Home ဆောင်းပါးများ သိထားသင့်တဲ့ စင်ကာပူ (၅)
22 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့538
mod_vvisit_counterမနေ့က1185
mod_vvisit_counterတစ်ပတ်အတွင်3း026
mod_vvisit_counterယခင်သတင်းပတ်က11779
mod_vvisit_counterတစ်လအတွင်3း5995
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2886402
Join us in Facebook
Facebook Fanbox 1.5.x.0
သိထားသင့်တဲ့ စင်ကာပူ (၅)

Views : 6290    

Favoured : 87

Share

သိထားသင့်တဲ့ စင်ကာပူ (၅)
မောင်ပွတ်
About Singaporeဧပြီလထုတ် သံလွင်အိပ်မက်မှာ “သိထားသင့်တဲ့ စင်ကာပူ (၄)” ကို အလုပ်အကိုင်အခွင့်အလမ်းများ အတွက် ရည်ရွယ်ပြီး ရေးသားခဲ့ပါတယ်။ အဲဒီဆောင်းပါးကို ဖတ်မိကြတဲ့ စာဖတ်သူတွေဆီက ကျေးဇူးတင်ကြောင်းတွေ လက်ခံရရှိခဲ့သလို ထပ်သိချင်သေးတယ်၊ မပြည့်စုံဘူးနော် ဆိုတာမျိုးတွေလည်း ရရှိခဲ့ပါတယ်။ ဆောင်းပါးရေးပြီးကတည်းကလည်း ကျွန်တော်ကိုယ်တိုင်က တချို့နေရာတွေမှာ ပိုပြီးပြည့်စုံသင့်တယ်လို့ ယူဆထားတာတွေရှိလို့ ဒီတပတ်မှာ “သိထားသင့်တဲ့ စင်ကာပူ (၅)” ကို အပိုင်း(၄) ရဲ့ အဆက်သဘောမျိုး ဖြည့်စွက်ရေးသားလိုက်ပါတယ်။ ဒီအပိုင်း (၅) မှာတော့ အလုပ်ရှာတဲ့ လူတွေအတွက် အင်တာဗျူးကို အောင်အောင်မြင်မြင် ဖြတ်သန်းပြီးတဲ့အခါ Pass တွေလျှောက်တာ၊ ကဒ်ပြားသွားထုတ်တာတွေနဲ့ ပတ်သက်တာလေးတွေ ဖြည့်စွက်ရေးသားလိုက် ပါတယ်။

အလုပ်ရှင်နဲ့ လစာ၊ ခံစားခွင့် စတာတွေ ညှိနှိုင်းပြီးလို့ အဆင်ပြေတယ်ဆိုရင် ကုမ္ပဏီက အလုပ်သမားကိုယ်စား Pass တစ်ခုခု လျှောက်ပေးရပါတယ်။ (Pass အမျိုးအစားတွေကို “သိထားသင့်တဲ့ စင်ကာပူ (၄)” မှာ ဖော်ပြထားပါတယ်) ဥပမာ အနေနဲ့ မြန်မာအများစု လျှောက်ခွင့်ရကြတဲ့ S.Pass နဲ့ ရှင်းပြသွားပါမယ်။ ဒီနေ့အချိန်မှာတော့ S.Pass ၊ WP ၊ EP ဘာပဲဖြစ်ဖြစ် အင်တာနက်ကနေ လျှောက်လို့ရနေပါပြီ။ အဲဒီ Pass တွေကို EP Online လို့ခေါ်တဲ့ အစိုးရရဲ့ အင်တာနက် စာမျက်နှာကနေ ကုမ္ပဏီက လျှောက်ပေးရပါတယ်။ တချို့ကုမ္ပဏီတွေကတော့ အင်တာနက်ကို မသုံးချင်ကြဘဲ ရိုးရိုးပဲ စာရွက်နဲ့ တင်ချင်ကြတယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် အင်တာနက်က တင်ရင် အများဆုံး ကိုးရက်ပဲ ကြာတဲ့အချိန်မှာ စာရွက်နဲ့တင်ရင် ငါးပတ်အထိကြာတတ်ပါတယ်။ အလုပ်လုပ်ခွင့် Pass ရနိုင်တဲ့ အခွင့်အရေးကတော့ အတူတူပဲ ဖြစ်ပါတယ်။ ကုမ္ပဏီက လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်သွင်းတဲ့ နေရာမှာ အဓိကကျတာကတော့ အခြေခံလစာနဲ့ ခန့်ထားတဲ့ ရာထူးပဲ ဖြစ်ပါတယ်။ လစာက အစိုးရ သတ်မှတ်ချက် (ဥပမာ S.Pass ဆိုရင် SGD1800 နှင့်အထက်) ထက် နည်းနေမယ် ၊ ဒါမှမဟုတ် ရာထူး၊ ကုမ္ပဏီအနေအထားနဲ့ မဖြစ်နိုင်လောက်အောင် များနေပြီဆိုရင် Pass ရဖို့က မသေချာပါဘူး။ ခန့်ထားတဲ့ ရာထူးကလည်း လျှောက်ထားသူရဲ့ အလုပ်အကိုင်ဟောင်းတွေ၊ နောက် သူ့ရဲ့ ပညာအရည်အချင်းတွေနဲ့ ဆက်စပ်မှု ရှိနေရမှာဖြစ်ပါတယ်။

