Home အင်တာဗျူး
22 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့555
mod_vvisit_counterမနေ့က1185
mod_vvisit_counterတစ်ပတ်အတွင်3း043
mod_vvisit_counterယခင်သတင်းပတ်က11779
mod_vvisit_counterတစ်လအတွင်3း6012
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2886419
Join us in Facebook
Facebook Fanbox 1.5.x.0
အင်တာဗျူး

Views : 5584    

Favoured : 94

Share

မေရီရော်ဘင်ဆင်နှင့် အင်တာဗျူး


www.thanlwin.comကမ္ဘာတ၀ှမ်းမှာ အဂတိလိုက်စားမှုတွေကြောင့် ဒေါ်လာ ထရီလီယံနဲ့ချီ ဆုံးရှုံးနေရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တိုးတက်သင့်သလောက် မတိုးတက်အောင်၊ ဆင်းရဲနွမ်းပါးသူတွေကို ဆင်းရဲတွင်း နက်သထက် နက်အောင် လုပ်နေတဲ့ အဓိက လက်သည်ကတော့ အကျင့်ပျက်ခြစားမှုပဲ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းက အကျင့်ပျက်ခြစားမှုတွေ အတွက် Global Corruption Report များကို နှစ်စဉ်ထုတ်ပြန်ပေးနေတဲ့ Transparency International ကနေ ၂၀၀၉ ခုနှစ် ဧပြီလက ထုတ်ဝေခဲ့တဲ့ Transparency Watch Newsletter မှာ အိုင်ယာလန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ (၁၉၉၀-၁၉၉၇) နဲ့ ယခင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တာဝန် (၁၉၉၇-၂၀၀၂) ကို ထမ်းဆောင်ခဲ့ဖူးသူ Mary Robinson နဲ့ အင်တာဗျူး ပြုလုပ်ထားပါတယ်။ အဲဒီ အင်တာဗျူးကို သံလွင်အိပ်မက် ပရိသတ်များ အတွက် ထုတ်နုတ် ဘာသာပြန်ဆို ဖော်ပြပေးလိုက်ပါတယ်။ မူရင်းကို ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

(သံလွင်အိပ်မက် ၀ိုင်းတော်သားများ)







Transparency Watch (TW)
- ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့တာ ၂၀၀၈ ခုနှစ်ဆိုရင် နှစ်ပေါင်း ၆၀ ရှိခဲ့ပါပြီ။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်အနေနဲ့ အကျင့်ပျက်ခြစားမှုဟာ အဲဒီ ရည်မှန်းချက်အတွက် အဟန့်အတား ပြဿနာ တစ်ခုလို့ ထင်မြင်ပါသလား။

Mary Robinson (MR) - အတော်လေး ထင်ပါတယ်။ အဲဒီ နှစ် ၆၀ ပြည့်ခဲ့တဲ့နှစ် အတောအတွင်းက  အကျင့်ပျက်ခြစားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြည်သူတွေ  အတွက် အတော်များများ ကူညီ တိုက်ဖျက်ပေးနေတဲ့ Transparency International (TI) အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စိတ်ပါလက်ပါ ရှိခဲ့ပါတယ်။ တကယ်လဲ အကျင့်ပျက်ခြစားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဆက်နွယ်နေပါတယ်။

The Elders အဖွဲ့ (စကားချပ်။ အဆိုပါအဖွဲ့ကို တောင်အာဖရိကမှ နယ်လဆင်မင်ဒဲလား အမှူးပြု၍ ဒတ်စမွန်တူးတူး၊ ကိုဖီအာနန်၊ ဒေါ်အောင်ဆန်းစုကြည်စသည့် နိုင်ငံကျော်ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များ ပါဝင်သည်။ [သံလွင်အိပ်မက်]) အတွက် “လူသားတိုင်း လူ့အခွင့်အရေးရှိသည်” ဆိုတဲ့ ကမ်ပိန်းကို ကျွန်မတို့ စလုပ်ကြတော့ TI က အမှုဆောင်အရာရှိချုပ် ကိုယ်တိုင် Cape Town မြို့ ကို လာခဲ့ပါတယ်။ နောက်ပြီး TI က ဥက္ကဌဖြစ်တဲ့ Huguette Labelle နဲ့ ကျွန်မတို့ဟာလည်း ကုလသမဂ္ဂရဲ့ UN Global Compact မှာ ဘုတ်အဖွဲ့ဝင်တွေ ဖြစ်ကြတာကြောင့် လူ့အခွင့်အရေးဆိုင်ရာနဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ ကိစ္စရပ်တွေရဲ့ ဆက်စပ်ပတ်သက်မှုတွေကို ပိုမို လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အကျင့်ပျက်ခြစားမှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာနိုင်တယ်လေ။

