Home အက်ဆေးများ ဘားကလိရှ်စ်နှင့် မချက်ရ
22 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့2
mod_vvisit_counterမနေ့က1185
mod_vvisit_counterတစ်ပတ်အတွင်3း941
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း5459
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2885866
Join us in Facebook
Facebook Fanbox 1.5.x.0
ဘားကလိရှ်စ်နှင့် မချက်ရ

Views : 3593    

Favoured : 95

Share

ဘားကလိရှ်စ်နှင့် မချက်ရ
ဇင်ကိုလတ်
 
 
 
 
 
 
 
"hate, bar lote nay lae hin"
"ngar lar? hta min sar p yay choo ma lo, nin yaw?"
"ngar ka aku pal tha net khar lane p dar"

ဒါကတော့ ယခုလက်ရှိမြန်မာနိုင်ငံ၏ လူအများဆုံး သုံးနေသော Chatting language တစ်ခုပါ။ ကျွန်တော် စပြီး Chatting လုပ်ဖူးတဲ့ ၂၀၀၀ခုနှစ်လောက်တုန်းက MIRC ဆိုသော နာမည်ကြီး Chatting Service Provider တစ်ခုရဲ့ #singapore ဆိုသော Channel တစ်ခုတွင် ဖြစ်သည်။ Chatting တို့၏ ထုံးစံအတိုင်း ကိုယ်မသိတဲ့ လူတစ်ယောက်နှင့် Online ပေါ်တွင် အသိအကျွမ်းဖြစ်ချင်သောအခါ "Hi" "Hello" စသဖြင့် နှုတ်ဆက်ကာ "asl pls" ဟု ရေးလေ့ရှိကြသည်။ "asl pls" ဆိုသည်မှာ Age, Sex, Location Please ဟူ၍ ဆိုလိုခြင်း ဖြစ်ကာ အတိုကောက်အနေဖြင့် ASL PLS ဟု မေးတတ်ကြသည်။ ထို့အပြင် Chatting Language တစ်ခုအနေဖြင့် စကားလုံးအတိုကောက်များ မြောက်မြားစွာပေါ်ထွက်ခဲ့ကြသည်။ ဥပမာ။ ။ Good Night ကို gnite or 99 ၊ Talk To You Later ကို ttyl ၊ No Problem ကို np ၊ You ကို u ၊ to ကို 2 အနေနဲ့ ရေးကြတဲ့အတွက် Same To You ကို same2u ၊ You too ကို u2 စသည်ဖြင့် တစ်ဦးနှင့် တစ်ဦး အင်တာနက်ပေါ်တွင် စကားပြောရ လွယ်ကူ မြန်ဆန်စေရန် အဓိကထားပြီး စကားလုံးများကို တတ်နိုင်သ၍ အတိုဆုံးနှင့် အမြန်ဆုံးဖြစ်စေရန် ဦးစားပေး ဖော်ပြကြ၏။