Pass တွေ တင်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းစာရင်းကို စင်ကာပူ အလုပ်သမားဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။ S.Pass တင်မယ်ဆိုရင်တော့ S.Pass Form (ကုမ္ပဏီက ပေးပါမယ်) ၊ အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်း အောင်လက်မှတ် မိတ္တူ ၊ Passport မိတ္တူ ၊ ဓါတ်ပုံ တစ်ပုံလိုပါတယ်။ S.Pass လျှောက်ထားချိန်မှာ Passport သက်တမ်း အနည်းဆုံး ခုနှစ်လကနေ တစ်နှစ်ရှိသင့်လို့ စင်ကာပူ မလာခင်ကတည်းက သက်တမ်းတိုးလာဖို့ သတိပေးချင်ပါတယ်။ တကယ်လို့ Pass တစ်ခုခု လျှောက်ထားချိန်မှာ ရထားတဲ့ Social Visit Pass ကုန်သွားခဲ့ရင်လည်း Pass အခြေအနေကို စောင့်နေတာဖြစ်လို့ ပုံမှန်အားဖြင့်တော့ အလွယ်တကူပဲ သက်တမ်းတိုးလို့ရပါတယ်။

တင်ထားတဲ့ Pass ကို အစိုးရက အတည်ပြုလိုက်တယ်ဆိုရင်တော့ ကုမ္ပဏီကို In-Principle Approval (IPA) Letter လို့ခေါ်တဲ့ အကြောင်းကြားစာ ပို့ပေးပါတယ်။ ကဒ်ပြားထုတ်ယူဖို့အတွက်ကို အဲဒီစာအပြင် Passport ၊ ဆေးစစ်ချက် နဲ့ ကုမ္ပဏီက ဝယ်ပေးတဲ့ ကျန်းမာရေး အာမခံမိတ္တူတို့ ယူသွားရမှာဖြစ်ပါတယ်။ စင်ကာပူမှာ အလုပ်လုပ်လိုသူတွေ အနေနဲ့ HIV/AIDS, TB, B ပိုးတို့ကို အဓိက စစ်ရပါတယ်။ တစုံတရာ အားနည်းချက်ရှိနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ တချို့တွေက ရန်ကုန်က ဆေးစစ်လာတယ်ဆိုပေမယ့် ဒီမှာ Pass လျှောက်တဲ့အခါ စင်ကာပူဆရာဝန်တွေရဲ့ ဆေးစစ်ချက်အဖြေကို တောင်းခံလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ အပိုင်း (၄) မှာ ဖော်ပြခဲ့သလိုပဲ အင်တာဗျူး အတွင်းမှာ အလုပ်ကိစ္စတွေ ညှိနှိုင်းကြတဲ့အခါ စာချုပ်ကိစ္စကိုလည်း ဆွေးနွေးကြရပါတယ်။ ဒီနေရာမှာ စာချုပ်နဲ့ ပတ်သတ်ပြီး အနည်းငယ် ရှင်းပြလိုပါတယ်။ ကုမ္ပဏီတချို့ကတော့ သာမန် Employment Letter လို့ခေါ်တဲ့ အလုပ်ခန့်စာကိုပဲ ပေးပါတယ်။ အဲဒီစာထဲမှာ လုပ်ရမယ့် အလုပ်အနေအထား၊ လစာနဲ့ ခံစားခွင့် စတာတွေကို