Home ဆောင်းပါးများ အကျင့်ဆိုးတွေ ပြင်ရအောင်
22 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့891
mod_vvisit_counterမနေ့က1185
mod_vvisit_counterတစ်ပတ်အတွင်း4830
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း6348
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2886755
Join us in Facebook
Facebook Fanbox 1.5.x.0
အကျင့်ဆိုးတွေ ပြင်ရအောင်

Views : 2628    

Favoured : 99

Share

အကျင့်ဆိုးတွေ ပြင်ရအောင်

စည်သူ(သံလွင်)

www.thanlwin.com
 
“ငယ်သူဟာ နည်းလမ်းမှားကာ အကြီးအကဲများကို မရိုသေတယ်။ ရွယ်တူရင် အသင်းအပင်းဖွဲ့နှောင် အချင်းချင်းတည့်အောင် မပေါင်းကြတယ်။ သေချာအောင် နောက်တစ်ထစ်မှတ်ကွယ် ကောက်ကျစ်တတ်တဲ့ ၀ါဿနာရယ်။ ဂုဏ်ပါဝါ မိုးလောက်မကရင် ကိုယ့်အောက်ကလူ နှိပ်စက်တယ်။ သူလုပ်တော့ အရာရာ မတွင်ကျယ် အများတကာလုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ်။ အာကျယ်တာတွေရယ်။ စည်ပင်တိုးစေ အမျိုးမတိန်ဖွယ် ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်” ဆိုတဲ့ အကျင့်ဆိုးသီချင်းကို ပြန်နားထောင်မိသည့်အခါ ကျွန်တော့်စိတ်တွင် တွေးစရာများစွာ ဖြစ်လာခဲ့ရသည်။ ယခင်က ဒီလိုသီချင်းများဖြင့် မြန်မာလူထုတစ်ရပ်လုံး၏ ပျက်ပြားနေသော စိတ်ဓါတ်များကို ပြန်လည် တည့်မတ်လာရန် ကြိုးစားစွမ်းဆောင်ခဲ့ကြဖူးသော်လည်း ယခုအခါ ဤကဲ့သို့ သီချင်းမျိုးများ နားမထောင်ရသည်မှာ အတော်ပင် ကြာပေပြီ။ ယခုခေတ်သီချင်းများတွင် အချင်းချင်းစောင်းမြောင်း ပုတ်ခတ်၍ ဖွဲ့သီထားကြသော သီချင်းတချို့ကိုသာ နားဆင်ကြရမည်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် အနုပညာသမားများ၏ အခန်းကဏ္ဍသည် ဖျော်ဖြေရေးသက်သက်သာမဟုတ် အသိပညာပေးရေး၊ လူမှုရေးများအတွက်ပါ လုပ်ဆောင်သင့်ကြပေသည်။ ကျွန်တော်မြင်သမျှ တွေ့သမျှကို ရဲရဲကြီး ချရေးချင်ပါသည်။ ကျွန်တော်၏ ထင်မြင်ယူဆချက်များနှင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိကြမည်ဖြစ်သော်လည်း ဤစာသည် စာဖတ်သူပရိသတ်ကို အဆိပ်အတောက်ဖြစ်စေလိုသော စိတ်ဆန္ဒကား အလျဉ်းမရှိကြောင်း ဤဆောင်းပါး၏ နိဒါန်းတွင်ထည့်ရေးလိုက်ပါသည်။