၂၀၀၄ခုနှစ် ပတ်ဝန်းကျင်တွင် MIRC မှတဆင့် #ygnchat ခေတ်စားလာသော အချိန်တွင်တော့ မြန်မာနိုင်ငံ အင်တာနက် သုံးစွဲသူဦးရေ၏ ရာခိုင်နှုန်း တော်တော်များများသည် Chatting ကိုသာ အင်တာနက်ဟု ယူဆခဲ့ကြသည်။ မြန်မာတွေ Chatting လုပ်လာကြသည်နှင့် တပြိုင်နက် Burglish ဟုခေါ်သော မြန်မာ Chatting Language တစ်ခု မွေးဖွားလာခဲ့သည်။ Burglish ဆိုသည်မှာ မြန်မာအသံထွက်အတိုင်းကို အင်္ဂလိပ်စာလုံး၏ အကူအညီဖြင့် Online ပေါ်တွင် စကားပြောကြသော Language တစ်ခုဖြစ်သည်။ တစ်ချို့ကလည်း Myanglish ဟုခေါ်ကြသည်။ ထိုအချိန်က gtalk လည်း မပေါ်သေး၊ ဇော်ဂျီဖောင့်ကလည်း မတွင်ကျယ်သေး၍ မြန်မာအချင်းချင်း ပြောဆို ဆက်သွယ်ရ လွယ်ကူစေရန် Burglish ကိုသာ အသုံးပြုခဲ့ကြသည်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာအများစုသည် အင်္ဂလိပ်စာကို သူငယ်တန်းကတည်းက စတင်သင်ကြားခဲ့ကြသော်လည်း တကယ်တမ်း အင်္ဂလိပ်စကားဖြင့် ပြောဆိုဆက်ဆံရန်အတွက် နှုတ်မရဲ လက်မရဲဖြစ်နေကြခြင်းကြောင့် Burglish ဖြင့်သာ Chatting လုပ်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၀၆ခုနှစ် နောက်ပိုင်းမှ စပြီး ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အင်တာနက်ဆိုင် တော်တော်များများနှင့် အတူ Gtalk ၊ VZO ၊ Skype စသည်ဖြင့် Chatting လုပ်နိုင်သော Software တော်တော်များလည်း ပေါ်ပေါက်လာကြသည်။ ၂၀၀၇ နောက်ပိုင်းတွင်တော့ မြန်မာဘလော့ခ်များ အလွန် ခေတ်စားလာသည်နှင့်အညီ ဇော်ဂျီဖောင့်ကိုလည်း တွင်တွင်ကျယ်ကျယ် နေရာတိုင်းတွင် သုံးစွဲလာကြသည်မှာ ယခုဆိုလျှင် gmail ထဲလျှင်ပင် စာများကို မြန်မာလို ရေးသား ပေးပို့နိုင် လာကြပြီဖြစ်သည်။ ယခုအချိန်တွင်တော့ Gtalk မှာလည်း မြန်မာလို အပြန်အလှန် Chat နိုင်ကြပြီဖြစ်သော်လည်း Burglish ကိုပဲ စွဲစွဲမြဲမြဲ အသုံးပြုနေကြသော လူဦးရေမှာ Gtalk သုံးသူ မြန်မာဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းမိလေသည်။ အခုလို မြန်မာတော်တော်များများ Burglish ကို ဘာကြောင့် လက်မလွတ်ပဲ အသုံးပြုနေကြပါသနည်း။ အဓိကတော့ အင်္ဂလိပ်စကားကို အသုံးပြု၍ ပြောလျှင် တခါတခါ လိုရာမရောက်ဖြစ်ခြင်း၊ ကိုယ့်မိခင် ဘာသာစကား မဟုတ်ခြင်းတို့ကြောင့် ဖြစ်သည်။ လိုရာမရောက်ခြင်း ဆိုသည်မှာ အင်္ဂလိပ်အားနည်းချက်ကြောင့် ဖြစ်နိုင်သည်။ သို့သော် ယခု Burglish ကို အသုံးပြုနေကြသူများမှာ အင်္ဂလိပ်စကားပြောနိုင်ငံရောက် မြန်မာအများစုလည်း ပါဝင်နေကြသည်။ ထိုသူတို့သည် တစ်နေ့တစ်နေ့၊ အလုပ်ထဲမှာ၊ ကျောင်းမှာ အင်္ဂလိပ်စကားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီး Chatting ပြောကြသည့် အခါမှသာ Burglish ကို အသုံးပြုကြခြင်းသည် မည်သို့မျှ မဖြစ်သင့်ပေ။

ချွင်းချက်အနေဖြင့် တခါတခါ အင်္ဂလိပ်လို ပြောရင်း အင်္ဂလိပ်လို အဓိပ္ပါယ်ပြန်ရန် ခက်ခဲသော မြန်မာစကားလုံးများနှင့် ကြုံရတတ်သည်။ ထိုအခါမျိုးတွင်တော့ မလွှဲသာ မရှောင်သာ သုံးကြရမည်ဖြစ်သည်။ ဥပမာ၊ မုန့်ဟင်းခါးကို Fish Soup ဟု ဘာသာပြန်သည်ထက် “Mont Hin Kar” ဟု ရေးသည်က အဓိပ္ပါယ်ရှိသလို အုန်းနို့ခေါက်ဆွဲကို Coconut Noodles ဟု မခေါ်ပဲ “Own Noe Kout Swe” ဟုရေးလျှင် မြန်မာလူတိုင်း သိကြလေသည်။ ဤကဲ့သို့ မြန်မာအမည်နာမများကို ရေးရသည်မှာ အီတလီ အစားအစာ Pizza ကို Pizza ဟုလည်းကောင်း၊ ဂျပန်အစားအစာ Sushi ကို Sushi ဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြခြင်းနှင့် ဆင်တူသည်။ ကိုယ့်မိခင်ဘာသာစကား မဟုတ်ခြင်းကြောင့်ဆိုလျှင် မြန်မာလိုရော အဘယ့်ကြောင့် အသုံးမပြုကြပါသနည်း။ မြန်မာစာ မရိုက်တတ်၍ ဇော်ဂျီ Font မရှိ၍ ဟု ဖြေရှင်းကောင်း ဖြေရှင်းနိုင်ကြသည်။ မြန်မာစာ မရိုက်တတ်ခြင်းကို လက်ကွက်လေး တစ်ခုရှိရုံနှင့် ဖြေရှင်းနိုင်သည်။ အလွန်ဆုံး ကျင့်ရ တစ်ပတ် နှစ်ပတ် အတွင်း စာလုံး တော်တော်များများကိုလည်း လေ့လာမှတ်သားမိနိုင်လေသည်။ ဇော်ဂျီဖောင့် မရှိခြင်းကို အင်တာနက်ပေါ်မှ မြန်မာဘလော့ခ် တော်တော်များများက ဖြေရှင်းပေးနိုင်မည်ထင်ပါသည်။ ဒါမှမဟုတ်လျှင်လည်း သံလွင်အိပ်မက်မှ တဆင့် Download လုပ်နိုင်ပါသည်။ ယခုလိုအင်္ဂလိပ် စကားကောင်းကောင်း ပြောနိုင်အောင် (သို့မဟုတ်) မြန်မာစာ ရိုက်တတ်အောင်မှ ကြိုးစားအားထုတ်မှု မရှိလျှင်တော့ Burglish အသုံးအနှုံးများသည် National Chatting Language ကြီး တစ်ခု ဖြစ်လာလိမ့်မည်ကိုပင် စိုးရိမ်ရလေသည်။