တရားဝင်သဘောမျိုးဖြစ်အောင် ရေးသားဖော်ပြထားပါတယ်။ အချို့ကုမ္ပဏီတွေကတော့ Employment Letter အစား စာချုပ်ချုပ်စေပါတယ်။ ဥပမာ - S.Pass လျှောက်ပေးမယ်၊ ၂ နှစ်စာချုပ် ချုပ်ရမယ်ဆိုတာမျိုး ညှိနှိုင်းတတ်ကြပါတယ်။ စာချုပ်ထဲမှာတော့ ကုမ္ပဏီက လျှောက်ပေးတဲ့ Pass ( ဥပမာ S.Pass) ကဒ်ပြားရတဲ့နေ့က စပြီး ဒီစာချုပ်ဟာ အသက်ဝင်တယ်ဆိုတာမျိုး ဖော်ပြလေ့ရှိပြီး Employment Letter မှာပါတဲ့ အကြောင်းအရာတွေ၊ ဆေးခွင့်နဲ့ လုပ်သက်ခွင့် အရေအတွက်၊ ဘယ်လိုအပြစ်မျိုးဟာ ဘယ်လို အရေးယူခံရနိုင်တယ်ဆိုတာမျိုးတွေ ပါဝင်လေ့ရှိပါတယ်။ စာချုပ်မှာ အဓိကပါတာကတော့ ဒီသဘောတူညီချက်တွေနဲ့အတူ ဒီကုမ္ပဏီမှာ (ဥပမာ)၂ နှစ်လုပ်ပေးဖို့ သဘောတူပါတယ်ဆိုတဲ့ ဝန်ခံချက်ပါပဲ။ အရေးကြီးတာက ဒီ ၂ နှစ်မတိုင်ခင် အလုပ်က ထွက်ချင်ရင် ဘာဖြစ်မလဲဆိုတာပါပဲ။ တချို့စာချုပ်တွေမှာ ၂ နှစ်မတိုင်ခင် အလုပ်ထွက်ချင်ရင် ၂ လကြို ပြောပါဆိုတာမျိုး၊ ၃ လကြို ပြောပါဆိုတာမျိုးပါပါတယ်။ ဒါက တရားဝင်ဖြစ်လို့ ပြဿနာမရှိပါဘူး။ တချို့ကတော့ ၂ နှစ်မတိုင်ခင် အလုပ်သမားက ထွက်သည်ဖြစ်စေ၊ အလုပ်ရှင်က ထုတ်သည်ဖြစ်စေ လစာရဲ့ ဘယ်နှစ်ဆ ပေးလျော်ရမည်ဆိုတဲ့ အပိုဒ်ပါတတ်ပါတယ်။ မဖြစ်နိုင်ဘူး မထင်ပါနဲ့။ ကျွန်တော် အဲဒီလိုစာချုပ်မျိုးနဲ့ အလုပ်လုပ်ခဲ့ရတာပါ။ တကယ်တော့ ဒါဟာ အလုပ်သမားကို ခြိမ်းခြောက်တာသာဖြစ်ပြီး စင်ကာပူ ဥပဒေမှာ တရားဝင်ဖော်ပြထားခြင်းမရှိပါဘူး။ စင်ကာပူ အလုပ်သမားဝန်ကြီးဌာနရဲ့ အမေးအဖြေကဏ္ဍတစ်ခုမှာ အဲဒီလို ငွေပေးလျော်စေခြင်းမျိုးဟာ စာချုပ်မှာပါသည့်တိုင်အောင် ကောက်ခံခွင့်မရှိဆိုတာမျိုး ဖြေထားပါတယ်။ စာချုပ်နဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမားတိုင်းဟာ အလုပ်ထွက်ချင်တဲ့အခါ အစိုးရ သို့မဟုတ် ကုမ္ပဏီက ချမှတ်ထားတဲ့ ကြိုတင်အသိပေးကာလ (Notice Period) ကို အတိအကျ လိုက်နာရင် ထွက်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအဖြေလေးကို ဖတ်မိမှပဲ ကျွန်တော်လည်း သက်ပြင်းချနိုင်ခဲ့တာပါ။

