Home ဆောင်းပါးများ ကူးစက်ကျရောဂါ ကုထုံး နှင့် ကတိသစ္စာ
20 | 06 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1522
mod_vvisit_counterမနေ့က3007
mod_vvisit_counterတစ်ပတ်အတွင်း10427
mod_vvisit_counterယခင်သတင်းပတ်က17809
mod_vvisit_counterတစ်လအတွင်း40757
mod_vvisit_counterယခင်လက48514
mod_vvisit_counterစုစုပေါင်း2943052
Join us in Facebook
Facebook Fanbox 1.5.x.0
ကူးစက်ကျရောဂါ ကုထုံး နှင့် ကတိသစ္စာ

Views : 1807    

Favoured : 104

Share

ကူးစက်ကျရောဂါ ကုထုံးနဲ့ ကတိသစ္စာ


အောင်နိုင်စိုး (ကူးစက်ထူးကု)

www.thanlwin.com
 
 
“ဒါနဲ့ ကိုပီတာ ခင်ဗျား ဆေးရော မှန်မှန်သောက်ရဲ့လားဗျာ ခင်ဗျားရဲ့ CD4 အရေအတွက်က ဆေးမသောက်ခင်က ထက်တောင် ထက်ဝက် ကျသွားသေးတယ်။”
“အော် ဆရာရယ်သောက်တာမှ နေ့တိုင်းကို သောက်တာ၊ ဒီလောက် အအိပ်မက်တဲ့ ကျွန်တော်တခါတလေ အိပ်ရာထဲ ရောက်သွားပြီးတာတောင် ထသောက်သေးတာလေ။ ”
“ကဲ ဒါဆိုလည်း ခင်ဗျား သောက်တဲ့ အချိန်လေး ကျွန်တော့်ကို တစ်ချက်လောက် ပြောပြပါဦးဗျာ ”
“အာ ဆရာကလည်း မနက်အိပ်ရာထရင် တခါ ညနေ လမ်းလျှောက်ပြန်လာရင် တခါပေါ့ ဆရာရဲ့ ”
“အော် ခက်ပါလား ကိုပီတာ ရယ် ။ ကျွန်တော် ခင်ဗျားရဲ့ဆေးသောက်ချိန် အတိအကျကို အချိန်ကုန်ခံပြီး မေးနေတာ တခြား အကြောင်းကြောင့် မဟုတ်ဘူး ဒီလိုဗျ ……………………………………  ……………………………………………….. ”


နာရီအတော်ကြာ နှစ်သိမ့်ဆွေးနွေးပညာပေးအပြီးမှာ ဆေးခန်းအတွင်းမှထွက်သွားတဲ့ ကိုပီတာ့ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းမောတစ်ခု ချလိုက်မိတယ်။ လူတိုင်းက ကြောက်ကြပါတယ်ဆိုတဲ့ ခုခံအားကျဆင်းမှုရောဂါပိုးကို ကုးစက်မခံရအောင် ကာကွယ်ဖို့ ပညာပေးနည်းအမျိုးမျိုး ကမ္ဘာတ၀ှမ်းမှာ ပြုလုပ်နေကြပေမယ့် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပွားမှုနှုန်းက ခြောက်လှန့်နေတုန်းပဲမဟုတ်လား။ မတတ်သာလို့ ရောဂါ ကူးစက်ခံရ ပါပြီတဲ့ ဆေးကုသမှုကို ဘယ်လိုခံယူရမယ်၊ ဆေးသောက်ရင် ဘယ်လိုသောက်ရမယ်၊ ဘယ်လိုအခြေအနေမှာ ဆေးစ သောက်ရတော့မယ်၊ ဆေးစ သောက်ရင်းမှ ရလာနိုင်တဲ့ အကျိုးဆက်တွေက ဘာတွေ ရှိမယ် စတာတွေကို ဘယ်သူ့ကိုမေးလို့ မေးရမှန်းမသိတဲ့သူတွေ က ဒုနဲ့ဒေး။ ဆေးမြီးတိုနဲ့ ကြိတ်ကုလို့ ဆုံးရှုံးရတဲ့ အသက်ပေါင်းကလည်း ရေတွက်လို့တောင်ရမယ်မထင်။