ပျင်းတာလား၊ ရောင့်ရဲတာလား။      ။ဟိုတလောက အိမ်တွင် ဘုန်းကြီးဆွမ်းကပ်၍ တရားနာကြရသောအခါ ဘုန်းကြီးမိန့်တော်မူသော တရားသည် ကျွန်တော့်အတွက် စဉ်းစားစရာများ တော်တော်ရလိုက်သည်ဟု ပြောနိုင်သည်။ အဘယ်ကြောင့် ဆိုသော် ဘုန်းဘုန်းမိန့်တော်မူသည်မှာ “တကာကြီးတို့အနေနဲ့ ပျင်းတာနဲ့ တင်းတိမ်ရောင့်ရဲတာကို ခွဲခြားပြီး သိကြပါ၊ ကိုယ်ရသင့်သလောက်မှ မရဘူးဆိုရင် ရအောင် ကြိုးစားကြရပါမယ်၊ အဲဒီလို မကြိုးစားချင်ပဲ ရသမျှနဲ့ ရောင့်ရဲနေတယ်ဆိုတာဟာ အောင်မြင်ရာ အောင်မြင်ကြောင်း ၃၈ဖြာ မင်္ဂလာ မဟုတ်ပါဘူး၊ အဲဒါဟာ ပျင်းတာပါ၊ ဒါကြောင့် တကာကြီးတို့ မပျင်းကြပါနဲ့” လို့ မိန့်ကြားတော်မူခဲ့ဖူးသည်။ ထိုတရားတော်ကို ဘုန်းဘုန်းက ပုထုဇဉ်လူသားတွေအတွက် ပျင်းရိမနေစေချင်လို့ ဟောသွားခြင်းဖြစ်ပေမယ့် ကျွန်တော်ကတော့ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေရဲ့ လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်၍ တွေးတောကြည့်မိလေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ကျွန်တော်အပါအ၀င်နိုင်ငံသားများသည် နိုင်ငံသားတစ်ယောက် ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ၊ လုပ်ပိုင်ခွင့်များ တကယ်ရော ရနေကြရဲ့လား။ မရကြသေးလျှင်ရော . . . ဘယ်လိုပုံ ဘယ်လိုနည်းဖြင့် လိုချင်သော ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင် သွားကြမည်နည်းဆိုတာကို အကြိမ်ကြိမ် ပြန်စဉ်းစားမိသော်လည်း တကယ့်လက်ရှိအခြေအနေမှာ ကြိုးစားခြင်း အလျဉ်းမရှိပဲ သြော်  . . . ကံပါပဲလေ။ သြော် ကံကိုက ဆိုးပါတယ်။ ရသမျှလေးနဲ့ပဲ ရောင့်ရဲနေလိုက်တာ ကောင်းပါတယ်။ အေးချမ်းတယ်လို့ ထင်မိကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ မအေးချမ်းနေပါဘူး။ တစ်နေ့တစ်နေ့ ရသမျှနှင့် လောက်ငပါ့မလား။ အိုးပိုင်အိမ်ပိုင်မရှိသူများအနေနှင့်လည်း ဘယ်လိုနေထိုင်ရပါ့မလဲ။ မှတ်ပုံတင်လျှောက်ရန်ဖြစ်ဖြစ် ပက်ပိုစ့်လျှောက်ရန်ဖြစ်ဖြစ် သွားသောအခါတွင်လည်း အဆင်ရောပြေပါ့မလား၊ ငါ့ကို ရစ်များနေမလား အစရှိသဖြင့် စိုးရိမ်တွေးတော ပူပန်နေကြသည်သာဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများအနေဖြင့် ရောင့်ရဲတင်းတိမ်ခြင်းမဟုတ်သော ပျင်းရိခြင်းများမှ အမြန်ဆုံး လွတ်မြောက်နိုင်စေချင်လှသည်။

