Home ဗေဒင်
20 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့888
mod_vvisit_counterမနေ့က1451
mod_vvisit_counterတစ်ပတ်အတွင်း2339
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း3857
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2884264
Join us in Facebook
Facebook Fanbox 1.5.x.0
ဗေဒင် (သံလွင်ကဝိ)

Views : 8576    

Favoured : 85

Share

Sundayတနင်္ဂနွေသားသမီးများ တရက်တခြား စီးပွားတိုးလာနေသလို မီးပွားများလည်း တိုးလာတတ်သဖြင့် သတိထားပါ။ အဆိုးနှင့် အညံ့တွဲလာနေတတ်သဖြင့် အစုတ်များသာ ဖြစ်နေတတ်သည်။ ဆေးလိပ်သောက်ခြင်းဖြင့် အရည်မရ အဖတ်မရဖြစ်တတ်သဖြင့် ကွမ်းစားခြင်း၊ အရက်သောက်ခြင်းများကို ဦးစားပေးပါ။ ပညာရေးလိုက်စားသူများ လာဘ်စားသူများနှင့် တွေ့ရတတ်သည်။ အချစ်ရေးတွင် အသစ်လေးတွေ ရှိနိုင်သော်လည်း အဟောင်းများက ကောင်းနေဆဲဖြစ်သဖြင့် တွေဝေနေမည်။ ယတြာချေလိုသူများ - မီးသတ်ဌာနရှေ့သွားပြီး “မီးလောင်နေပြီ” ဟု တစ်နေ့ သုံးကြိမ်ဖြင့် ငါးရက်ခန့် သွားအော်ပါ။


Monday“ဘုရားတကာ တနင်္လာ” ဟု ခေါ်ရလောက်အောင် ဘုရားတကာတို့တွင် တောင်းစားနေသူများမှာ တနင်္လာသားသမီးများ အများစု ဖြစ်နေတတ်သည်။ ကိုယ်ပိုင်စီးပွားရေး စချင်သူများ မြွေမွေးခြင်း၊ မြက်နှုတ်ခြင်း၊ မီတာဖတ်ခြင်းများ အဆင်ပြေအံ့။ ကျန်းမာရေးတွင် ကားဟွန်းတီးသံကြားလျင်ပင် လန့်သေတတ်သဖြင့် အထူးဂရုစိုက်ပါ။ ပညာရေးအတွက် ပေါချောင်ကောင်းရှာရင်း ပေါကြောင်ကြောင်ဖြင့် ဦးနှောက်ခြောင်သွားကာ အရူးထောင်ပို့ရန်သာ ကောင်းတော့သည့်အဆင့်ရောက်သွားနိုင်သည်။ အယုံလွယ်တတ်သဖြင့် အခြောက်ကို မိန်းမထင်၍ ပေါင်းသင်းရတတ်သည်။ ယတြာချေလိုပါက - အရှိန်ပြင်းပြင်းမောင်းလာသည့် ကားတစ်စီးရှေ့သို့ ပြေးဝင်ပြီး “ကျားရှေ့ မှောက်လျက်လဲတာထက်တော့ ကောင်းတယ်” ဟု ၃ ခါအော်ပါ။


Tuesdayဆရာဝန်၊ စစ်သား၊ ဈေးသည် အစရှိသည့် အင်္ဂါနံနာမည်ခံ ပုဂ္ဂိုလ်များ ခြေထောက်အတု၊ လက်အတု အစရှိသည့် ကိုယ်အင်္ဂါအပိုများ မမျှော်လင့်ဘဲ လက်ဆောင်ရသဖြင့် ဝမ်းသာရတတ်သည်။ ဗော့ဒ်ကာနှင့် အရက်ပြန်မှားသောက်မိခြင်း၊ ပီကေနှင့် ကွန်ဒုံးမှားဝါးမိခြင်း၊ အိပ်ယာနှင့် အိမ်သာမှား၍ အပေါ့အလေးစွန့်မိခြင်းများ မကြာခဏ ကြုံရတတ်သဖြင့် သတိကပ်ပါ။ စာမေးပွဲအကြိမ်ကြိမ်ကျနေသူများ ထပ်မကျမည့်နည်းလမ်းမှာ ထပ်မဖြေရန်ဖြစ်သည်။ ချစ်သူရှိပြီးသူများ နောက်တစ်ယောက် ထပ်ရပါက သင့်ချစ်သူကလည်း သင့်လိုပင် နောက်တစ်ယောက်ရနေပြီကို သတိပြုပါ။ ယတြာမှာ - သွားလေရာ ငရုတ်ကျည်ပွေ့တစ်ခုဆောင်သွားပါ။


Wednesdayကြံရည်ဖန်ရည်ကောင်းသော ဗုဒ္ဓဟူးသားသမီးများ ကြံရည်ရောင်းခြင်း၊ ငံပြာရည်ရောင်းခြင်းများ ဖြစ်ထွန်းအံ့။ ဖိနပ်ပြတ်နှစ်ဘက်ကို လည်တွင်ဆွဲထားသော သူတော်ကောင်းကို ကိုးကွယ်ပါက အကြီးအကျယ်အောင်မြင်အံ့။ နံတူရောဂါဖြစ်သော “ဝက်တုပ်ကွေး” သည် သင့်အား မသေစေနိုင်သော်လည်း ရူးသွားခြင်း၊ လိမ်ဖယ်လိမ်ဖယ်ဖြစ်ခြင်း၊ ဝဲပေါက်လာခြင်းတို့တော့ ဖြစ်လာစေနိုင်သည်။ သင်္ချာတော်သော၊ စဉ်းစားဥာဏ်ကောင်းသော ကျောင်းသားများ ချဲတွက်ခြင်း၊ ဘောပွဲလောင်းခြင်းများ လုပ်ရန်သင့်သော ကာလဖြစ်သည်။ ချစ်တတ်သည့် ချစ်သူလေးများကြောင့် သင်လည်း ငွေကုန်၊ အိပ်ရေးပျက်ဖြစ်အံ့။ အကောင်းဆုံး ယတြာမှာ - ညအိပ်တိုင်း ကြက်ဥနှစ်လုံးကို ချိုင်းကြားညှပ်အိပ်၍ တစ်လခန့်အိပ်ပေးပါ။


