Views : 3179  |
Favoured : 75 |
သို့ . . . ကိုသံလွင်
မေး - ဂျက်လီတို့၊ ဂေါင်လီတို့တော့ စင်္ကာပူနိုင်ငံသားခံကုန်ကြပြီ။ ကိုသံလွင်ရောဗျ။ (မျိုးဝင်းစိုး)
ဖြေ - နိုင်ငံသားတော့ မပြောင်းသေးဘူးဗျ။ ဒါပေမယ့် နာမည်ကိုတော့ ဂေါ်လီလို့ ပြောင်းလိုက်ပြီ။
မေး - အာဇာနည်နေ့ရောက်ပြီ ကိုသံလွင်ရေ။ ဘာလုပ်ကြမလဲ။ (ရွှေမောင်း)
ဖြေ - ဆက်တိုက် ထွက်လာတော့မယ့် ကြေငြာချက်တွေကိုသာ စောင့်သာ ဖတ်တော့။
မေး - ဟေ့လူ လှိုဏ်ခေါင်းတွေ သတင်းကြားပြီးပြီလား။ (ဗညားလေး)
ဖြေ - လှိုဏ်ခေါင်းတွေ သတင်းတင် မဟုတ်ဘူး။ ပြည်ကြီးနဲ့ မြောက်ကိုရီးယားသွားတောလားကို ဓာတ်ပုံတွေနဲ့ပါ ဖတ်ပြီးပြီ။ ဘယ်နောက်ကျလိမ့်မလဲ။
မေး - အစ်ကိုရေ။ အားကစားလေး ဘာလေး မလုပ်ဘူးလား။ (မိငယ်နှင့် ဇွန်)
ဖြေ - လုပ်ပါ့ဗျာ။ အခုလောလောဆယ် ရေကူးသင်နေတယ်လေ။ ယက်တောကို အားကျလို့။
မေး - နေရှင်နယ်လိဂ်ကြီးပြီးသွားတော့ မြန်မာ့ဘောလုံးလောကကြီး တိုးတက်သွားပြီပေါ့ ကိုကြီးသံ။ (သုဝဏ္ဏသား)
ဖြေ - ဘောလုံးလောကတော့ မသိဘူး။ ကွင်းဝင်ကြေးနဲ့ ဆုကြေးတွေကတော့ တိုးတက်လာတယ်ဗျို့။
မေး - ကြက်ဖလူး၊ ၀က်ဖလူး စုံနေတာပဲနော်။ ပြီးရင် ဘာဖလူးများ ပေါ်လာဦးမလဲမသိ။ (သိမ့်စု)
ဖြေ - သံလွင်ကဝိကတော့ ဆိတ်ဖလူးဖြစ်နိုင်တယ် ပြောတာပဲ။ မြန်မာပြည်က ဆိတ်ဖလူးပင်တွေကို မြန်မြန် ကြိုတင် နှိမ်နင်းထားမှ။
မေး - ကြံကြံဖန်ဖန်ဗျာ။ ဆင်းရဲမွဲတွေမှုခေါင်းစဉ်ကို ဘာစိတ်ကူးနဲ့ ပေးဖြစ်တာလဲ။ (၆၅၆ လက်္ဘရည်ဆိုင်အုပ်စု)
ဖြေ - ကိုယ်ချင်းစာလို့ပေါ့ဗျာ။ အခုတလော ကိုသံလွင်လည်း မွဲတေနေတယ်လေ။
မေး - သံလွင် website မှာ ကြော်ငြာ လက်မခံသေးဘူးလား။ ကြော်ငြာတစ်ခု ထည့်ချင်လို့ပါ။ (ချိုသဲမောင်)
ဖြေ - လောလောဆယ်တော့ နာရေးကြော်ငြာ စလက်ခံမလားလို့။ ထည့်ချင်လို့လား။
မေး - အယ်ဒီတာတွေကို မြင်ဖူးချင်လို့ ဓါတ်ပုံပို့ပေးပါ။ ဟဲဟဲ ... (ရဲအုပ်ဘသာ)
ဖြေ - ဆရာရေ - ဓာတ်ပုံက ပို့ပေးဖို့ အဆင်မပြေသေးလို့ ခပ်ဆင်ဆင်တူတဲ့ ပုံတူကာတွန်းတွေကိုပဲ အထူးကဏ္ဍအက်ဆေးမှာ သွားကြည့်ပေးပါနော်။ လိမ္မာတယ်နော်။
မေး - အချစ်ဦးနဲ့ အချစ်ဆုံးဘာကွာလဲ။ (ချမ်းမြေ့ကိုကို)
ဖြေ - အို..... ကိုသံလွင်မှာ အချစ်ဦးရော အချစ်ဆုံးရော မရှိသေးလို့ မသိပါဘူးကွယ်။
မေး - Real Madrid က ဘောလုံးသမားကောင်းတွေ ၀ယ်လှချည့်လား။ (ဖိုးပါစီ (မယက))
ဖြေ - ဟုတ်တယ်လေ။ မြန်မာနေရှင်နယ်လိဂ်က အသင်းတွေနဲ့ အပြိုင်ပေါ့။
မေး - ငါးနှစ်ပြည့်ပြီဆိုတော့ ဘာအစီအစဉ်ရှိလဲ။ (မန်းသူ)
ဖြေ - အခု သူငယ်တန်းတက်ဖို့ စီစဉ်နေပြီလေ။
မေး - ကဲ တိုက်မှာလား ခိုက်မှာလား။ (ကြံတိုင်းအောင်)
ဖြေ - ကိုက်မလို့ (လက်သည်း)။
မေး - ကိုသံလွင်ရော Facebook Account မရှိဘူးလား။ (Cuttie Girl @ YGN)
ဖြေ - ဘယ်နေလိမ့်မလဲ။ ရှိပါ့ . . .။ (ဘယ်သူမှတော့ လျှောက်မပေးနဲ့နော်)
မေး - နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတော့မယ်ကြားတယ်။ တကယ်လားဟင်။ (မို့မို့ထွန်း)
ဖြေ - ဟင် . . . သူတို့ပြောတော့ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆို။
ကိုသံလွင်ထံသို့ စာများ ပေးပို့လိုပါလျှင် editor@thanlwin.com သို့ “အမေးအဖြေကဏ္ဍ” ဟု ခေါင်းစဉ်တပ်ပြီး ရေးသားပေးပို့နိုင်ပါသည်။ This e-mail address is being protected from spambots, you need JavaScript enabled to view it
|