ဒီမိုကရေစီအတွက် စည်းကမ်း။      ။ Globalizationခေတ်ကြီး မတိုင်မှီကပင် လွန်ခဲ့သောရာစုနှစ်များကပင် ဒီမိုကရေစီဆိုသော ဝေါဟာရမှာ www.thanlwin.comအတော်ခေတ်စားလာခဲ့ပါသည်။ ဒီမိုကရေစီသည် ဒီမိုကရက်တီးယား ဆိုသော ဂရိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ တိုင်းသူပြည်သားများချမှတ်ထားသော နည်းလမ်း (Rule of the people) ဖြစ်သည်ဟု ဖတ်မှတ်ဖူးလေသည်။ ထို့ထက်ကို ပိုပြီး အသေးစိတ်ပြောရမည်ဆိုလျှင် တိုင်းပြည်၏ကံကြမ္မာကို တိုင်းသူပြည်သားများ၏ စိတ်ကြိုက် ပြုပြင်ဆောင်ရွက်ကြခြင်းဖြစ်ပြီး အချို့နိုင်ငံများက တိုင်းသူပြည်သားများ၏ ဆုံးဖြတ်ချက်များကို တိုက်ရိုက်မဲခွဲဆုံးဖြတ်ကြပြီး အချို့နိုင်ငံများကတော့ တိုင်းသူပြည်သားများ မဲခွဲဆုံးဖြတ်၍ ရွေးချယ်ထားသော အစိုးရ၏ ကြိုးပမ်းချက်အပေါ် မူတည်လေသည်။ အခြေခံအချက်မှာတော့ တိုင်းသူပြည်သားများပင် ဖြစ်လေသည်။ ထို့ကြောင့် ဒီမိုကရေစီခေတ်ကြီးတွင် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီ၏ စည်းကမ်း၊ အကျင့်စာရိတ္တမှာ အရေးကြီးလှသည်။ စည်းကမ်းမရှိ၊ အကျင့်စာရိတ္တမကောင်းသော နိုင်ငံသားများ၏ နိုင်ငံသည်လည်း စည်းကမ်းရှိသည့် နိုင်ငံတစ်ခုဖြစ်လာမည် မဟုတ်ပေ။  ဥပမာတစ်ခုပေးရလျှင် ဖွံ့ဖြိုးပြီး နိုင်ငံတော်တော်များများတွင် ဘယ်နေရာဖြစ်ဖြစ် စည်းကမ်းတကျ တန်းစီစနစ်ကို ကျင့်သုံးနေကြသော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အချို့နေရာများသာ တန်းစီစနစ်ကို ကျင့်သုံးနိုင်ကြပေသည်။ ဘယ်နေရာဖြစ်ဖြစ် စည်းကမ်းတကျ တန်းစီ၊ လမ်းဘေးဝဲယာ အပေါ့အပါးမသွားခြင်း၊ အမှိုက်ကို စည်းကမ်းတကျ ပစ်ခြင်းများသည် နိုင်ငံသားတိုင်း၏ အနည်းဆုံး လုပ်ဆောင်ရမည့် တာဝန်များဖြစ်တော့သည်။

တရုတ်လို ရှာ၊ ကုလားလို စု။       ။ “တရုတ် တရုတ် အစားပုပ်၊ ကုလား ကုလား ၀က်ချေးစား၊ မြန်မာ မြန်မာ လူလိမ္မာ” ငယ်ငယ်တုန်းက နောက်ပြောင်ရွတ်ဆိုခဲ့ဖူးသော စာကြောင်းလေးတွေ ပြေးသတိရမိသည်။ သူငယ်ချင်းများထဲမှ တရုတ်၊ကုလားလူမျိုးများပါလျှင် အဲလိုရွတ်ဆို၍ နောက်ပြောင်ခဲ့ဖူးသည်။ ပြီးတော့ ရှိသေးသည်။ တရုတ်ဆို ဘိန်းစား၊ ကုလားဆို နောက်ဖေးကြုံးကုလား စသည်ဖြင့် မခံချိမခံသာ စနောက်ခဲ့ကြဖူးသည်။ ယခုအချိန်မှာတော့ ကမ္ဘာစီးပွားရေးအတိုးတက်ဆုံးနိုင်ငံများမှာ ထိုတရုတ်နှင့် အိန္ဒိယက ထိပ်ဆုံးက ပါနေပြီဖြစ်သည်။ အမေရိကန်နိုင်ငံ CIA မှ ကောက်ခံထားသော စစ်တမ်းများအရ ကမ္ဘာပေါ်ရှိ GDP အများဆုံးနိုင်ငံများတွင် တရုတ်က နံပါတ် ၃ နှင့် အိန္ဒိယက နံပါတ် ၅ ဖြစ်ပြီး မြန်မာကတော့ အီသီယိုးပီးယားနိုင်ငံ၏အောက် နံပါတ် ၈၅ နေရာတွင် ဖြစ်နေပြီဖြစ်သည်။ တရုတ်နိုင်ငံက ပစ္စည်းတော်တော်များများကို ထုတ်လုပ်နေသည့်အချိန်၌ ကမ္ဘာပေါ်တွင် အာဖကန်နစ္စတန်ပြီးလျှင် ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံမှာ ကျွန်တော်တို့၏ မြန်မာနိုင်ငံပင်ဖြစ်လေသည်။ ထို့ကြောင့် လူကြီးသူမများကပြောသော နောက်ထပ် စကားလေးတစ်ခွန်း ရှိသေးသည်။ “တရုတ်လိုရှာ၊ ကုလားလို စု၊ မြန်မာလို မဖြုန်းနှင့်” ဟူ၍ ပင်။

