Home အက်ဆေးများ ကျွန်တော်တို့ ညီမျှခြင်း ကမ္ဘာ
21 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့817
mod_vvisit_counterမနေ့က1303
mod_vvisit_counterတစ်ပတ်အတွင်3း571
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း5089
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2885496
Join us in Facebook
Facebook Fanbox 1.5.x.0
ကျွန်တော်တို့ ညီမျှခြင်း ကမ္ဘာ

Views : 2479    

Favoured : 87

Share

ကျွန်တော်တို့ ညီမျှခြင်း ကမ္ဘာ
(သီချင်းခံစားမှု အက်ဆေး)


ခေလွန်း

သူက အင်ဂျင်နီယာမို့၊ သူက ဆရာဝန်မို့၊ သူက ကျောင်းဆရာမို့၊ သူက လူချမ်းသာမို့။ သူက လူဆင်းရဲမို့ စသဖြင့် ပြောကြဆိုနေကြပေမယ့် ကျွန်တော်တို့ အားလုံးဟာ ဒီမြေကမ္ဘာလို့ ခေါ်တဲ့ ဂြိုဟ်ပြာကြီး ပေါ်မှာ နေထိုင်ကြတဲ့ သန်းပေါင်း ၆၀၀၀ ကျော်တဲ့ လူသားတွေထဲက လူသားတွေချည်းပါပဲ။ လူတန်းစား မညီမျှမှုတွေကို တူသွားအောင် ညှိနိုင်ဖို့ ဆိုတာ အိပ်မက်တစ်ခုလို့ ဆိုနိုင်ပေမယ့် လူသားမှန်ရင် လူသား တစ်ယောက် ရသင့် ရထိုက်တဲ့ အခြေခံ လူ့အခွင့်အရေးတွေ အညီအမျှ ရနိုင်အောင်ကိုတော့ ကျွန်တော်တို့ ကြိုးစားသွားမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး။ စား၊ ၀တ်၊ နေရေး ဆိုတဲ့ လူသား တစ်ယောက်ရဲ့ အခြေခံ လိုအပ်ချက်တွေတောင် မပြည့်စုံတဲ့ရှာတဲ့သူတွေဟာ ကမ္ဘာနဲ့ အ၀ှမ်း သန်းထောင်ချီ ရှိနေပါတယ်။ ဆင်းရဲမွဲတေမှုမျဉ်းရဲ့ အောက်က ဘ၀တွေလို့ ဆိုရင်လည်း မမှားပါဘူး။ အေအိုင်ဒီအက်စ် ကပ်ရောဂါဆိုးကြီးကြောင့် သေလုမြောပါး ဖြစ်နေရသူတွေ၊ ကုသနိုင်တဲ့ ဆေးဝါးတွေ ပေါ်နေပါလျက်က ဆေးဝါး မရှိလို့ အသက်ငင်နေရသူတွေ၊ ဆင်းရဲလွန်းလို့ ငတ်ပြတ်နေကြသူတွေ၊ အခြေခံပညာ သင်ချင်ပါလျက် သင်ခွင့် မရတဲ့ ဘ၀တွေဟာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ အကူအညီ ပေးမယ့် လက်တွေကို ငံ့လင့်နေကြတယ်။ သူတို့အတွက် ခရစ်စမတ် လက်ဆောင်တွေလည်း မလိုအပ်ပါဘူး။ မွေးနေ့ လက်ဆောင်တွေလည်း မလိုအပ်ပါဘူး။ ကျွန်တော်တို့ အားလုံးရဲ့ ကမ်းလင့်မယ့် လက်တွေကသာ သူတို့ အတွက် အကောင်းဆုံး လက်ဆောင်မွန်တွေပါ။


There comes a time
When we head a certain call
When the world must come together as one
There are people dying
And it's time to lend a hand to life
The greatest gift of all ...