ဖွံ့ဖြိုးဆဲနိုင်ငံတွေ ထုံးစံအတိုင်း ဆေးရဖို့ရာ မလွယ်ကူလှသောအချိန်မှာ လူကုံထံ အသိုင်းအ၀ိုင်းမှ ကိုပီတာတစ်ယောက် ပိုက်ဆံအကုန်အကျခံကာ စောစောစီးစီး ဆေးကုသခွင့်ရခဲ့ပေမယ့် နှစ်သိမ့်ဆွေးနွေး ပညာပေးမှု အားနည်းခဲ့ရာကနေ ဆေးယဉ်ပါးမှုဖြစ်ကာ ခုတော့ ဒုတိယတန်းစား ဆေးတွေကိုသောက်ဖို့ www.thanlwin.comပြင်ရပါတော့မယ် မဟုတ်လား။ တနေ့တခြား တစ်စ တစ်စ များပြားလာတဲ့ ဆေးယဉ်ပါးတဲ့ ပြဿနာဟာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ကမ္ဘာကို ဘယ်လောက်များ ခြောက်လှန့်ဦးမလဲဆိုတာ တကယ်ကို မခန့်မှန်း နိုင်လောက်အောင်ပါပဲ။

 
တကယ်တော့ HIV (Human Immunodeficiency Virus) ဆိုတာ ခုခံအားကျဆင်းမှုရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် ပိုးဆိုတာကို ယခုခေတ်မှာလူအတော်များများ ကြားသိနားလည် နေကြသလို AIDS ဆိုတာကတော့ HIV ဗိုင်းရပ်စ် ကြောင့် ဖြစ်ပွား တဲ့ ရောဂါ လက္ခဏာ စု (Acquired Immuno-Deficiency Syndrome) ကို ခေါ်ဆို တာလည်း လူအတော်များများ နားလည်နေပြီးဖြစ်နေပါပြီ။ ကာကွယ်နည်းတွေကိုလည်း လက်ကမ်းစာဆောင်၊ မဂ္ဂဇင်း၊ အွန်လိုင်း စာမျက်နှာများ၊ ရုပ်မြင်သံကြား စတဲ့ မီဒီယာအမျိုးမျိုးမှာ ကြားမြင်ဖတ်ရှုနိုင်တာမို့ ဒီဆောင်းပါးမှာတော့ ကျွန်တော်အချိန်ပေးပြီး မရှင်းပြတော့ပါဘူး။


ပျောက်ကင်းအောင် ကုသတာမဟုတ်ပေမယ့် ပွားများမှုကို ရပ်တန့်စေတဲ့ ART (Anti Retroviral Therapy) လို့ခေါ်တဲ့ဆေးတွေက အဓိက နေရာက၀င်ပြိး ပိုးတွေကို မပွားနိုင်အောင် ထိန်းချုပ်ကုသပေးနေတယ်ဆိုတာကိုတော့ အနည်းငယ် တီးမိခေါက်မိ ရှိမယ်လို့ ထင်ပါတယ်။ ART ဆေးဆိုတာကတော့ HIV ရောဂါပိုးကို မပွားအောင် တားနိုင်တဲ့ မတူညီတဲ့ ဆေးအုပ်စု၂ ခုမှ အနည်းဆုံးဆေး ၃ မျိုးပေါင်းစည်းထားတာကိုခေါ်ပါတယ်။ HIV ရောဂါကို ကုသတဲ့ ဆေးအုပ်စုများစွာရှိပါတယ်။ ယခုလက်တွေ့ အသုံးအများဆုံးအုပ်စုတွေ ကတော့

NRTI(Nucleoside Reverse Transcriptase Inhibitor),
NNRTI(Non-nucleoside Reverse Transcriptase Inhibitor),
NtRTI (Nucleotide Reverse Transcriptase Inhibitor)
PI (Protease Inhibitor) တွေဖြစ်ပြီး သောက်ရတာ သက်သာလွယ်ကူပါတယ်။ ဆေးသောက်ချိန် ရှုပ်ထွေးမှုနည်းသလို ဆေးလုံးရေလည်း နည်းပါတယ်။


NRTI အုပ်စုမှာတော့ Zidovudine (ZDV) Didanosine (DDI) Lamivudine (3TC) Stavudine (d4T) Abacavir (ABC) တို့ပါဝင်ပြီး NNRTI အုပ်စုမှာတော့ Nevirapine (NVP) Efavirenz (EFV) တို့ပါဝင်ပါတယ်။ NtRTI အုပ်စုမှာတော့ Tenofovir (TDF) ပါဝင်ပြီး အသည်းရောင် အသားဝါ ဘီပိုးကိုကုသရာမှာ ထိရောက်မှုရှိတဲ့အတွက် ခုခံအားကျဆင်းမှုရောဂါနဲ့ အသည်းရောင် အသားဝါပိုး နှစ်မျိုးလုံးရှိတဲ့ လူနာတွေမှာ ပိုကောင်းပါတယ်။ PI မှာတော့ Saquinavir (SQV) Ritonavir (RTV) Lopinavir (LPV) Nelfinavir (NFV) Indinavir (IDV)တို့ပါဝင်ပြီး အသုံးအများဆုံးကတော့ Keletra လို့ခေါ်တဲ့ Ritonavir (RTV) Lopinavir (LPV) ဆေးနှစ်မျိုးပေါင်းထားတဲ့အတွဲပါ။


ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများမှာတော့ 2 NRTI (Lamivudine + Zidovudine (or) Stavudine) + 1 NNRTI (Nevirapine (or) Efavirenz)ဖြစ်ပြီး ဒုတိယ ဦးစား ပေး အနေနဲ့ ကတော့ 2 NRTI + 1 PI ကိုသုံးလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် PI အုပ်စုကိုတော့ ဒုတိယတန်းစားဆေး အဖြစ် ချန်ထားလေ့ရှိပါတယ်။ NNRTI ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေမရှိရင်သုံးလေ့မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ PI အုပ်စုပါတဲ့ဆေးသောက်တာဟာ NNRTI အုပ်စုပါတဲ့ဆေးသောက်တာထက် ဆေးလုံးရေပိုများတာရယ် နောက်ပြီးတော့ တန်ဖိုးကလည်း ၂ဆ ၃ ဆခန့် ပိုများတာကြောင့်မို့လို့ပါ။ ဒီအတွက် လူနာများဆေးသောက်ရသက်သာစေဖို့နဲ့ လူနာများများကို ကုနိုင်ဖို့ NRTI NNRTI NtRTI ဆေးအုပ်စုတွေကို ပထမဦးစားပေး ဆေးတွေအနေ နဲ့သုံးတာဖြစ်ပါတယ်။

ART ဆေးဝါးရဲ့ လုပ်ဆောင်ချက်တွေကို ဆေးပညာလောကသားတွေ နားလည်ကြပေမယ့် သာမန်လူထုအနေနဲ့ HIV ပိုးကို ထိန်းတာကလွဲပြီး ART ဆေးရဲ့ အရေးကြီးပုံ အကျိုးသက်ရောက်မှု ကြီးမားပုံတို့ကို မသိရှိကြပါဘူး။ ကျွန်တော်တို့ ဆေးကျောင်းသား ဘ၀မှာ HIV ပိုးဆိုရင် ကြောက်စရာ ကောင်းတဲ့ ရောဂါအဖြစ် သာသိခဲ့ပါတယ်။ ဒါပေမယ့် အလုပ်သင်ဆရာဝန် ဘ၀မှာ သူငယ်ချင်းတစ်ယောက် ခုခံအားကျဆင်းမှုရောဂါ ဝေဒနာသည်ရဲ့ အပ်ကို စူးမိတဲ့အခါ ဝေဒနာသည်မှာသုံးတဲ့ အပ်ကိုစူးမိရင်လည်း ၇၂ နာရီအတွင်းမှာ ဆေးဝါးတစ်ချို့ကို တစ်လ သောက်ပြီး ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်တယ်ဆိုတဲ့ ဗဟုသုတတစ်ခုရခဲ့ပါတယ်။ အဲဒီဆေးတွေကတော့ ARTဆေးတွေပါပဲ။ အဲဒီအချိန်က စပြီး HIV ရောဂါကို ART ဆေးဝါးတွေ နဲ့ကုသလို့ရပြီ ဆိုတာကိုလည်းသိခဲ့ပါတယ်။


ဆေးကျောင်းပြီးလို့ အလုပ်စလုပ်တဲ့အချိန်မှာ HIV ဝေဒနာသည်တွေကို ကုသစောင့်ရှောက်တဲ့ဘက်မှာပဲ လုပ်ကိုင်ခဲ့တယ်။ ပထမဆုံးတွေ့ခဲ့ရတဲ့ လူနာတွေကတော့ART ဆေး ပေါ်စမှာ စတင်ကုသမှု ခံယူခဲ့ကြတဲ့ လူနာတွေပါ။ နေကောင်းလျက်ပါဘဲ။သာမန်လူတွေနဲ့ ဘာမှမထူးခြားပါဘူး။ အလုပ်အကိုင်တွေ ကိုယ်စီနဲ့ ပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်နေကြပါပြီ။ ဒါပေမယ့် သူတို့ သောက်နေတဲ့ဆေးတွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြ။ ပါမောက္ခ ကိုမေးကြည့်တော့ တချို့ လူနာတွေ က ဆေးယဉ်ပါးနေကြပြီ ဖြစ်ပြီးတာကြောင့် အသစ်လဲရတာ ။ ဒါပေမယ့် ပထမဆုံးသောက်တဲ့ ဆေးက သူ့တို့အတွက် အကောင်းဆုံးဆေးဖြစ်တယ်လို့ ဆရာကြီးကရှင်းပြပါတယ်။ ဒါကြောင့် ဝေဒနာရှင်ဟာ ကိုယ်ပထမဆုံး စသုံးတဲ့ဆေးကို မယဉ်သွားအောင် အလေးထားပြီးသောက်သင့်တယ်လို့ ဆိုပါတယ်။


