| သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၂) ထွက်ပြီ |
Views : 4234  |
Favoured : 182 |
၃ လတစ်ကြိမ် ထုတ်ဝေလျက်ရှိသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို ယနေ့ ဧပြီလ ၂၁ ရက်နေ့၊ အင်္ဂါနေ့ နံနက်တွင် www.thanlwin.com မှတဆင့် ဖြန့်ချီလိုက်ပြီဖြစ်သည်။
သုတ၊ ရသ၊ ပြည်တွင်းပြည်ပရေးရာ စုံလင်စွာ ပါဝင်သည့်အပြင် ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ အက်ဆေး၊ အင်တာဗျူး၊ ဓာတ်ပုံစသည့် စာပေအနုပညာပုံစံမျိုးစုံဖြင့် တင်ဆက်လေ့ ရှိသော သံလွင်အိပ်မက် မဂ္ဂဇင်း၏ ၁၆ စောင်မြောက်အဖြစ် အတွဲ ၃ ၊ အမှတ် ၂ ကို ဖြန့်ချီလိုက်ခြင်းဖြစ်သည်။ ယခင်ထွက်ရှိခဲ့သည့် အတွဲ ၃၊ အမှတ် ၁ တွင် ပညာရေးအသားပေး ကဏ္ဍများကို ဦးစားပေး ထည့်သွင်းထားသကဲ့သို့ ယခုထပ်မံ ထုတ်ဝေလိုက်သည့် အတွဲ ၃၊ အမှတ် ၂ တွင်လည်း အခွင့်အလမ်းနှင့် သက်ဆိုင်သည့် ကဏ္ဍများကို ဦးစားပေး ထည့်သွင်းထားသည်။ ထူးခြားချက်အနေဖြင့် ပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် အင်တာဗျူးကို စီစဉ်တင်ဆက်ထားသည်။ ထို့ပြင် မတရားအထိန်းသိမ်းခံထားရသော အယ်ဒီတာတစ်ဦးဖြစ်သည့် နေဘုန်းလတ်၏ ပေးစာတစ်စောင်နှင့် ကဗျာတစ်ပုဒ်လည်း ပါဝင်သည်။ ယခု ဧပြီလထုတ် သံလွင်အိပ်မက်ကို www.thanlwin.com ၏ ပထမစာမျက်နှာမှလည်းကောင်း၊ ဤနေရာ မှ တဆင့် လည်ကောင်း ဖတ်ရှုနိုင်သည်။ သံလွင်အိပ်မက်မဂ္ဂဇင်းကို ၂၀၀၄ ခုနှစ် သြဂုတ်လကတည်းက စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး လာမည့် သြဂုတ်လတွင် ၅ နှစ်တင်းတင်း ပြည့်တော့မည် ဖြစ်သည်။ (သံလွင်သတင်းစဉ်) |
|
Users' Comments  |
|
Average user rating
|
|
|
သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၂) ထွက်ပြီ
|
Tuesday, 21 April 2009 01:34 |
|
|