| သံလွင်အိပ်မက် အမှတ် ၂ ၊ အတွဲ ၃ ဖြန့်ချီ |
Views : 4474  |
Favoured : 161 |
၃ လတစ်ကြိမ် ထုတ်ဝေလျက်ရှိသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့၊ တနင်္ဂနွေနေ့တွင် www.thanlwin.com မှတဆင့် ဖြန့်ချီလိုက်ပြီဖြစ်သည်။
သုတ၊ ရသ၊ ခံစားချက်၊ ပြည်တွင်းပြည်ပရေးရာများကို ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ အင်တာဗျူး၊ ဓာတ်ပုံစသည့် စာပေအနုပညာပုံစံမျိုးစုံဖြင့် တင်ဆက်လေ့ရှိသော သံလွင်အိပ်မက် မဂ္ဂဇင်း၏ ၁၄ စောင်မြောက်အဖြစ် အတွဲ ၂ ၊ အမှတ် ၃ ကို ဖြန့်ချီလိုက်ခြင်းဖြစ်သည်။ ယခုလထုတ် မဂ္ဂဇင်းတွင် သံလွင်အိပ်မက် အယ်ဒီတာများ၊ ဆရာအော်ပီကျယ်၊ ပင်တိုင်ကလောင်ရှင်များ၊ ပြည်တွင်းပြည်ပမှ နာမည်ကျော် ဘလော့ဂါများ၊ မျက်နှာသစ်ကလောင်ရှင်များ အင်အားတောင့်တင်းစွာဖြင့် ပါဝင်တင်ဆက်ထားသည်ဟု သိရသည်။ ထူးခြားချက်အနေဖြင့် မတရားအထိန်းသိမ်းခံထားရသော အယ်ဒီတာတစ်ဦးဖြစ်သည့် နေဘုန်းလတ်၏ ဆောင်းပါးတစ်ပုဒ်သာမက ၄င်းအားရုံးထုတ်ချိန်တွင် သံလွင်အိပ်မက်အတွက် နှုတ်တိုက်ရွတ်ပေးသွားသော ကဗျာတစ်ပုဒ်လည်း ပါဝင်သည်ဟု သံလွင်အိပ်မက်၏ အမှာစာက သတင်းပေးဖော်ပြထားသည်။ ယခုလထုတ် သံလွင်အိပ်မက်ကို www.thanlwin.com ၏ ပထမစာမျက်နှာမှလည်းကောင်း ၊ ဤနေရာ ကို click နှိပ်၍ှလည်ကောင်း ဖတ်ရှုနိုင်သည်။ သံလွင်အိပ်မက်မဂ္ဂဇင်းကို ၂၀၀၄ ခုနှစ် သြဂုတ်လကတည်းက စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် အရှိန်မပျက် ဆက်လက်ထုတ်ဝေနေသော သက်တမ်းရင့် အင်တာနက်မဂ္ဂဇင်းတစ်စောင်ဖြစ်သည်။ ယခင် Issue များအား PDF စာမျက်နှာများအဖြစ် တင်ဆက်နေရာမှ ၂၀၀၈ ဧပြီလတွင် ဝက်ဘ်စာမျက်နှာများအဖြစ်လည်းကောင်း၊ ၂၀၀၈ ဇူလိုင်လတွင် ပိုမိုကောင်းမွန်သော Web Portal အဖြစ်လည်းကောင်း အသီးသီးပြင်ဆင်ထုတ်ဝေနိုင်ခဲ့သည်။ သံလွင်အိပ်မက်ကို တင်ဆက်ပေးနေသော www.thanlwin.com ကိုလည်း ၃ လအတွင်း လာရောက်ဖတ်ရှုသူ ၂ သောင်း ၂ ထောင်ကျော်ရှိခဲ့သည်ဟု သိရသည်။ |
|
Users' Comments  |
|
Average user rating
|
|
|
သံလွင်အိပ်မက် အမှတ် ၂ ၊ အတွဲ ၃ ဖြန့်ချီ
|
Sunday, 19 October 2008 07:14 |
|
|