www.thanlwin.comဆေးယဉ်ပါး တယ်ဆိုတဲ့ ကိစ္စ က အတော်လေး အရေးကြီးပါတယ်။ ဗိုင်းရပ်စ်၊ဘက်တီးရီးယား၊ မှို စတဲ့ ရောဂါပိုးတွေ က ဆေးကို ယဉ်ပါးသွားပြီဆိုရင် ဝေဒနာရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးတွေ အရင်လို ပြန်ပြီး ထကြွ သောင်းကျန်းကြတော့တာပါဘဲ။ HIV ရောဂါပိုး ဆိုတာ က ခန္ဓာကိုယ်ထဲမှာတစ်စက္ကန့်ကို ပိုးပေါင်းသိန်းသန်းချီပွားနေတဲ့ ပိုးပါ။ ပိုးပွားနှုန်းမြင့်သလို သက်တမ်း ကလည်း တိုပါတယ် ။ ပုံမှန်အားဖြင့် ၆နာရီခန့်ရှိပါတယ် ။ ဆေးကုသမှု မခံယူထားတဲ့ ခုခံအားကျဆင်းမှုရောဂါ ကူးစက်ခံရတဲ့ ဝေဒနာရှင်တွေမှာ ဗိုင်းရပ်စ်ပိုး ထုတ်လုပ်မှုဟာ တစ်နေ့ကို ၁၀ ကုဋေခန့်ရှိပြီး အဲဒီအထဲကမှ ၁၀ သန်းခန့်ဟာ ပုံမမှန်တဲ့ ပိုးတွေ အဖြစ်ထွက်လာတတ်ပါတယ်။ ပုံမမှန်တဲ့ ပိုးတွေထဲကမှ တစ်ချို့ဟာ ART ဆေးများကို ယဉ်ပါးနိုင်စွမ်း ရှိလာပါတယ်။


ဆေးယဉ်ပါးမှုဆိုရာမှာလည်း နဂိုရှိရင်းစွဲကိုက ဆေးကို ယဉ်ပါးနေမှု၊ ဥပမာအားဖြင့် ၁၉၉၃ နှစ်ဦးပိုင်းလောက်မှာပဲ ခုခံအားကျဆင်းမှုရောဂါကူးစက်ခြင်းခံရတဲ့ လူနာတွေမှာ Zidovudine ကိုဆေးယဉ်ပါးတဲ့ ပိုးကိုတွေ့ရပြီးနောက် ၆ နှစ်ကြာတဲ့အခါ Zidovudine ကိုခုခံအားကျဆင်းမှု ကုထုံးမှာ အဓိက ဆေးတစ်မျိုးအဖြစ်စတင်သုံးစွဲတာကိုတွေ့ရပါတယ်။ နောက်ဥပမာ တစ်ခုကတော့ အချို့သော HIV type 2 ဗိုင်းရပ်စ် တွေဟာ NNRTI ဆေးတွေကို ယဉ်ပါးတာတွေ့ရပြီး အချို့သော HIV type1 ဗိုင်းရပ်စ် ကတော့ PI နဲ့ NNRTI ရဲ့ အာနိသင်ကို အနည်းငယ်သာ သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။
 