၂ ယောက်ရှိရင် ၃စုကွဲ။      ။ မြန်မာတွေ အချင်းချင်း ကွဲကြပြဲကြပြီဆိုလျှင် မြန်မာတွေဟာ ၂ယောက်ရှိလျှင် ၃စုကွဲတယ်ရယ်လို့ စကားတစ်ခွန်းကို အမြဲပြောကြပါသည်။ ဟိုတလောကပဲ ဟိုးလေးတကျော်နာမည်ကြီးခဲ့သော ကိုဇာဂနာဦးစီးတည်ထောင်ခဲ့သည့် သီးလေးသီးအငြိမ့်အဖွဲ့ကို လူတိုင်းသိကြမည်ထင်ပါသည်။ အလွန်ချစ်ခင်ကြပါသည်ဆိုသည့် ထိုအဖွဲ့သည်ပင် ကွဲခဲ့ပါသည်။ ထိုအဖွဲ့ကွဲခြင်းအကြောင်းကို “သီးလေးသီး အဖွဲ့လား။ သူတို့ နှစ်ဖွဲ့ကွဲတာမဟုတ်ပါဘူး။ သူတို့က လူခုနှစ်ယောက်ရှိလျှင် အဖွဲ့က ၈ဖွဲ့လောက် ဖြစ်နေတာပါ” ဟု သူတို့ကိုယ်တိုင်ပျက်သော ပျက်လုံးတွင် ထည့်သွင်းဖော်ပြခဲ့ကြပါသည်။ နိုင်ငံရေးနယ်ပယ်တွင်ပဲ ကြည့်ပါ။ ဖွဲ့စည်းထားလိုက်သော အဖွဲ့အစည်းများမှာ ထုနဲ့ထေး။ အားလုံးက ပန်းတိုင်တစ်ခုတည်းကိုပဲ သွားနေတာပါ၊ ဘယ်ဖက်က သွားသွား၊ ညာဖက်က သွားသွား နောက်ဆုံးပန်းတိုင်ကို အတူတကွရောက်ကြဖို့ပဲ ဖြစ်သည်ဟု တချို့က ပြောကြသည်။ ကျွန်တော်ကတော့ ဤသို့မထင်ပါ။ ပန်းတိုင်ကိုလှမ်းမကိုင်နိုင်အောင် နည်းမျိုးစုံဖြင့် နှောက်ယှက်နေသောသူများ ရှိသည်ဆိုပါစို့၊ ထိုနှောက်ယှက်သူများမှာ တစုတစည်းတည်းဖြစ်နေပြီး ကြိုးစားသူများမှာ တစ်ယောက်တစ်ပေါက်နှင့်ဖြစ်နေပါက မည်သို့မှ အောင်နိုင်မည်မဟုတ်ပါ။

