| သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၄ အတွက် စာမူများ ပေးပို့နိုင် |
Views : 3180  |
Favoured : 169 |
သံလွင်သတင်း (စက်တင်ဘာ ၁၅) - သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ ၃ အမှတ် ၄ ကို မကြာခင် ထုတ်ဝေနိုင်ရန် စီစဉ်လျက် ရှိရာ စာမူပေးပို့လိုသူများ အနေဖြင့် အောက်တိုဘာလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့နိုင်ပြီ ဖြစ်သည်။
သံလွင်အိပ်မက်တွင် ပုံမှန် ပါဝင်နေကြကဏ္ဍများဖြစ်သည့် ၀တ္ထု၊ ကဗျာ၊ ဆောင်းပါးနှင့် အက်ဆေးစသည်တို့အတွက် စာမူအချို့လက်ခံရရှိနေပြီ ဖြစ်ပါသည်။ စာမူများနှင့် ဓာတ်ပုံများကို ဆက်လက်၍ ပေးပို့လိုသူများ အနေဖြင့် စာမူ လက်ခံသည့် နောက်ဆုံးနေ့ မတိုင်မီ editor@thanlwin.com သို့ ပေးပို့နိုင်သည်။ သံလွင်အိပ်မက် ၅ နှစ်ပြည့်အဖြစ် ထုတ်ဝေခဲ့သည့် အတွဲ ၃ အမှတ် ၃ တွင် “ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး” ဆိုင်ရာ ကဏ္ဍများကို အထူး အသားပေးခဲ့သလို ယခု ထုတ်ဝေမည့် သံလွင်အိပ်မက် မဂ္ဂဇင်းတွင်လည်း “အပြောင်းအလဲ” နှင့် သက်ဆိုင်သော ကဏ္ဍများကို အသားပေး ဖော်ပြသွားမည်ဖြစ်ပါသည်။
စာမူများ ပေးပို့ရာတွင် ကွန်ပျူတာဖြင့် မြန်မာလက်ကွက်ကို မရိုက်တတ်သူများမှ လွဲ၍ ကျန်သူများ အနေဖြင့် ဖြစ်နိုင်ပါက ဇော်ဂျီ ယူနီကုတ်စာလုံးကို အသုံးပြု၍ ပေးပို့စေလိုပါသည်။
(သံလွင်သတင်း) |
|
Users' Comments  |
|
Average user rating
|
|
|
သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၄ အတွက် စာမူများ ပေးပို့နိုင်
|
Tuesday, 15 September 2009 09:38 |
|
|