TW - The Elders ရဲ့ ဦးတည်ချက်က “ကြောက်ရွံ့နေရတဲ့ အခါ သတ္တိရှိအောင် အားပေးပါ။ ပဋိပက္ခတွေ ဖြစ်တဲ့အခါ ပြေလည်မှု ရအောင် လုပ်ဆောင်ပါ။ စိတ်ပျက်အားလျော့မှု ကြုံတဲ့အခါ  မျှော်လင့်ချက်ကို ယူဆောင်ပေးပါ” လို့ ဆိုထားပါတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ အကျင့်ပျက်ခြစားမှု ဆိုတဲ့ အဟန့်အတားကို တိုက်ဖျက်ဖို့ ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။

MR - ဒါက ကျွန်မတို့တတွေရဲ့ ပထမဦးဆုံး အစည်းအဝေးမှာကတည်းက နယ်လဆင်မင်ဒဲလားက ပြောထားခဲ့ပြီးသားပါ။ ကျွန်မတို့ဟာ ပွင့်လင်းရိုးသားမှု ရှိဖို့၊ လူ့အဖွဲ့အစည်းရဲ့ ထောင့်စွန်းမှာ တကွဲတပြား အသံတိတ်နေရလို့ ရပ်တည်မှုပျောက်နေပြီလို့ ထင်နေကြသူတွေ၊ အကျင့်ပျက်ခြစားမှုရဲ့ သားကောင်တွေဆီကို ရောက်အောင် သွားပြီး သူတို့ ရင်ထဲက စကားတွေကို နားထောင်ဖို့ သူက ပြောခဲ့ပါတယ်။ www.thanlwin.comကျန်းမာရေးကဏ္ဍမှာပဲ ဖြစ်ဖြစ်၊ ရဲအဖွဲ့မှာ ဖြစ်ဖြစ်၊ အစိုးရ အဖွဲ့အစည်း အတွင်းမှာ ဖြစ်ဖြစ် အကျင့်ပျက်ခြစားမှုတွေကြောင့် နိုင်ငံက သဘာဝအရင်းအမြစ်တွေ ချမ်းသာပေမယ့် ပြည်သူ အများစုဟာ အဲဒီ နိုင်ငံပိုင် သဘာဝအရင်းအမြစ်တွေရဲ့ အကျိုးရလဒ်ကို ခံစားခွင့် မရကြသူတွေပေါ့။ ဒါကြောင့် ကျွန်မတို့ တတွေဟာ အကျင့်ပျက်ခြစားမှုကို ကန့်ကွက်ပြောဆိုဖို့ အတော့်ကို စိတ်အားထက်သန်ကြပါတယ်။ The Elders အနေနဲ့လည်း အခုလို ကိစ္စရပ်တွေမှာ ထိရောက်ကောင်းမွန်စွာ တုံ့ပြန်သွားဖို့ ရည်ရွယ်ထားပါတယ်။

TW - ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေအတွက် ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေကို ပြည့်မီအောင် အကောင်အထည်ဖော်နိုင်ဖို့ အကြံပေးတတ်သူလို့ ခင်ဗျားကို သိထားကြပါတယ်။ ခုလို ကမ္ဘာလုံးဆိုင်ရာ ငွေကြေး အကြပ်အတည်း ဖြစ်ပွားမှုရဲ့ ဂယက်ဟာ အဲဒါတွေ အပေါ် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်မလဲ။

