Views : 1987  |
Favoured : 99 |
မိုးသားများတဲ့အိပ်မက်
ဖြစ်သမျှအကြောင်းတွေနဲ့ ငါတို့ စိတ်ကူးတွေလည်း ဟောင်းနွမ်းကုန်ပြီ…  ငယ်ငယ်ကလို မငိုမိတော့ပေမယ့် ငယ်ငယ်ကလိုပဲ ဟက်ဟက်ပက်ပက် မရယ်မောမိဘူး စွန့်လွှတ်ခဲ့ရတာတွေ စွှန်တစ်ကောင်လို လွှတ်ခံခဲ့ရတာတွေ ရင့်ကျက်သွားတဲ့ အတွေးအခေါ်ဆိုတာ ဘာကိုမှယတိပြတ်မပြောနိုင်တော့ဘူးမဟုတ်လား ငါမှားတယ် ငါထပ်မှားတယ် ငါအမြဲမှားတယ် တစ်နေ့နေ့တော့မှန်ရမှာပေါ့ အခုတော့ နောင်တစလွယ်တွေအထပ်ထပ် ငါဟာအဆုံးအရှုံးကိုမှ မီးကုန်ယမ်းကုန်မောင်းနှင် နာကျင်မှုကိုခံတပ်ဆောက်တယ် ငါဘယ်လိုကြောက်ရွံ့ မှုမျိုးနဲ့မှ လက်နှက်မချချင်ဘူး… ဘ၀ဟာ ကဗျာနဲ့တည်ဆောက်လိုရသလား ယုံကြည်ရာတွေနဲ့ ပြတ်ရွေ့ကျောလို့ ငါ့အဝေးထွက်သွားတုန်း… ငါမုန်တိုင်းထဲက အရူးလိုကူကယ်ရာမယ့် ငါဖြတ်ကူးထဲလှိုင်းထဲမှာအသက်ရှင်လိုစိတ်တွေပြင်းပြတယ် အထူးပြု လမ်းခွဲတွေထဲမှာ ကိုယ်ခံအားနည်းတဲ့ရောဂါနဲ့ ငါယုံကြည်ချက်နဲ့ ရှေ့ဆက်နေတာပဲ အမှောင်ထဲမှာ အလင်းသစ်လာမယ် ကမ္ဘာဦးခေတ်တွေကိုစီလို့… ကဗျာဆရာတစ်ယောက်သေဆုံးရင် ဘယ်သူမှ တယုတယတမနေဘူး… နောက်တော့ သူတို့ရှင်ပြန်ထမြောက်ကျတယ်… မျက်ရည်များ စစ်ပွဲများ ကလေးတွေပါးစပ်ထဲက တဘောင်စာသားများ နောက်တော့ သတိတရမေ့လျော့သွားပြန်ပေါ့ အရှိန်ကုန်ပျံကျတဲ့ မိုးပျံပူဖောင်းလို ဓါတ်ကြိုးတန်းမှာငြိ… ငါတိုရင်ထဲကို လျှပ်စစ်လိုစီးခဲ့တယ်… ခံစားမှုတွေ…။ မိုးလှိုင်ည |
|
Users' Comments  |
|
Average user rating
|
|
|