Home သံလွင်ရေးရာများ သံလွင်အိပ်မက်မဂ္ဂဇင်း (၅) နှစ်ပြည့်အထူးထုတ် စာမူအင်အား တောင့်တင်းစွာဖြင့် ထွက်ရှိ
23 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့2427
mod_vvisit_counterမနေ့က1571
mod_vvisit_counterတစ်ပတ်အတွင်း7937
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း9455
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2889862
Join us in Facebook
Facebook Fanbox 1.5.x.0
သံလွင်အိပ်မက်မဂ္ဂဇင်း (၅) နှစ်ပြည့်အထူးထုတ် စာမူအင်အား တောင့်တင်းစွာဖြင့် ထွက်ရှိ

Views : 3658    

Favoured : 156

Share

စင်ကာပူ (ဇူလိုင် ၂၆) - ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၇ ရက်မှ စတင်ဖြန့်ချီခဲ့သော သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း၏ (၅) နှစ်ပြည့် အထူးထုတ်အဖြစ် အတွဲ (၃) ၊ အမှတ် (၃) ကို ယနေ့ ဖြန့်ချီလိုက်ရာ အထူးကဏ္ဍများ၊ ပင်တိုင် စာရေးဆရာများ၏ လက်ရေးမူဖြင့် ရေးသားထားသော အမှတ်တရစကားများ၊ ယခုမဂ္ဂဇင်းအတွက် ခေါင်းစဉ်ဖြစ်သော “ဆင်းရဲမွဲတေမှုပြဿနာ” ဆိုင်ရာ ဆောင်းပါးများ၊ အကျဉ်းချခံထားရသည့် သံလွင်အိပ်မက် အယ်ဒီတာ နေဘုန်းလတ်၏ ဝတ္ထုတိုအသစ် တစ်ပုဒ်နှင့် ပေးစာ၊ စိတ်ဝင်စားဖွယ် အင်တာဗျူးများ၊ အက်ဆေး၊ ဝတ္ထုတို အစရှိသော ပါဝင်နေကျကဏ္ဍများ ဝေဝေဆာဆာပါရှိလာကြောင်း သိရသည်။

ယခုထွက်ရှိလာသော (၅) နှစ်ပြည့် မဂ္ဂဇင်းတွင် အထူးကဏ္ဍတစ်ခုအဖြစ် သံလွင်အိပ်မက် အယ်ဒီတာ တစ်ဦးချင်းစီ၏ (၅) နှစ်တာ ဖြတ်သန်းခဲ့သော အတွေ့အကြုံများကို အခြေခံရေးသားထားသည့် အက်ဆေးများကို ဖတ်ရှုရမည် ဖြစ်သည်။ အခြားအထူးကဏ္ဍတစ်ခုတွင် သံလွင်အိပ်မက်၌ အစဉ်တစိုက် ရေးသားလာသည့် စာရေးသူများ၏ သံလွင်အိပ်မက်အတွက် ပေးပို့လာသည့် (၅) နှစ်ပြည့် ဆုတောင်းများကို ၎င်းတို့၏ လက်ရေးမူရင်းများဖြင့် ဖတ်ရှုရမည် ဖြစ်သည်။

ဖားအံထောင်အတွင်း မတရားအကျဉ်းကျခံနေရသည့် သံလွင်အိပ်မက် အယ်ဒီတာ တစ်ဦးဖြစ်သူ နေဘုန်းလတ်မှ ညီဖြစ်သူထံသို့ ပေးစာ အမှတ် (၂) ၊ သံလွင်အိပ်မက်တွင် ပါဝင်နေကျဖြစ်သည့် သံလွင်မောင်၏ သူငယ်ချင်းသို့ ပေးစာနှင့် ကမ္ဘာစိုးမင်း၏ “ငါတို့တွေ လုပ်ရမယ့် နိုင်ငံရေး” အစရှိသည့် ပေးစာ ၃ စောင်အား ပေးစာဟူသည့် ကဏ္ဍသစ် တစ်ခုခွဲ၍ ဖြော်ပထားသည်။

ဆောင်းပါးကဏ္ဍတွင် အထူးဆောင်းပါးများအပြင် ကိုယောဟန်အောင်၏ ဟားဗတ်ဒိုင်ယာရီ (၂) နှင့် ပရိသတ်အများ နှစ်ခြိုက် အားပေးကြသည့် မောင်ပွတ်၏ သိထားသင့်သည့် စင်ကာပူ (၅) စသည့် ဆောင်းပါးများ အပါအ၀င် စုစုပေါင်း ၁၂ ပုဒ်တိတိ အားကောင်းစွာ ပါဝင်သည်။

ဝတ္ထုတိုကဏ္ဍတွင်လည်း သံလွင်အိပ်မက်၏ ပင်တိုင်စာရေးဆရာများ၊ နာမည်ကျော် မြန်မာ ဘလောဂါများ၏ လက်ရာသစ်များကို စုစုပေါင်း ၁၃ ပုဒ်တိတိ မနားတမ်း ဖတ်ရှုရမည် ဖြစ်သည်။

အက်ဆေးကဏ္ဍတွင်မူ အက်ဆေး ၆ ပုဒ်ဖြင့် ဖွဲ့စည်းထားပြီး ပြည်တွင်းပြည်ပမှ လူတန်းစားအလွှာပေါင်းစုံအား ဆင်းရဲမွဲတေမှု ပြဿနာနှင့် စပ်လျဉ်း၍ မေးမြန်းထားသည့် အင်တာဗျူးများ ပါဝင်သည်။

ထို့ကြောင့် သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၃) ကို စောင့်မျှော်နေကြသည့် ပရိသတ်များ အနေဖြင့် စာမူအင်အား တောင့်တင်းစွာဖြင့် ထွက်ရှိလာသည့် (၅) နှစ်ပြည့် အထူးထုတ်မဂ္ဂဇင်းအား တ၀ကြီး ဖတ်ရှုနိုင်ရန် သတင်းကောင်း ပါးလိုက်ရပေသည်။

(သံလွင်သတင်း)
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 1 of 1 comments

1. 28-07-2009 18:13

မင်္ဂလာပါ
ကျေးဇူးတင် ပါတယ်။ 
ကျွန်တော် စောင့်နေပါ့ မယ်။ 
သံလွင်ရဲ့ အိမ်မက်တွေ ဘဝ တစ်ခုဖြစ်လာပါစေ။ ။ :)
Guest
sa aung

Display 1 of 1 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
သံလွင်အိပ်မက်မဂ္ဂဇင်း (၅) နှစ်ပြည့်အထူးထုတ် စာမူအင်အား တောင့်တင်းစွာဖြင့် ထွက်ရှိ
Written by Spokeperson   
Sunday, 26 July 2009 02:23

Rating 2.1/5 (34 votes)