တနေရာရာမှာ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ မကြာခင် အပြောင်းအလဲ လုပ်သွားမှာပါလို့ ကျွန်တော်တို့တတွေ ကိုယ်နဲ့ မဆိုင်သလို ဟန်ဆောင်ပြီး နေ နေကြလို့ မဖြစ်ပါဘူး။ ဒါကြောင့်လဲ ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့ကြီးတွေက ထောင်စုနှစ်စီမံကိန်းတွေ ချမှတ်ပြီး ကမ္ဘာပေါ်က ဆင်းရဲမွဲတေမှုတွေ ပပျောက်သွားအောင် ကြိုးစားနေတာပါ။ ဒါပေမယ့် ကုလသမဂ္ဂတွေ၊ အန်ဂျီအိုတွေကိုချည်း အားကိုးနေလို့တော့ မရပါဘူး။ ဒီအဖွဲ့အစည်းတွေကလည်း အလှူရှင်တွေ၊ ကူညီမယ့်သူတွေနဲ့ ရပ်တည် နေရတာပါ။ ကျွန်တော်တို့ သီချင်း တစ်ပုဒ်ထဲကလို ကိုယ့်ကိုယ်ကို မေးခွန်းတွေ မေးကြည့်ကြရအောင်လား။ “ကမ္ဘာမြေပေါ် ငါနေထိုင်တာ တန်ဖိုး ရှိသလား.. ဒီလို မေးခွန်းမျိုးအား လူတွေ မေးတတ်ပါစေ.. လူတွေကို ကောင်းကျိုးတစ်ခုခု ပေးဖူးလား..” ။ ကျွန်တော်တို့ ကမ္ဘာမြေပေါ် နေထိုင်လာတဲ့ သက်တမ်းတလျှောက် လူသားတွေအတွက် ဘယ်လောက်အထိ ကူညီမှုတွေ၊ စာနာ နားလည်မှုတွေ၊ လှူဒါန်းမှုတွေ၊ ကောင်းကျိုးတွေ ပြုခဲ့ပြီးပြီလဲ။ ကျွန်တော်တို့ အားလုံးဟာ ကမ္ဘာဆိုတဲ့ ရွာကြီး တစ်ခုထဲမှာ နေထိုင်နေကြတဲ့ မိသားစုဝင်တွေချည်းပါ။ မေတ္တာတရားဆိုတာ တကယ်တော့ ကျွန်တော်တို့အားလုံး လိုချင်တောင့်တကြတဲ့ အရာပါ။ အထူးသဖြင့် ကျွန်တော်တို့တတွေ စိတ်အားငယ်တဲ့အခါမျိုးမှာ နားလည်စာနာစွာ ပေးအပ်လာမယ့် မေတ္တာတွေကသာ ကျွန်တော်တို့ရဲ့ မှောင်မိုက် အထီးကျန်နေတဲ့ ညကောင်းကင်ယံအတွက် လင်းလက်တဲ့ အမှန်တရား ကြယ်ပွင့်တွေ ဖြစ်စေတယ် မဟုတ်လား။

We can't go on
Pretneding day by day
That someone, somewhere will soon make a change
We are all a part of
God's great big family
And the truth, you know love is all we need ..


ကျွန်တော်တို့ဟာ ကမ္ဘာကြီးရဲ့ တစိတ်တဒေသပါ။ ကလေးငယ်တွေဆိုတာကလည်း ကျွန်တော်တို့ရဲ့ အတိတ်က ပုံရိပ်တွေ ဖြစ်သလို ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ် ပုံရိပ်တွေလည်း ဖြစ်တယ်။ ဟောဒီ ကျွန်တော်တို့ရဲ့ ကမ္ဘာပေါ်က ဆင်းရဲနွမ်းပါးရှာတဲ့ လူမမယ် ကလေးငယ်တွေအတွက် ကျွန်တော်တို့ အကောင်းဆုံး နေ့ရက်တွေ ဖန်တီးပေးကြ ရအောင်လား။ သူတို့လေးတွေရဲ့ ညစ်ပတ်ပေရေ နေတဲ့ မျက်နှာပေါ်က မျက်လုံးလေးတွေက အပြစ်ကင်းစင်လှပါတယ်။ သူတို့ရဲ့ အပြုံးလေးတွေကလည်း လွတ်လပ်ပေါ့ပါးပြီး ပူပင်သောကတွေ ကင်းလို့ပေါ့။ သူတို့လေးတွေအတွက် တောက်ပတဲ့ နေ့ရက်တွေကို ကျွန်တော်တို့တွေ ဖန်တီးပေးနိုင်ပါတယ်။ ဒီလို ဖန်တီးပေးခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ လူသားမျိုးနွယ်စုကြီးကို တထောင့်တနေရာက ကူညီနေခြင်းပဲ မဟုတ်လား။ ဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့က စပြီး သူတို့လေးတွေအတွက် ပိုကောင်းမယ့် မနက်ဖြန်တွေကို တည်ဆောက်ပေးကြရအောင်ပါ။

We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me ..