www.thanlwin.comကုန်ဈေးနှုန်း နှင့် ဘီယာဆိုင်။      ။ ကုန်ဈေးနှုန်းတွေ တက်လိုက်တာ၊ ဈေးတွေက ခေါင်ခိုက်နေတာပဲ ဆိုပြီး ညည်းတွားသံတွေ ဟိုနားဒီနားတွင် မကြာခဏ ကြားနေရပါသည်။ ငွေကြေးဖောင်းပွမှုကြီးကလည်း ကြီးသထက်ကြီးထွားလို့ ဘယ်နိုင်ငံမှာမှ အသုံးပြုတယ်လို့ မကြားဖူးသော သကြားလုံးကို ငွေအကြွေအဖြစ် သုံးစွဲနေကြသည်။ စီးပွားရေး အဆင်မပြေကြပေမယ့် နိုက်ကလပ်၊ အနှိပ်ခန်း၊ ကာရာအိုကေ၊ စင်တင်တေးဂီတ၊ ဘီယာဆိုင်တွေ မှိုလိုပေါက်လာတာကိုတော့ မျက်ဝါးထင်ထင်ပင် မြင်တွေ့နေရ၏။ ပိုက်ဆံရှိသူကလည်း ရှိသလို သုံးဖြုန်း၊ ပြီးရင် မရှိဘူး၊ လုပ်စားကိုင်စားရတာ မလွယ်ဘူးလို့ ညည်းတွားသလို ပိုက်ဆံမရှိသူကလည်း ပိုက်ဆံကလေးရှိလာလျှင် သုံးဖြုန်းလို့ မွဲလာတဲ့အခါ နှစ်လုံး၊ သုံးလုံး အားကိုးလိုက် နှစ်လုံးပေါက်လာလျှင် သုံးဖြုန်းလိုက်နှင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဲလိုလူတွေ ဘယ်လောက်များများရှိနေသလဲဆိုတာ စီးပွားဖြစ်နေတဲ့၊ တိုးပွားလာနေတဲ့ ထိုစီးပွားရေးလုပ်ငန်းများက သက်သေပြနေပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းတစ်ခုတွင် မြန်မာတွေ မဖြုန်းတီးကြဘဲ ချွေတာကြဖို့ တတ်နိုင်သလောက် မိမိခြံဝန်းအတွင်းတွင် စိုက်ပျိုးစားသောက်ကြဖို့ ပြောခဲ့ဖူးလေသည်။

အဓိကနဲ့ သာမည။      ။ တီဗွီကြည့်၍ သတင်းများဖတ်သောအခါ တက္ကသိုလ်၊ကျောင်းများ ဖွင့်သည်များကို အမြဲတမ်းတွေ့နေရပါသည်။ ထိုကဲ့သို့ကျောင်းများသည် ဖွင့်သည်ဟု အပြသဘောသာလုပ်ထားခြင်းမဟုတ်ဘဲ တကယ်တမ်းအရည်အသွေးရှိသော ကျောင်းကောင်းများဖြစ်ရန် ပိုအရေးကြီးပါသည်။ ကွန်ပျူတာတက္ကသိုလ်ရယ်လို့ နာမည်သာရှိပြီး ကွန်ပျူတာခန်းလေး တစ်ခန်းနှစ်ခန်း ရှိရုံ၊ ကွန်ပျူတာရှိသော်လည်း ဖွင့်ရန် လျှပ်စစ်မီးမရှိလျှင်လည်း ဘယ်လိုမှ အရည်အသွေးရှိသော တက္ကသိုလ်ကြီးတစ်ခု မဖြစ်နိုင်ပေ။ အဆောက်အဦး ကျောင်းဆောင်များ၊ ကျောင်းများသာရှိပြီး အရည်အသွေးရှိသော သင်ရိုးညွှန်းတမ်း၊ တော်သော၊တတ်သော ဆရာ၊ ဆရာမ၊ အဆင့်မှီသော သင်ကြားနည်းများ မရှိသော ကျောင်းများသည် ဟန်သာရှိ၍ အဆံမရှိသကဲ့သို့ ဖြစ်နေသောကြောင့် နိုင်ငံအတွက်အားထားရသော အရည်အသွေးပြည့်မှီသည့် ကျောင်းသားများကို မွေးထုတ်ပေးနိုင်မည် မဟုတ်ပါ။ ဟိုတလောကပဲ မြန်မာနိုင်ငံအလံပြောင်းသည့်အတွက် www.thanlwin.comဟိုးလေးတကျော် ဖြစ်ခဲ့ကြပါသေးသည်။ တချို့ကလည်း အရင်အလံပဲ ကြိုက်တယ်၊ တချို့ကလည်း အရင်အလံက မဆလအလံဖြစ်လို့ မကြိုက်ဘူး၊ စသဖြင့် အငြင်းပွားမှုများကိုပါ ဖတ်လိုက်ရပါသေးသည်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံ၏အလံသည် အဓိပ္ပါယ်ရှိရန် အလွန်လိုအပ်မည်ဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှု၊ အဆင့်အတန်းပြည့်မှီမှု၊ ချမ်းသာကြွယ်ဝမှု၊ အောင်မြင်ကျော်ကြားမှုများနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်သော အရာလေး တစ်ခုမျှသာ ဖြစ်သောကြောင့် လိုအပ်သော အဓိကနှင့် သာမညကို ခွဲခြားသိစေချင်လှပါသည်။