MR - အိုင်ယာလန်ကို ကြည့်ရင်တောင် ကျွန်မက အရမ်းစိုးရိမ်နေမိပါသေးတယ်။ ဘတ်ဂျတ် ပြဿနာတွေကြောင့် အကူအညီပေးရေး ဘတ်ဂျတ်ရန်ပုံငွေတွေ ဖြတ်တောက်ခံခဲ့ရပါတယ်။ အခြား နိုင်ငံတွေမှာလဲ ဒီလိုပဲလို့ ထင်ပါတယ်။ စားနပ်ရိက္ခာရှားပါးမှု ကြုံခဲ့ရစဉ်နဲ့ လောင်စာဆီ ရှားပါးမှု ကြုံခဲ့ရစဉ်တုန်းက လိုပေါ့။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေရဲ့ လူဦးရေ တိုးပွားမှုကြောင့် ကမ္ဘာကြီးရဲ့ လူဦးရေဟာ ၆.၇ ဘီလျံကနေ ၉ ဘီလျံအထိ အချိန်ကာလတိုအတွင်း ရောက်သွားနိုင်တယ်ဆိုတာကို ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်နိုင်ငံတွေဟာ မေ့လျော့နေခဲ့ကြတယ်။ တခြား ကိစ္စရပ်တွေ အပြင် အဲဒီလူဦးရေ တိုးပွားမှု ပြဿနာကို သူတို့ ရှင်းရလိမ့်ဦးမယ်။ နောက်ပြီး အကျင့်ပျက်ခြစားမှုကို ထိထိရောက်ရောက် အရေးမယူဘဲ ရှိနေဦးမယ်ဆိုရင် နိုင်ငံက ချမ်းသာသမျှ တက်တက်စင်အောင် ပြောင်သွားမှာပဲ။ အမှုထမ်း ယူနီဖောင်းဝတ်ထားသူတွေ ကိုယ်တိုင် သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို ဖောက်ဖျက်ပြီ ဆိုရင် ဒါဟာ လူငယ်တွေကို အတော်အံ့အားသင့်သွားစေမယ်။ နောင်မှာတော့ ဒီလိုပဲ လုပ်ကြရမှာလို့ လူငယ်တွေက ထင်မြင်ယုံကြည်သွားပြီး ဒါလို လုပ်ရပ်တွေကို အသားတကျ ဖြစ်သွားစေပါလိမ့်မယ်။ ဒါဟာ လက်မခံနိုင်စရာ ကိစ္စပါ။ နောက်ပြီး တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေကို မျက်ကွယ်ပြုပြီး စနစ် ၂ မျိုး ကျင့်သုံးနေတဲ့ နိုင်ငံတွေ ရှိနေပါသေးတယ်။  အစိုးရအဖွဲ့ကို စံနှုန်းတစ်မျိုးထဲ ကျင့်သုံးပြီး ဥပဒေကို လက်တလုံးခြား မလုပ်ဖို့၊ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့၊ လူ ပီသစွာ လူနေထိုင်ခွင့် ရဖို့၊ သဘာဝ ၀န်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ခုလို စီးပွားရေးအကြပ်အတည်း တွေ့ကြုံရင်ဆိုင်နေရစဉ်မှာတောင် မပျက်မယွင်းဘဲ ဆောင်ရွက်ကြဖို့ စသဖြင့် တိုက်တွန်းနိုင်မယ့် လူ့အဖွဲ့အစည်းတွေ အဲဒီနိုင်ငံတွေမှာ မှီတင်းနေထိုင်သူတွေအကြား ပေါ်ပေါက်လာဖို့ တကယ့်ကို လိုအပ်ပါတယ်။

TW - ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ တကယ်တော့ ဦးတည်ချက် ရေရေရာရာ မရှိဘဲ ပြိုလဲမသွားအောင်သာ ဆောင်ရွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးတွေလိုပါပဲလို့ ပြောကြတာတွေ ရှိပါတယ်။ အဲဒီလို ပြောဆိုတာဟာ ဘယ်အထိ မှန်ပါသလဲ။

www.thanlwin.comMR - ဂလိုဘယ်လိုက်ဇေးရှင်းကို ကျွန်မကတော့ အဆိုးမြင်ပြီး သုံးသပ်ဖို့ စောပါသေးတယ်။ အိုင်ဒီယာ ဂလိုဘယ်လိုက်ဇေးရှင်းတွေ ကမ္ဘာအနှံ့က လူတွေကို ဂလိုဘယ်လိုက်ဇေးရှင်းကနေ တဆင့် ဆက်သွယ်နိုင်ဖို့ဆိုတာက ကျွန်မတို့ လုပ်နေတာတွေပဲ မဟုတ်လား။ လူတွေ အင်တာနက် သုံးလာကြမယ်။ ကော်ပိုရေးရှင်းတွေ၊ အစိုးရအဖွဲ့အစည်းနဲ့ အခြားသူတွေရဲ့ အနိုင်ကျင့်မှုတွေကို စုံစမ်းဖော်ထုတ်နိုင်မယ်ဆိုရင် ကောင်းတာပေါ့။ လတ်တလောမှာတော့ ဂလိုဘယ်လိုက်ဇေးရှင်းလို့ ပြောမယ်ဆိုရင် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း အကြောင်းပဲ ပြောနေကြပြီး ဒါတွေက ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံကြီးတွေကိုပဲ အသားပေးပြောနေကြတာပါ။ ပါဝါ မညီမျှမှုတွေကတော့ ဆက်ပြီး ဖြစ်နေဆဲ ဆင်းရဲတဲ့ နိုင်ငံတွေဟာလည်း ပိုပြီး အချိတ်အဆက်မိလာတဲ့ ကမ္ဘာမြေကြီးဆီကနေ အကျိုးရလဒ်တွေ မရဘဲ ရှိနေဆဲပါ။ ဒါပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အတူ အခွင့်အလမ်းတွေ ပေါ်လာတာတော့ အမှန်ပါပဲ။ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကမ္ဘာတ၀ှမ်းက ၁၁၆.၉ သန်းဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တညီတညွတ်တည်း မတ်တပ်ရပ်ပြီး ဆန္ဒပြုခဲ့ကြတယ်။ (စကားချပ်။ http://standagainstpoverty.org တွင် အဆိုပါ ဆန္ဒပြုပွဲ အကြောင်းကို ဖတ်ရှုနိုင်ပါတယ် [သံလွင်အိပ်မက်]) ဒါဟာ ပြန့်ကြဲနေတဲ့ စွမ်းအားတွေရဲ့ စုစည်းမှု အင်အားပဲလေ။

