Views : 3586  |
Favoured : 98 |
သို့ . . . ကိုသံလွင်
မေး - ဗျို့ ဆရာသံ။ Tweet မယ်လေ။ Tweeter အကောင့်လေးပေးလေ။ (တောသားမြို့ရောက် ကိုဖိုးကောက်)
ဖြေ - Tweet လိုက်ကြစို့ သူငယ်ချင်း...မရှိဘူးဗျို့။ ဖွင့်ပြီးရင်ပေးမယ်နော်။
မေး - တို့သမ္မတကြီး မျက်နှာပြောင်ချက်ကတော့ လက်လန်တယ်။ ဆံပင်ကိုမရှိတာ။ (ကလေးဆိုး)
ဖြေ - အော်ဒီကလေးကတော့ ခက်ပြီ။ နောက်ပြောင်ခြင်း သည်းခံပါ။ ရှေ့ပြောင်လို့တော့ ရတယ်လေ။
မေး - မြန်မာဘောလုံးအသင်း နည်းပြပြောင်းသင့်တယ်ဗျ။ ကလပ်က နည်းပြတွေကမှ ကောင်းတာ။ ဘယ်လိုထင်လဲဗျ။ (အောင်မြင်သူ)
ဖြေ - ကလပ်နည်းပြဆိုတာ မောင်ရင်ညိုလား၊ သာဂူဆန်လား။ သင်္ကြန်တွင်းသိကြားမင်းဆင်းတုန်း နည်းပြခဏခန့်ကြည့်ပါလား။ အောင်မြင်သူပါ နာမည်ပြောင်းပြီး ခွက်ခွက်လန်ဖြစ်သွားမယ်။
မေး - နိုင်ငံတော် အလံသစ်မှ ကြယ်ဖြူကြီး၏ အဓိပ္ပာယ်ကို ရှင်းလင်းဖြေဆိုပါ။ (လေးမှတ်)
ဖြေ - ကြီးသောကြယ်ဖြစ်သောကြောင့် ကြီးကျယ်ပြီး ဖြူသောကြောင့် ဖြူကာပြာကာဆိုက်နိုင်သည်။
မေး - စလုံးသင်္ကြန်အတော်စည်ကားဆိုပဲ။ ကောင်းတယ်ဗျာ။ ယဉ်ကျေးမှု ထိမ်းသိမ်းနိုင်တာပေါ့။ (ပိတောက်မောင်)
ဖြေ - အင်း..အင်း...အင်း...ယဉ်ကျေးမှု ထိမ်းသိမ်းကြပုံလေးတွေ ခင်ဗျားကို ပြချင်တာ... မငိုကြေးနော်။
မေး - ဦးသံလွင်။ ဂျပန် နူကလီးယားသတင်းကြားသေးလား။ ကြောက်စရာကြီးနော်။ သမီးတို့နိုင်ငံမှာဆို ဘယ်လိုလုပ်မလဲနော်။ (သော်လေး)
ဖြေ - သမီးတို့နိုင်ငံမှာဆိုရင် လှိုဏ်ဂူထဲ သွားပုန်းနေမှာပေါ့။ ဒါနဲ့ သမီးက ဘယ်နိုင်ငံကလဲဟင်။
မေး - ကိုသံလွင်ဆိုတဲ့နာမည်ကြီးက သိပ်ရိုးတာပဲ။ နာမည်အသစ်ရှာပေးရမလား။ (ကျော့ယမင်းသွန်းစန္ဒာမေဦးဇင်မောင်ချိုဆွေသောင်းသိန်းသန်း)
ဖြေ - ကိုသံလွင်ဆို ပရိသတ်တွေ ခေါ်တာပါ။ နာမည်အရင်းက လီယိုနာဒိုဗန်ဒိန်းကျော်ဟိန်းဒီလုံးအာနိုးဂျိန်းစဘွန်းရော်နယ်ဒိုအိုဘားမားဘီလ်ဂိတ်ဘွန်ဂျိုဗီလွင်တဲ့။
မေး - လွှတ်တော်ခေါ်နေပြီ။ (နေပြည်တော်သား)
ဖြေ - သဘောကတော့ လွှတ်ပေးဖို့ တော်ပြီဆိုပါတော့။
ကိုသံလွင်ထံသို့ စာများ ပေးပို့လိုပါလျှင် editor@thanlwin.com သို့ “အမေးအဖြေကဏ္ဍ” ဟု ခေါင်းစဉ်တပ်ပြီး ရေးသားပေးပို့နိုင်ပါသည်။
This e-mail address is being protected from spambots, you need JavaScript enabled to view it
|
|