နောက်ထပ် ဆေးယဉ်ခြင်းတစ်မျိုးကတော့ အုပ်စုကြားဆေးယဉ်ပါးခြင်းပါ။ NRTI နဲ့ NNRTI တို့မှာလည်း သူတို့အုပ်စုကြား ဆေးယဉ်ပါးခြင်း (cross resistant) ဖြစ်နိုင်စွမ်း ရှိပါတယ်။ အဲဒါကြောင့် NRTI အုပ်စု ဒါမှမဟုတ် NNRTI အုပ်စုထဲက ဆေးတစ်မျိုးနဲ့ ဆေးယဉ်ပါးမှုဖြစ်လျှင် အုပ်စုတူထဲက မသုံးဖူးတဲ့ အခြားဆေးတစ်မျိုးပြောင်းသုံးပေမယ့် ဆေးယဉ်ပါးမှုဖြစ်နိုင်တဲ့ အခွင့်အရေးအများကြီး ရှိသွားပါတယ်။ ART ဆေးနဲ့ကုသမှုခံယူတဲ့အခါ ဆေးရဲ့အာနိသင်နဲ့ ဗိုင်းရပ်စ်ရဲ့ ပွားနှုန်းကို ထိန်းချုပ်လိုက်ရင် ရှိပြီးသား ပိုးတွေက အလိုလိုသေသွားပါတယ်။ (ဗိုင်းရပ်စ်ရဲ့သဘာဝအရ ငြိမ်နေတဲ့ ဗိုင်းရပ်စ်များကတော့ ခန္ဓာကိုယ်ထဲမှာ အချိန်ကာလကြာရှည်စွာ ရှိနိုင်ပါတယ်။) ဒါကြောင့် ဆေးသောက်ပြီး ပိုးအရေအတွက် သတ်မှတ်ထားတဲ့ ပမာဏအောက် ရောက်သွားတဲ့ HIV ရောဂါ ပိုးကူးစက်ခံထားရတဲ့ ဝေဒနာသည်တွေကို ပျောက်ကင်းပြီလို့ မပြောနိုင်တာဖြစ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ထိုဗိုင်းရပ်စ်တွေဟာ ဘယ်အချိန်မှာ ပွားမလဲဆိုတာ မပြောနိုင်တာ ကြောင့်ပါ။ ဒါကြောင့် ဝေဒနာရှင်တွေဟာ ဆေးစသောက်ပြီးဆိုရင် ဘ၀တစ်သက်လုံး ဆေးသုံးစွဲနေရမှာဖြစ်ပါတယ်။ ကျွမ်းကျင်ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ဘာအကြောင်းနဲ့မှ ရပ်လို့မရပါဘူး။
 
ART ဆေးသောက်တာဟာ တခြားဆေးတွေ သောက်ရတာထက်ခက်ပါတယ်။ မနက်တစ်လုံ့း ညတစ်လုံး ဒါမှမဟုတ် တစ်နေ့တစ်လုံးသောက်ရုံနဲ့ ဆေးရဲ့အကျိုးသက်ရောက်မှုကို အပြည့်အ၀မရနိုင်ပါဘူး။ ၁၂နာရီခြားသောက်ရတဲ့ဆေးဆိုရင် ၁၂နာရီခြား အတိအကျ သောက်ရပါတယ်။ ၂၄ www.thanlwin.comနာရီတစ်ခါသောက်ရတဲ့ဆေးတွေကို ၂၄နာရီခြား တစ်ခါသောက်မှသာ ဆေးအာနိသင်ကို အပြည့်အ၀ ရပါတယ်။ ၁၅ မိနစ်ထက်ပိုပြိးနောက်ကျလို့မရပါဘူး။ ဒါကြောင့် လူနာတွေ ဆေးမသောက်ခင်မှာ သူတို့ရဲ့အလုပ်အကိုင် ၊ လူနေမှုဘ၀နဲ့ သင့်လျော်မဲ့ ဆေးသောက်ချိန်ကို ဝေဒနာရှင်တွေနဲ့ ဆွေးနွေးခန်းဝင်စဉ်မှာ သူတို့ကို ရွေးချယ်ဆုံးဖြတ်ခိုင်းတာဖြစ်ပါတယ်။ ဥပမာအားဖြင့် မနက် ၈နာရီ ည၈နာရီ သို့မဟုတ် ည၈နာရီ နောက်နေ့ည ၈နာရီ စသည်ဖြင့် ဆေးအမျိုးအစားပေါ်မူတည်ပြီး သောက်ရပါတယ်။ ဆေးမသောက်ခင်မှာ အားဆေးတွေနဲ့ ၂ ပတ် ၃ ပတ်ခန့် ဆေးသောက် လေ့ကျင့်နိုင်လျှင်ပိုကောင်းပါတယ်။ ဆေးသောက်ချိန်တိကျအောင်ပါ။