TW - ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ မကောင်းတဲ့ အချက်တစ်ခုက လူကုန်ကူးမှုတွေ တိုးပွားလာခြင်းပဲ။ ဒီလို လူကုန်ကူးဖို့ရာမှာ ခရီးတထောက်နားဖို့ အသုံးချခံနေရတဲ့ တိုင်းပြည်တွေ အနေနဲ့ ဘယ်လို တာဝန်ယူမှုမျိုး ရှိတယ်လို့ ထင်ပါသလဲ။

MR - လူကုန်ကူးခြင်းဆိုတာ စိတ်မချမ်းမြေ့ဖွယ်ရာ အကောင်းဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက တစ်ခုပါ။ ကျွန်မ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တာဝန်ကို မထမ်းဆောင်ခင် အချိန်အထိ လူကုန်ကူးခြင်းရဲ့ ဆိုးရွားပုံကို သတိမပြုခဲ့မိဘူး။ ကမ္ဘောဒီးယားနဲ့ အာဖရိကနိုင်ငံတချို့က လူကုန်ကူးခံခဲ့ရသူတချို့နဲ့ စကားပြောခဲ့ရတာတွေကို ခုထိ မမေ့သေးပါဘူး။ ဖနွမ်းပင်မှာ ကျွန်မနဲ့ စကားပြောခွင့် ရခဲ့တဲ့ အမျိုးသမီးငယ်လေးဟာ ဇိမ်ခန်းတစ်ခုကို ရောက်သွားခဲ့ပြီး လပေါင်းများစွာ ကြာမှ ပြန်ကယ်နိုင်ခဲ့ကြတယ်။ သူ့ကို ၉ လ အကြာမှာ တွေ့တာတောင် သူ့ရဲ့ မျက်လုံးတွေထဲမှာ အပြစ်ရှိသလို ခံစားနေရတဲ့ အရိပ်အငွေ့တွေကို ကျွန်မတွေ့ခဲ့ရတယ်။ ဒါနဲ့ သူ့ကို ကျွန်မ ပြောခဲ့ပါတယ်.. “ကိုယ့်ဘာသာ အပြစ်တင်မနေပါနဲ့။ တကယ်တော့ မင်းဟာ သိပ်တော်တဲ့ မိန်းမငယ်လေးပါ။ ငါလေးစားရတဲ့ အမျိုးသမီးလေးပါကွယ်” လို့။ ဒီလို ဖြစ်ရတာဟာ လူကုန်ကူးမှုကြောင့်ပါပဲ။

ဒီလို ဆိုးရွားလှတဲ့ အနိုင်ကျင့်မှုဟာ လူကုန်ကူးတဲ့ နိုင်ငံတွေ၊ လူကုန်ကူးတဲ့ သူတွေ တထောက်နားရာ နိုင်ငံတွေနဲ့ လူကုန်ကူးလိုက်သူတွေကို လက်ခံထားတဲ့ နိုင်ငံတွေမှာ တာဝန်ရှိပါတယ်။ အဲဒီ တာဝန်ကို နည်းနည်းပဲ ယူတဲ့ နိုင်ငံအများစုဟာ သူတို့ရဲ့ လုပ်ရပ်တွေ အတွက် အပြောအဆို လွတ်နေတုန်းပါ။ ဒါတွေကို မှတ်တမ်းတင်ဖို့ လိုပါမယ်။ စီးပွားရေးကျပြီ ဆိုတာနဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို လူကုန်ကူးတာတွေ များလာတော့တာပဲ။ ဒါကြောင့် ခုလို အချိန်အခါမှာ လူကုန်ကူးမှုတွေ တိုးလာမှာကို ကျွန်မ အနေနဲ့ စိုးရိမ်ပါတယ်။ Transparency International အဖွဲ့ရယ်၊ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရယ်နဲ့ ပိုပြီး မျှတတဲ့ ကမ္ဘာကြီးကို လိုလားသူတွေ အားလုံးဟာ ဒီလူကုန်ကူးမှု ကိစ္စအပေါ် အသေအချာ အာရုံစိုက်ဆောင်ရွက်ကြဖို့ ကျွန်မ လိုလားပါတယ်။


User comments Quote this article in website Favoured Print Send to friend
အင်တာဗျူး
Sunday, 15 November 2009 01:57

Rating 1.8/5 (17 votes)