ယခုလို Burglish ကို အသုံးပြုပြီး Chatting လုပ်ကြရာဝယ် အင်္ဂလိပ်စာလည်း မတိုးတက်နိုင်သလို၊ မြန်မာစာလည်း ဆုတ်ယုတ်စေနိုင်ပါသည်။ ပြည်ပရောက် သူငယ်ချင်းအချို့သည် မြန်မာလို ရိုက်တတ်သော်လည်း စာလုံးပေါင်းများ များစွာ မှားယွင်းနေသည်ကို သတိပြုမိခဲ့သည်။ မြန်မာတစ်ယောက်ဖြစ်ပြီး မြန်မာလိုလည်း ကောင်းကောင်း မရေးတတ်၊ International Language တစ်ခုဖြစ်သည့် English လိုလည်း ကောင်းကောင်း မပြောတတ်ဘဲ Burglish ကိုသာ တပွဲထိုး သုံးနေမည်ဆိုလျှင် ကောင်းကျိုးထက် ဆိုးကျိုးများက သာလွန်နေမည်ဖြစ်သည်။ Burglish ၏ ဆိုးကျိုးနောက်တစ်ခုမှာ စာလုံးပေါင်းလည်း အမှန်မရှိသောကြောင့် အဓိပ္ပါယ်များလည်း အကောက်လွဲ တတ်ကြခြင်းဖြစ်သည်။ ဥပမာ။ တဲတစ်လုံး ဆောက်ထားတဲ့ မြေဖြစ်တယ် ဆိုတာကို "tae ta lone sout htar tae myay pyit tae" လို့ ရေးရမည်လား “tal ta lone sout htar tal myay pyit tal” လို့ပဲ ရေးရမည်လား။ တဲတစ်လုံးဆောက်ထားတဲ မြေဖြစ်တဲ ဆိုပြီး အဓိပ္ပါယ်အကောက်လွဲနိုင်ပါသည်။ ဒါက ဥပမာတစ်ခုပဲ ရှိသေးသည်။ တခြား မှားနိုင်သော စာလုံးပေါင်းများစွာရှိနေသေးသည်။ ယခုလို ပြောသည့်အတွက် Burglish ပါမောက္ခ တစ်ယောက်တွေ့လျှင် ဘယ်နား မှားနေသည်ဟု ထောက်ပြနိုင်ပါသည်။ သို့သော် မကောင်းသော အရာတစ်ခုကို နက်နက်နဲနဲ မလေ့လာချင်လှပါ။