လူနာတွေ အနေနဲ့ ဆေးသောက်တဲ့အခါမှာ နောက်ကျခဲ့ရင် ဆေးရဲ့အာနိသင်တွေက ခန္ဓာကိုယ်ထဲမှာလျော့ကျသွားပါတယ်။ ဒီအချိန်မှာ တချို့ပိုးတွေကသူတို့သဘာဝအတိုင်း အသက်ဆက်ရှင်အောင်ကြိုးစားပြီး ဒီဆေးတွေကို တွန်းလှန်ကာ ဆေးယဉ်ပါးအောင် (drug reistance) ကြိုးစားပါတော့တယ်။ ခုခံအားကျဆင်းမှုရောဂါပိုးဟာ ဆေးတစ်မျိုးကို ယဉ်ပါးအောင်လုပ်နိုင်ပြီးဆိုရင် ကျန်တဲ့ ၂ မျိုးကိုပါ ဆက်လက်ယဉ်ပါးအောင် လုပ်ဖို့မခဲယဉ်းတော့ပါဘူး။ ဥပမာ-အိမ်တစ်အိမ်ကို အစောင့် ၂ ယောက်နဲ့ ၃ ယောက်ထားတဲ့အခါ ၃ ယောက်က ပိုလုံခြုံသလိုပါ။ ဆေး ၂ မျိုးပဲ အလုပ်လုပ်နိုင်တဲ့အချိန်မှာ ဗိုင်းရပ်စ်ပိုးတွေ မပွားအောင် ထိန်းထားရာကနေ ပိုလွတ်ထွက်ပြီး အချိန် ၃ လကနေ ခြောက်လ အတွင်းမှာပဲ တဖြည်းဖြည်းနဲ့ ဆေးအားလုံးကို ယဉ်ပါးသွားပါလိမ့်မယ်။


အဲဒီအခါ ဒုတိယတန်းစား အတွက် ဖယ်ထားတဲ့ ဆေးတွေကသာ ပိုးကို နှိမ်နင်းနိုင်တော့မှာဖြစ်ပါတယ်။ ဒုတိယတန်းစားမှာရှိတဲ့ဆေးတွေယဉ်ပါးသွားရင်တော့ ကျွန်တော်တို့လို ဖွင့်ဖြိုးဆဲ နိုင်ငံတွေအနေနဲ့ ကုသမှု ဆေးရရှိမှုတွေကို လက်လှမ်းမှီမှာ မဟုတ်တော့ပါဘူး။ ဒါဆို အဲဒီလိုဆေးယဉ်ပါးမှု အန္တရာယ်က ကင်းဝေးအောင် ဘယ်လိုလုပ်ကြမလဲ။


ရောဂါကူးစက်ခံရမှုမှာ ဆေးယဉ်ပါးတဲ့ ပိုးရဲ့ ကူးစက်ခံရမှုရှိနိုင်ပေမယ့် ယခုထက်ထိ လေ့လာချက်များကတော့ ဆေးယဉ်ပါးမှုအများစုဟာ မိမိကိုယ်တွင်းမှာဝင်ရောက်ပြီးမှသာ ဖြစ်စေနိုင်တာ များတာကို တွေ့လာရပါတယ်။ ဒါကြောင့် ဆေးမသောက်ခင်နဲ့ ဆေးသောက်နေစဉ်တစ်လျှောက်လုံးမှာ ဆေးရဲ့ဆိုးကျိုး ကောင်းကျိုး တွေကိုနားလည်ပြီး ART ဆေးကို စွဲစွဲမြဲမြဲ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပါမယ်ဆိုတဲ့ ကတိသစ္စာကို မိမိကိုယ်ကိုပေးနိုင်မှု (commitment) ဟာ ART ဆေးသောက်ရာမှာ အရေးပါတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်


၁။ ဝေဒနာရှင်ဟာ ရောဂါပိုးကူးစက်ခံရပြီးတဲ့ နောက်ပိုင်း ကူးစက်ရောဂါဌာန ဒါမှမဟုတ် ခုခံအားကျဆင်းမှုရောဂါ ကုသတဲ့ ဆေးခန်းတွေနဲ့ အမြန်ဆုံးဆက်သွယ် သင့်ပါတယ်။


၂။ အဲဒီ ခုခံအားကျဆင်းမှုရောဂါ ကုသတဲ့ ဌာနတွေမှာ ဝေဒနာရှင်များအတွက် နှစ်သိမ့်ဆွေးနွေးပညာပေး အစီအစဉ်တွေ ရှိတာမို့ ကိုယ့်မှာ ရှိတဲ့ CD4 ပမာဏ အလိုက် တက်သင့်တဲ့ နှစ်သိမ့်ဆွေးနွေးပညာပေး အစီအစဉ်တွေကိုတက်ရောက်ရပါမယ်။ အဲဒီအထဲမှာတော့ အခြေခံ ကျန်းမာရေးပညာပေးခြင်း၊ CD4 ပမာဏ မြင့်နေစဉ်အတွင်း ဆောင်ကျဉ်းရမဲ့ လူနေမှုစနစ်များကို ပညာပေး ဆွေးနွေးခြင်း၊ ခုခံအားကျဆင်းခြင်းရဲ့ နောက်ဆက်တွဲကြောင့် ၀င်လာမဲ့ရောဂါပိုးများအကြောင်းကို ပညာပေးခြင်း၊ မိမိကြောင့် မိမိ မိသားစုနဲ့ ပတ်ဝန်းကျင်မှာ ခုခံအားကျဆင်းမှုရောဂါ ပိုမိုမပြန့်ပွားအောင် နေထိုင်နည်းများ၊ ခုခံအားကျဆင်းမှုရောဂါ ကူးစက်ခြင်း ခံရသူများနဲ့ သားဆက်ခြား စီမံကိန်းများ၊ နေ့စဉ်စားတဲ့ အစားအစားများမှာ အာဟာရဓာတ် ပြည့်ဝအောင် ပါဝင်မှုအတွက် ပညာပေးခြင်း စတာတွေ ပါဝင်မှာဖြစ်ပါတယ်။