ကျွန်တော်တို့တတွေ ရင်လှိုက်သည်းလှိုက် ကူညီကြမယ်ဆိုရင် သူတို့တတွေခမျာ သူတို့တွေကို ပစ်မထားဘဲ စာနာ ဂရုစိုက်တဲ့သူတွေ ဟောဒီ လောကကြီးထဲ ရှိပါသေးသလားလို့ သိသွားကြမှာ အမှန်ပါ။ ဒါမှလည်း သူတို့တတွေရဲ့ ဘ၀တွေကို လွတ်လပ်ပြီး အားမာန်အပြည့်နဲ့ ရင်ဆိုင်နိုင်မှာပါ။

Send them your heart
So they'll know that someone cares
And their lives will be stronger and free
As God has shown us by turning stone to bread
So we all must lend a helping hand ..


စိတ်ဓာတ်အကျကြီး ကျနေကြတဲ့အခါမျိုးမှာ မျှော်လင့်ချက်တွေ လုံးလုံး ကင်းမဲ့သွားသလိုမျိုး ဖြစ်ဖူး ကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ယုံကြည်မှု အပြည့်ရှိမယ် ဆိုရင် ဘယ်တော့မှ မရှုံးနိမ့်နိုင်ပါဘူး။ ကျွန်တော်တို့ အားလုံး တစုတစည်းတည်း ရှိကြမယ်၊ တသွေးတသားတည်း ညီညွတ်ကြမယ် ဆိုရင် ကျွန်တော်တို့ မျှော်လင့်တဲ့ အပြောင်းအလဲဆိုတာ ရောက်ကို ရောက်လာရမယ်လို့ ကျွန်တော်တို့ ယုံယုံကြည်ကြည်ပဲ မှတ်ယူထားလိုက်ကြရအောင်လား။

When you're down and out
There seems no hope at all
But if you just believe
There's no way we can fall
Well, well, well, well, let us realize
That a change will only come
When we stand together as one ..


မကြာသေးမီကမှ ကွယ်လွန်သွားတဲ့ ကမ္ဘာကျော် ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်နဲ့ Lionel Richie တို့ နှစ်ယောက် ရေးဖွဲ့ပြီး အဆိုတော် ၄၅ ဦး စပ်ဆိုထားတဲ့ “We are the World” သီချင်းကို ခံစားရင်း ကျွန်တော်တို့ ချစ်တဲ့ ကမ္ဘာမြေ၊ ကျွန်တော်တို့ ချစ်တဲ့ ကလေးတွေ၊ ကျွန်တော်တို့ ချစ်တဲ့ လူသားတွေရဲ့ ဘ၀တွေအတွက် ကျွန်တော်တို့ အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ရသေးဘူး ဆိုရင် အခုပဲ စလုပ်ကြဖို့၊ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေဆဲဆိုရင် ဆက်လက်လုပ်ဆောင် သွားဖို့ မညီမျှသေးတဲ့ ကမ္ဘာကြီးရဲ့ ကွက်လပ်ကလေးတွေကို ညီမျှခြင်းတွေ တတ်အားသလောက် ရေးဆွဲပေးကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me ..



ခေလွန်း
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 3 of 3 comments

1. 28-10-2009 13:05

I want to make someone
သတိထားမိပါ တယ် 
ဒါပေမဲ့ ဘာလုပ်ပေးရ မလဲဆိုတာ မသိဘူး
Guest
zinmon

2. 09-10-2009 22:33

we have one world.
care and cure the neighbor.
Guest
zamkhanthang

3. 28-07-2009 12:31

မျှဝေပေးတဲ့အတွက်
အဲဒီသီချင်းကို ကြိုက်လည်း ကြိုက်တယ်။ နားလည်းထော င် ဖြစ်ခဲ့တယ် ။ ဒါပေမယ့် အခုလောက်အထိ မစဉ်းစားခဲ့ မိဘူး...။ အခုလို အတွေးတွေ မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ..
Guest
ever

Display 3 of 3 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ကျွန်တော်တို့ ညီမျှခြင်း ကမ္ဘာ
Saturday, 25 July 2009 19:45

Rating 3.4/5 (13 votes)