နောက်ထပ် စာချုပ်တစ်မျိုးကတော့ အမြဲတမ်းနေထိုင်ခွင့် (Permanent Resident - PR) လျှောက်တဲ့ အခါမှာ ကြုံရတတ်ပါတယ်။ မြန်မာအများစုက စင်ကာပူမှာ အခြေချနိုင်ဖို့အတွက် PR ကို လူတိုင်းနီးပါး လျှောက်ကြပါတယ်။ တချို့ကုမ္ပဏီတွေက PR ကို လိုလိုချင်ချင် လျှောက်ခွင့်ပြုပေမယ့် တချို့ကတော့ PR ကို စာချုပ်မစေ့ခင် မလျှောက်ရဘူးဆိုတာမျိုးနဲ့ တားမြစ်တတ်ပါတယ်။ စာချုပ်စေ့ပြန်တော့လည်း နောက်ထပ် စာချုပ်အသစ်ချုပ်မှဆိုပြီး ညစ်တတ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စင်ကာပူက အင်တာနက်ဖိုရမ်တွေမှာ အကျယ်တ၀င့် ဆွေးနွေးကြလေ့ရှိပါတယ်။ ဒါဟာလည်း ကုမ္ပဏီတွေက နည်းတစ်မျိုးနဲ့ အကြပ်ကိုင်တာဖြစ်ပါတယ်။ PR လျှောက်ထားခြင်းဟာ စင်ကာပူမှာ အလုပ်လုပ်ပြီး နေထိုင်နေခြင်းရဲ့ အကျိုးဆက်အနေနဲ့ ရတဲ့ ကိုယ်ပိုင်ရပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ ကုမ္ပဏီတွေက လျှောက်တော့၊ မလျှောက်နဲ့ဦးဆိုပြီး စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် အလုပ်ပြုတ်မှာစိုးတဲ့အတွက် အများစုကတော့ မဆန့်ကျင်ဘဲ လျှောက်ခွင့်ရလာမယ့် အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်လေ့ရှိပါတယ်။ PR တင်တဲ့အခါမှာ အလုပ်လုပ်နေကြောင်း ကုမ္ပဏီက ထောက်ခံစာတစ်စောင်ကို လက်မှတ်ထိုးပေးရတာရှိပြီး တချို့တွေက အဲဒီစာကို ကုမ္ပဏီက စပွန်ဆာပေးတယ်လို့ အထင်မှားတတ်ကြပါတယ်။ အမှန်က ထောက်ခံစာသက်သက်သာဖြစ်ပြီး စပွန်ဆာ သဘောမသက်ရောက်ကြောင်း PR တင်ရင် ဖြည့်ရတဲ့ စာရွက်တွေမှာ ဖော်ပြထားပါတယ်။