၃။ CD4 နဲ့အခြားသော ရောဂါလက္ခဏများအရ ဝေဒနာရှင်ဟာ ART စသောက်ဖို့ အချက်အလက် တွေနဲ့ပြည့်စုံပြီလို့ ကျွမ်းကျင်တဲ့ ဆရာဝန်က ဆုံးဖြတ်ပြီးတဲ့ နောက်မှာ ဆေးသောက်တဲ့အခါ ဆေးရဲ့ကောင်းကျိုး၊ ဘေးထွက်ဆိုးကျိုးများကို ရှင်းလင်းပြောပေးတဲ့ ဆေးစ မသောက်ခင် နှစ်သိမ့်ဆွေးနွေး ပညာပေး (Pre ART counseling) အစီအစဉ်များကို တက်ရောက်ရပါမယ်။ ဒီအစီအစဉ်တွေကတော့ နိုင်ငံတွေအလိုက် ကွဲပြားမှုရှိပြီး ကျွန်တော် လက်ရှိ အလုပ်လုပ်နေတဲ့ အာဖရိက အရှေ့ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ တန်ဇနီးယားနိုင်ငံမှာတော့ အနည်းဆုံး ၃ ခါ ပေးလေ့ရှိပါတယ်။ ပညာပေး အစီအစဉ်တိုင်းဟာ တစ်ဦးချင်းစီ ပညာပေးစနစ်ဖြစ်ပြီး။ တတိယကြိမ်မြောက်ပညာပေး မှာတော့ ဝေဒနာရှင်ကို ပြုစုစောင့်ရှောက်မယ့်သူနဲ့တကွ ပညာပေးတာဖြစ်ပါတယ်။ ပညာပေးစနစ်ဟာ တကယ် ထိရောက်မှု ရှိမရှိကို တာဝန်ကျ ကျွမ်းကျင်ဆရာဝန် က ပြန်လည်ကြည့်ရှုလေ့ ရှိပါတယ်။ ဒါကြောင့် ဝေဒနာရှင်များအနေနဲ့ နှစ်သိမ့်ဆွေးနွေးပညာပေး အခန်းစဉ်တိုင်းကို သေသေချာချာ နားလည် သဘောပေါက်အောင် ကြိုးစားရပါမယ်။ ဆေးရဲ့ ကောင်းကျိုးဆိုးကျိုးနဲ့တခြား ဖြစ်လာနိုင်တဲ့ လက္ခဏာများကို နားလည်မှသာ ဆေးသောက်ခြင်းကို စသင့်ပါတယ်။ ဆေးဘေးကျိုးတွေ နားမလည်ပဲ ဆေးသောက်မိတဲ့အခါ ဆေးဆိုးကျိုးတွေကို မခံနိုင်လို့ ရပ်ပစ်တဲ့ ဘေးကကင်းဝေးအောင်ပါ။


၎။ ဆေး စ သောက်ပြီးတဲ့ နောက်ပိုင်းမှာ ရေတိုရေရှည် ဆိုးကျိုးများဖြစ်ပေါ်လာတဲ့ အခါ သင့်ရဲ့သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ဆီနဲ့ အမြန်ဆုံးတွေ့ဆုံသင့်ပါတယ်။ ကျွမ်းကျင်ဆရာဝန်ရဲ့ ညွှန်ကြားမှုမရှိဘဲ ဘယ် ART ဆေးကိုမှ မရပ်ရပါဘူး။


၅။ ကူးစက်ရောဂါပိုးကုသဌာနရဲ့ အပတ်စဉ် လုပ်ငန်းစဉ်တိုင်းမှာ တစ်ဦးချင်း နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊ အုပ်စုလိုက် နှစ်သိမ့်ဆွေးနွေးပညာပေးအစီအစဉ်များ ရှိမှာမို့ ဝေဒနာရှင်များအနေနဲ့ အဲဒီပညာပေး အစီအစဉ်များကို မပျက်မကွက် တက်ရောက်သင့်တဲ့အပြင် မိမိကိုယ်တိုင်လည်း မိတ်သင်္ဂဟများနဲ့ နှီးနှောဖလှယ်မှုများ၊ မိတ်ဆုံပွဲများ အားတက်သရော ပါဝင်သင့်ပါတယ်။