ကျွန်တော်တို့ မြန်မာများတွင် ပြုပြင်ရမည့် ပြုပြင်သင့်သည့် အချက်များ များပြားစွာ ရှိနေပါသေးသည်။ တချို့လူများ၊ အခြားနိုင်ငံများက “ကျွန်တော်တို့ မြန်မာလူမျိုးများသည် ဒီမိုကရေစီနှင့် မထိုက်တန်”ဟု ပြောသည်ကို ကြားရသည့်အခါ တမျိုးသားလုံးအတွက် အလွန့်အလွန် နာလှပါသည်။ လူကို ထိလျှင် ခံနိုင်သေးသော်လည်း လူမျိုးကို ထိလျှင် နည်းနည်းမှ မခံချင်လှပါ။ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာရန် အလွန့်အလွန် ခက်ခဲလှပါသည်။ ရလာခဲ့ပြီးလျှင်လည်း ထိုရရှိလာသော ဒီမိုကရေစီကို ဆက်လက်ထိန်းသိမ်းရန်မှာ ပိုမိုပြီး ခက်ခဲပါသည်။ ထိုကြောင့် မရသေးသော ဒီမိုကရေစီအတွက်သာမက ရခဲ့ပြီးလျှင် ထိန်းသိမ်းရမည်ဖြစ်သော ဒီမိုကရေစီအတွက်ပါ ကျွန်တော်တို့ စိတ်ဓါတ်များကို ပြုပြင်ကြရပါမည်။ စာရိတ္ထများ ကောင်းအောင် ကြိုးစားကြရပါမည်။ ထို့အတူ အကျင့်ဆိုးများကိုလည်း အခုကတည်းက ပြင်စေချင်လှပါတော့သည်။
စည်သူ(သံလွင်)
 
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 7 of 7 comments

1. 23-02-2013 21:29

very good
အပေါ်ကဆိုးခဲ့တဲသီချင်းလေး ပေးလိုရရင် ပေးပါလား
Guest
Ye Min Aung

2. 07-12-2011 13:43

good
In myanmar, I listed all kinds of jobs and compared with those of other nations. There are only common small jobs and all jobs are miserable.In my opinion, myanmars are lack of opportunities. Moreover, most of the rich are so bad in character. 
So, Most myanmar think most of the business men as bad guys.
Guest
ko mike

3. 15-07-2011 23:40

good
ကောင်းလိုက ်တာဗျာ.......
Guest
Htaw mon

4. 14-07-2011 14:27

ကောင်းပါတယ်
ဆောင်းပါးေ လးကတော့ကော င်းပါတယ်ဒါ ပေမယ့်ကျွန်တော်တိြု့ မန်မာတွေကဟိုရှေးကအင်္ဂ လိပ်တွေ အရင်အစိုးရ တွေက စိတ်ဓါတ်ရေးရာဖျက်စီး ခဲ့တာကြောင့်လူတွေလဲစိတ်ဓါတ်တွေ စုတ်ပျက်ကု န်ပြီပြောရ ရင်...အခြေခံ မြန်မာလူတန်းစားတချို့ ကိုပဲကြည့် ..ပိုက်ဆံေးများများ လိုက်ရင်အ မ်ထဲမှာပဲ ခွပြီးအလ်ုကိုမလုပ် တာ့ဘူးဗျာ. ..အဲဒါသာကြည့ တော့...မြန မာတချို့ရ့ စိတ်ဓါတ်. ..ပြောသာပြေ နေရတာ...ကဲကွန်တော်တိ့ ရောဘာထူး သးတုံးဗျ.. . :roll
Guest
bobo

5. 01-06-2011 20:52

eassy
so good I like its ideal
Guest
zar

6. 23-04-2011 14:41

Good
ကောင်းတယ်ဗျာ..
Guest
kmoebk

7. 20-04-2011 15:11

good
very good essay... very precious..
Guest
WS

Display 7 of 7 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
အကျင့်ဆိုးတွေ ပြင်ရအောင်
Sunday, 17 April 2011 12:26

Rating 3.3/5 (32 votes)