနဲ့ သီချင်းသုံးလေးပုဒ်လောက် အတွင်း ကျွန်တော် တော်တော်လေး လေလည်လိုက်တယ်။ ကောင်းလိုက်တာ။ ဗိုက်ကိုပေါ့သွားတာပဲ။ အဲ... အနားက လူတွေ ကျွန်တော့်ကို ဝိုင်းကြည့်နေတော့မှ သတိထားပြုမိတာက ကျွန်တော်က iPod နဲ့ သီချင်းနားထောင်နေမိတာဗျ။


မောင်ပွတ်
 
အထက်ဖော်ပြပါ ဟာသများသည် ကျွန်တော်တို့၏ ကိုယ်ပိုင် အတွေးဖြင့် ရေးထားသည်များ မဟုတ်ဘဲ
ကျွန်တော်တို့ ဖတ်ဖူးကြားဖူးသမျှဟာသများထဲမှ  ကောင်းနိုးရာရာများကို စုစည်းဘာသာပြန်၍ ပြန်လည်ဝေမျှထားခြင်းသာ ဖြစ်ပါသည်။
User comments Quote this article in website Favoured Print Send to friend
ဖတ်ဖူးကြားဖူးသမျှဟာသများ
Saturday, 14 November 2009 14:21

Rating 3.2/5 (48 votes)