Thursdayမိဘလက်ငုတ်လက်ရင်း အလုပ်ကလေးများ မိမိကြောင့် ပြုတ်သွားနိုင်သဖြင့် သတိပြုပါ။ ကိုယ်ပိုင်အလုပ်များဖြစ်သည့် အရုပ်ပစ်ခြင်း၊ ဂေါ်လီရိုက်ခြင်း၊ ဇယ်တောက်ခြင်းများ အထူးပင် အောင်မြင်အံ့။ နိုင်ငံခြားသွားလိုသူများ လေယာဉ်မစီးဘဲ ရေလမ်းဖြင့်သွားရန် အကြံပေးလိုသည်။ ကျန်းမာရေးတွင် မျက်စိကွယ်ခြင်း၊ လေဖြတ်ခြင်း အစရှိသည့် ကုသရနိုင်သည့် ဝေဒနာငယ်လေးများသာ ဖြစ်တတ်သဖြင့် စိုးရိမ်ရန်မရှိပေ။ ကံကြမ္မာက မျက်နှာသာပေးမှုကြောင့် မျက်ကြောသေနေသော၊ မျက်ရစ်မပါသော၊ မျောက်နှင့်တူသော ချစ်သူနှင့် အကြောင်းပါအံ့။ ကံတက်စေမည့် ယတြာမှာ - နေအိမ်ရှေ့မြောင်းထဲတွင် ရေကူးရင်း “ဘုရားသခင်လွှတ်လိုက်တဲ့လူပါ” ဟု သက်စေ့အော်ပါ။


Fridayသိသလိုလို၊ တတ်သလိုလို လုပ်လာခဲ့သမျှ သံဝေဂရစရာ နီးလာပြီဖြစ်သည်။ မကြာခဏ ရောက်ဖြစ်သော နေရာတွင် အခြေချရတတ်သည်။ ဥပမာ - အသုဘလိုက်ပို့ရင်း သုဘရာဇာဖြစ်သွားခြင်း၊ ထောင်ဝင်စာတွေ့ရင်း ထောင်ကျသွားခြင်း၊ လူနာသတင်းမေးရင်း ရေခဲတိုက်ရောက်သွားခြင်းမျိုး ကြုံရလျှင် မအံ့သြပါနှင့်။ ကျန်းမာရေးအနည်းငယ် ညံ့နေသဖြင့် ချက်ပြုတ်စားသောက်ခြင်းမလုပ်ဘဲ အသားငါးများကို လတ်လတ်ဆတ်ဆတ် အစိမ်းစားပါ။ မုဆိုးဖို၊ တခုလပ်၊ ၂ လင်ကွာ၊ အိမ်ထောင်ပျက်များသည် သင့်ကို အကျိုးပြုမည့် အိမ်ထောင်ဘက်များပင်ဖြစ်သည်။ ယတြာမှာ - သင့်နေအိမ်မှ အနီးဆုံးကားမှတ်တိုင်အထိ လေးဘက်ထောက်ပြီး အသွားအပြန်လုပ်ပါ။

Sunday
 
သူများမြှောက်ပေးသမျှ အဟုတ်ထင်နေတတ်သည့် စနေသားသမီးများ ခရီးထွက်စရာရှိသည်။ သို့သော်ပြန်လာကိန်းမမြင်သဖြင့် စိတ်ဖြောင့်ဖြောင့်သွားပါ။ ဘယ်ဘက်က တစ်ဆုပ်ကြဲလို့ ညာဘက်ကလည်း ဘာမှပြန်ဝင်လာမည်မဟုတ်သဖြင့် မကြဲပါနှင့်ဦး။ အရွယ်ရောက်နေသော သမီးရှိပါက အိမ်ထောင်အမြန်ပြုပေးပါ။ မဟုတ်ပါက သံလွင်ကဝိနှင့် ခိုးရာလိုက်ကိန်းမြင်သည်။ ကျန်းမာရေးတွင် ခြင်ကိုက်ခံရသည့် ဒဏ်ရာကြောင့် ခြေထောက်ဖြတ်ရကိန်း၊ ဓါးရှသည့် ဒဏ်ရာကြောင့် လက်ဖြတ်ရကိန်း၊ အရိုးစူးသဖြင့် လည်ပင်းဖြတ်ရကိန်းများ ရှိအံ့။ ယတြာအနေဖြင့် အုတ်ခဲသုံးလုံးကို ထက်ပိုင်းကျိုးသည့်တိုင်အောင် ခေါင်းဖြင့်ဆောင့်ရင်း “ရဲကိုကိုကွ” အော်ပါ။
 
 
 
သံလွင်ကဝိ
User comments Quote this article in website Favoured Print Send to friend
ဗေဒင် (သံလွင်ကဝိ)
Friday, 24 July 2009 22:41

Rating 3.3/5 (23 votes)