၆။ အခြားသောရောဂါကြောင့် ဆေးရုံဆေးခန်းများ တက်ရလျှင်လည်း သင်သောက်သုံးနေတဲ့ ဆေးများအကြောင်း အပြည့်အစုံ ပြောပြသင့်ပါတယ်။ ဒါမှသာ ထိုဆရာဝန်မှ တဆင့် ကျွမ်းကျင်တဲ့ ကူးစက်ရောဂါကုဆရာဝန်များနှင့် ဆက်သွယ်ကာ သင့်အတွက် အသင့်လျော်ဆုံးဝန်ဆောင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။


၇။ ART ဆေးဆိုတာ ဘ၀ သက်တမ်းတစ်လျှောက်လုံး သောက်ရတဲ့ဆေးမို့ ဝေဒနာရှင်တွေဟာ တခါတလေမှာ ကျွမ်းကျင်ဆရာဝန်နဲ့ နေ့တဓူဝ လုပ်ရတာ တွေ့ဖို့ ပျင်းရိတာ ၊ အလေးမထားတာမျိုး၊ ငါဒီဆေးခန်းကို ခဏခဏသွားနေရလို့ လူတွေများ ငါ့ကိုပစ်ပယ်ထားမလား စတဲ့ သိမ်ငယ်မှုမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာလည်း မိမိကိုယ်ကို သတိပေးပြီး ကျွမ်းကျင်ဆရာဝန်နဲ့ ပုံမှန်တွေဟာ သင့်လျော်တဲ့ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆေးစစ်ခြင်းတွေကို ပြုလုပ်ရပါမယ်။ ဒါမှသာ အကယ်၍ သင့်မှာ ဆေးယဉ်ပါးမှုဖြစ်ခဲ့ရင် အမြန်ဆုံး သိနိုင်ပြီး ထိရောက်တဲ့ ကုသမှုအသစ်ကို ရယူနိုင်မှာပါ။

ကျွန်တော်က ဒီဆောင်းပါးကို “ကူးစက်ကျရောဂါ ကုထုံး နှင့် ကတိသစ္စာ” လို့ ခေါင်းစဉ်တပ်တော့ သူငယ်ချင်းတွေက ကတိသစ္စာကို ချစ်သူလင်မယား အပေါ်ထားတဲ့ ကတိသစ္စာနဲ့ အမှတ်မှားကြပါတယ်။ တကယ်တော့ “ဆေးကို စွဲစွဲမြဲမြဲ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပါမယ်ဆိုတဲ့ မိမိကိုယ်ကိုပေးတဲ့ “ကတိသစ္စာ”ပါ။ ကတိသစ္စာ တည်နိုင်ကြပါစေ။

 

အောင်နိုင်စိုး ( ကူးစက်ထူးကု )


ကိုးကား  : 1.François Clavel MD, and Allan J. Hance, M.D. HIV Drug Resistance.
                 The new england journal of medicine. march 4, 2004.

               : 2.HIV drug resistance program, HIV department. WHO. Minimizing the
                 emergence and transmission of HIV resistance

              : 3. National Guidelines for the management of HIV and AIDS 2009

              : 4. WHO guidelines of Antiretroviral therapy for HIV infection in
               adults and adolescences , 2006

              : 5.Ruxrungtham K. Antiretroviral Therapy. Chulalongkorn University, and
               HIV-NAT, Thai Red Cross AIDS Research Centre; Bangkok, Thailand
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 2 of 2 comments

1. 18-04-2011 08:02

ပြင်ဆင်ပြီး
Protease Inhibitor ဟု ပြင်ဆင်ပြီး။ ကျေးဇူးပါခ င်ဗျာ ။
Guest
ကိုငယ်

2. 18-04-2011 06:53

Dr.
PI (Non-nucleoside Reverse Transcriptase Inhibitor) တွေဖြစ်ပြီး ဆိုတဲ့နေရာ မှာ ....  
PI ..( Protease Inhibitor) လို့ ပြင်ဆင်ပေး ရပါမယ်။
Guest
Nay Oo

Display 2 of 2 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ကူးစက်ကျရောဂါ ကုထုံး နှင့် ကတိသစ္စာ
Sunday, 17 April 2011 00:39

Rating 3.0/5 (27 votes)