သူငယ်ချင်းအချင်းချင်း စကားများ ပြောဆိုကြရာဝယ် တစ်ယောက်နှင့် တစ်ယောက် ရိုင်းပင်းကူညီကြရင်း တစ်ယောက်၏ အင်္ဂလိပ်စာ တိုးတက်စေရန် တစ်ယောက်က ကူညီရင်း သို့တည်းမဟုတ် တစ်ယောက်၏ မြန်မာစာ မဆုတ်ယုတ်စေရန် တစ်ယောက်က ရိုင်းပင်းကာ သွားကြလျှင်ဖြင့် မည်မျှအကျိုးရှိလိုက်မည်နည်း။ ကျွန်တော်ကတော့ အွန်လိုင်းမှ သူငယ်ချင်း မိတ်ဆွေများက Burglish နှင့် လာပြောသည့် အခါ “ငါမဖတ်တတ်ဘူး” ဟုသာ ပြောင်ပြောင်တင်းတင်း ပြောလိုက်၍ မြန်မာလို စာရိုက်ပြီး ပြောလျှင်ပြော မပြောလျှင် အင်္ဂလိပ်လိုသာ စကားပြောရန် အားသန်ကြောင်း ပြောဖြစ်ခဲ့သည်။ ထိုအကျိုးကျေးဇူးကြောင့် မြန်မာလို ရိုက်တတ်လာသော ပြည်ပရောက်သူငယ်ချင်းများရှိသလို အင်္ဂလိပ်စာ တိုးတက်လာသော ပြည်တွင်းမှ သူငယ်ချင်းများစွာလည်း ရှိလေသည်။ အဲဒါကြောင့် Burglish နှင့်လာ Chat သော သူငယ်ချင်းများကို စကားတစ်ခွန်းလောက် ပြောလိုက်ကြပါလားဗျာ . . . “ Burglish နှင့် မ Chat ရ” လို့။

ဇင်ကိုလတ်
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 6 of 6 comments

1. 14-08-2010 19:46

မြန်မာစာကို သတ်ပုံမှန်မှန် ရေးတတ်ဖို.က ဘ
မြန်မာစာကို သတ်ပုံမှန် မှန် ရေးတတ်ဖို. ဘားဂလိ ထက်ပိုအရေး ကြီးမယ် ထင်ပါတယ် အမြဲတမ်း သတ်ပုံမှန် နေတဲ.အခါ အခြားချက်တဲ.လူက အထင်ကြီးပြီး လေးစားမယ်။ ဟိုမရောက် ဒီမရောက် ဘားဂလိ လဲသေသေချာချာ မရ၊ မြန်မာလိုလဲ သေသေချာချာ မရတော့ မကောင်းဘူး ဗျာ.........မြန် မာလို ရိုက်တာကို ဘားဂလိ ထက် ပိုသဘောကျပါတယ် ။ဒါမ မဟုတ် ရင် လဲ အင်္ဂလိပ်လို ပေါ့..........
Guest
ကိုဖြိုး

2. 17-11-2009 07:09

Let them happen
Purpose of Language is to communicate between society and community . People inside society will decide what they want to develop. Language is always develop with the time and it cannot be Prevent.  
 
if Majority of the people accepted , we cannot prevent and have to developed in more systematic way . let them happen but be systematic :), its democracy but we need conservatism for more systematic development :)
Guest
Amara

3. 03-10-2009 16:49

barglish
အင်း ဖြစ်သင့် တာပေါ့  
အင်္ဂလိပ်လို ပိုသုံးသင့် တယ်...တချိန်မှာကို့ အတွက်အကျိုးရှိမှာမှို့ ပါ
Guest
ko nphyo

4. 22-09-2009 03:10

ဘားကလိရှ်စ်နှင့် မချက်ရ ကို ထောက်ခံတယ်..
ထောက်ခံတယ် .. ဒီလို ပြောတာကို.. 
တစ်ခါ တစ်ခါ တော့လည်း... ကိုယ်က ပြောရင် ကိုယ်က မြန်မာလက်ကွက် ကျွမ်းလို့  
ပြောတယ် ဖြစ်ရော... ဒီလို ပြောလို့ မိတ်ဆွေတွေ စိတ်ကွက်လည်း ပြောရမှာတော့  
ပြောရမှာပဲ လေနော်...
Guest
John

5. 07-08-2009 18:09

ထောက်ခံခြင်း
မှန်ပါတယ်၇ှင့်ကျွန်မ လဲ chat စပြောတုံးက ဘားကလိရှ်စ် နဲ့ပြောပါတ ယ်  
နောက်တော့သူငယ်ချင်းေ တွကနားမလည် ဘူးမြန်မာလိုရိုက်ဆို လို့  
ကျွန်မခုဆိုမြန်မာလို လက်ကွက်ကော င်းကောင်း၇ိုက်တတ်နေပါပြီ 
ပြုပြင်ပေး တဲ့သူငယ်ချ င်းတွေကိုေ ကျးဇူးတင်၇ မယ်
Guest
Nyeinsu

6. 27-07-2009 03:40

Idealize Burglish
speaking of Burglish, some asian countries (China, Korea,etc)introduce their own launguages into international english as PinYin (chinese) for westerners. Korea is trying to produce similar one. here, we burmese should use Burglish systematcially and [i]idealize [/i]it as you shared. thank you for your sharing and i shared my thought. :)
Guest
MZT

Display 6 of 6 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ဘားကလိရှ်စ်နှင့် မချက်ရ
Saturday, 25 July 2009 00:58

Rating 3.2/5 (15 votes)