Pass တွေနဲ့ တဆက်တည်း ပြောပြချင်တာကတော့ မြန်မာသံရုံးမှာ အခွန်ဆောင်ရတဲ့ အကြောင်းလေးပါပဲ။ အခွန်ဆောင်ရတဲ့ အခက်အခဲတွေကို အခြားဘလော့တွေနဲ့ စာစောင်တွေမှာ ဖော်ပြလေ့ရှိလို့ အသေးစိတ် မရေးတော့ပါဘူး။ အခွန်ဆောင်ရတဲ့ နှုန်းလေးတွေကိုပဲ ပြောပြချင်ပါတယ်။ အရင်ကတော့ အခွန်ကို ဝင်ငွေရဲ့ ၁၀% ဆောင်ရပါတယ်။ အဲဒီမှာ အခွန်ဆောင်တဲ့လူတွေက လစာကို နည်းနိုင်သမျှ နည်းနည်းပဲပြကြလို့ ဥာဏ်ကောင်းတဲ့ သံရုံးအရာရှိတွေက အခွန်နှုန်းတွေကို ပြင်လိုက်ပါတယ်။ Work Permit နဲ့ အလုပ်လုပ်နေသူဆိုရင် တစ်လကို စင်ကာပူဒေါ်လာ ၄၀ ၊ S.Pass ဆိုရင် ၇၀ - ၈၀ လောက် ၊ EP ဆိုရင် ၁၀၀ ကနေ ၁၂၀ လောက် ဆောင်ကြရပါတယ်။ PR ရပြီးသားတွေကတော့ လစဉ်ဝင်ငွေရဲ့ ၁၀% ကိုဆောင်ကြရပါတယ်။ PR တွေနဲ့ အခြား Pass ကိုင်ဆောင်သူတွေထဲက လစာများသူတွေဟာ စင်ကာပူအစိုးရကိုလည်း အခွန်ဆောင်ကြရသေးလို့ အခွန် ၂ ထပ်ဆောင်ကြရပါတယ်။ အဲဒီလို အခွန် ၂ ထပ်ဆောင်ရခြင်း (Double Taxation) ကို ရပ်ဆိုင်းပေးဖို့ နှိုးဆော်ဆောင်ရွက်နေတဲ့ အဖွဲ့တွေလည်းရှိလို့ အောင်မြင်သွားရင်တော့ မဆောင်ရလောက်တော့ပါဘူး။ မြန်မာသံရုံးဟာ ဘာမဆို စနစ်တကျ လုပ်တတ်တဲ့ စင်ကာပူမှာ ရှိနေသည့်တိုင်အောင် မြန်မာပြည်က အစိုးရရုံးတွေကိုသွားရင် ကြုံတွေ့ရတတ်တဲ့ အခက်အခဲမျိုးတွေ၊ နားလည်မှုဆိုတာတွေ၊ အချိန်ကုန်ခံပြီး စောင့်ဆိုင်းတန်းစီရတာမျိုးတွေကို မပျောက်မပျက် သယ်ဆောင်ထိမ်းသိမ်းထားတဲ့ အလွမ်းပြေနေရာလေးတစ်ခု ဖြစ်နေဆဲပဲဆိုတာကို တင်ပြရင်း ဒီတစ်ပတ်အတွက် နိဂုံးချုပ်လိုက်ပါတယ်။
မောင်ပွတ်

သံလွင်အိပ်မက် အတွဲ (၂) ၊ အမှတ် (၂) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၁) - သယ်ယူပို့ဆောင်ရေး
သံလွင်အိပ်မက် အတွဲ (၂) ၊ အမှတ် (၃) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၂) - နေထိုင်မှုစနစ်
သံလွင်အိပ်မက် အတွဲ (၃) ၊ အမှတ် (၁) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၃) - ပညာရေး
သံလွင်အိပ်မက် အတွဲ (၃) ၊ အမှတ် (၂) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၄) - အလုပ်အကိုင် အခွင့်အလမ်းများ

Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 4 of 4 comments

1. 09-09-2010 17:23

;)
much appreciate ko mg put
Guest
linko

2. 17-03-2010 15:06

ခွင့်တောင်းခံခြင်း
ကိုမောင်ပွ တ်ရေးတဲ့ စင်္ကာပူနဲ့ပ တ်သတ်တဲ့ ပိုစ်တွေကို ကူးယူဖော်ြ ပခွင့်ပြုပါ.. 
ကျနော့် ဘလော့ဂ်မှာ လာတဲ့သူတွေ ကို စင်္ကာပူနဲ့ပ တ်သတ်ပြီး ဖတ်စေချင်လို့ပါ... 
သံလွင်မှ ကူးယူဖော်ြ ပကြောင်းလဲ ပိုစ်အောက် မှာ ဖော်ပြပါ့မ ယ်...
Guest
mgmyomin

3. 30-07-2009 11:42

လင့်ယူသွားတယ်ဗျာ...
ကိုပွတ်ရေ... လင့်ယူသွား တယ်နော်...နောင်လာမယ့်သူများကို Share လုပ်ဖို့... 
ကောင်းပါတယ်....ကျေးဇူါး....
Guest
Ko Myeik

4. 27-07-2009 15:07

PR
==> လစာ၆လစာ payslip နဲ့ အလုပ်ခန့်တဲ့စာ ပြနိုင်ရင် PR ကိုယ့်ဘာသာ လျှောက်လို့ ရပါတယ်။ လိုအပ်တဲ ပညာအရည်အချ င်းရှိရင်ရ ပါတယ်။ ဘာကြောင့် ကုမ္ပဏီက ထောက်ခံစာမ ပေးနိုင်လဲ ဆိုတဲ reason ကို ရေးပြီ: တွဲတင်ရပါတ ယ် 
;)
Guest
ခရေဖြူ

Display 4 of 4 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
သိထားသင့်တဲ့ စင်ကာပူ (၅)
Saturday, 25 July 2009 20:33

Rating 3.0/5 (24 votes)