Home ဆောင်းပါးများ ဟားဗတ်ဒိုင်ယာရီ (၂)
21 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့311
mod_vvisit_counterမနေ့က1303
mod_vvisit_counterတစ်ပတ်အတွင်3း065
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း4583
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2884990
Join us in Facebook
Facebook Fanbox 1.5.x.0
ဟားဗတ်ဒိုင်ယာရီ (၂)

Views : 3674    

Favoured : 101

Share

ဟားဗတ်ဒိုင်ယာရီ (၂)
ယောဟန်အောင်

ကျောင်းလျှောက်လွှာတင်တဲ့ ကိစ္စတွေ ပြီးပြန်တော့ ကျနော် ထောက်ခံစာရဖို့အရေး လုံးပမ်းရတယ်။ ယေဘုယျအားဖြင့် ကျောင်းတွေ လျှောက်ရာမှာ ထောက်ခံစာ ၃-စောင်လောက် လိုအပ်တတ်ပါတယ်။ ပထမတခုက ကိုယ့်ရဲ့ပညာရေး အရည်အသွေးနဲ့ ဆိုင်တဲ့ ထောက်ခံချက် (Academic qualification recommendation) နဲ့ နောက် ၂-စောင်လောက်က ကိုယ့်ရဲ့ လုပ်ငန်း၊ စွမ်းဆောင်ရည်ကို ဖော်ပြတဲ့ ထောက်ခံစာမျိုးပါ။ အဲဒါတွေနဲ့အတူ ယခင် ကိုယ်လေ့လာထားဖူးတဲ့ တက္ကသိုလ်က အမှတ်စာရင်း၊ ဘွဲ့လက်မှတ်တွေကိုလည်း တင်ပြကြရပါတယ်။

အဲဒီမှာ နည်းနည်းအခက်အခဲ တွေ့ရပါတော့တယ်။ ကျနော်က ဆေးတက္ကသိုလ်က ကျောင်းပြီးထားတာလည်း မဟုတ်၊ ဘွဲ့ရထားတာလည်း မဟုတ်၊ နောက်တချက်က ကိုယ်ကိုတိုင်က တိုင်းပြည်ပြင်ပမှာ တရားမ၀င်လိုနေထိုင်နေရတဲ့သူ၊ အဲဒီတော့ ခက်ပါတယ်။ ဆေးတက္ကသိုလ်ဆိုတာက အနည်းဆုံး ၆-နှစ်ခွဲလောက် တက်ရပါတယ်။ ကျနော်က ၁၉၈၈ ခုနှစ်မှာ နောက်ဆုံးနှစ် အပိုင်း (ခ) Final Part II ဆိုတဲ့ အနည်းဆုံး ၆-နှစ်လောက်တော့ ကျောင်းသက်ရှိပြီလို့ ဆိုနိုင်ပါတယ်။ ဆေးတက္ကသိုလ်မှာ ဘွဲ့မရသေးသော်လည်း၊ အကယ်၍ ကျနော်သာ သိပ္ပံ/၀ိဇ္ဇာ ဘာသာရပ်တခုခု တက်မယ်ဆိုရင် ၄-နှစ် လောက်နဲ့ ဘွဲ့ရနေလောက်ပါပြီ။ အဲဒီတော့ ကိုယ့်ရဲ့ ကျောင်းနေသက်အတွက် ဘွဲ့လက်မှတ်တရားဝင် တင်ပြနိုင်ခြင်း မရှိသော်လည်း အခြားထောက်ခံစာတွေနဲ့ ပံ့ပိုးတင်ပြနိုင်ဖို့ ကြိုးစားရပါတော့တယ်။ အဲသည်တော့ ကျနော့်ထက် ဆေးတက္ကသိုလ်တုန်းက အတန်းကြီးတဲ့ အကိုကြီး တစ်ယောက်ဆီကို အပူကပ်ရပါတယ်။ သူက အဲဒီအချိန်မှာ အမေရိကန် နာမည်ကြီးတက္ကသိုလ်တခုက ပီ-အိပ်ခ်ျ-ဒီရပြီး နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုမှာ တာဝန်ကြီးကြီး ယူနေတဲ့သူပါ။ (လုံခြုံရေးကြောင့် သူ့နာမည်ကို အမှန်အတိုင်း မဖော်ပြနိုင်တာ ခွင့်လွှတ်ပါ။) သူက ကျနော်ဟာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား တစ်ဦး ဖြစ်ခဲ့ပြီး၊ ကျောင်းတုန်းက ဆုံတွေ့ဖူးကြောင်း၊ တော်တဲ့ ထက်မြက်တဲ့ ကျောင်းသားတစ်ဦးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သဘောသဘာဝအရ ဆေးတက္ကသိုလ်တွေဟာ ၆-နှစ်ခွဲကြာ တက်ရကြောင်း၊ အဲဒီတော့ ကျနော်ပြီးထားတဲ့ အတန်းဟာ သာမာန်ဘွဲ့တစ်ခုရတယ်လို့ ယူဆနိုင်ကြောင်း၊ မြန်မာပြည်က နိုင်ငံရေးပြဿနာတွေကြောင့် ကျနော်ဟာ ပြည်ပရောက် နေရပြီး တရားဝင်ထောက်ခံချက် စာရွက်စာတန်းတွေ ရဖို့လည်း မလွယ်ကူကြောင်း သေချာ ထောက်ခံပေးပါတယ်။ ဟားဗတ်တက္ကသိုလ်ကလည်း ဒီလို ထောက်ခံချက် (credit) တွေကို ထည့်သွင်းစဉ်းစားပေးလို့သာ တော်တယ်လို့ ဆိုရပါလိမ့်မယ်။

နောက်ထပ် ပညာအရည်အချင်းရယ်၊ ကျနော့်ရဲ့ စွမ်းဆောင်ရည်အပေါ် ထောက်ခံချက်တစ်စောင်ကို ကျနော့် မိတ်ဆွေ တစ်ယောက်ဆီက ယူရပါတယ်။ သူက ယခင်က ရန်ကုန်တက္ကသိုလ်က ဆရာ၊ ၁၉၇၄ ကျောင်းသားလှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွပါလို့ ထောင်ကျခဲ့တဲ့သူ၊ နောက်တော့ ၁၉၈၈ မှာ တောခိုတော့ သူနဲ့ ကျနော်က ဘုရားသုံးဆူစခန်းမှာ တစခန်းတည်း အတူတူ လုပ်ကိုင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေပါ။ သူက အမေရိကန်မှာ စောအခြေချပြီး ဟိုမှာကျောင်းတက် နောက်တော့ ဇီဝဗေဒဘာသာနဲ့ ပီ-အိပ်ခ်ျ-ဒီ ရပါတယ်။ နောက်တော့ ဆဲလ်တွေကို သုတေသနပြုတဲ့လုပ်ငန်းကို ဆန်ဖရန် စစ္စကို တက္ကသိုလ် (UCSF) မှာ လုပ်နေပါတယ်။ သူကလည်း ကျနော်အကူအညီတောင်းတော့ ထောက်ခံစာ ကောင်းကောင်း ရေးပေးပါတယ်။

ပညာရေး အရည်အချင်း ထောက်ခံစာ ကိစ္စတွေ ခက်တာ ကျနော်မှ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံက အခု ကျောင်းလာတက်နေတဲ့ လူငယ်အများအပြားလည်း အခက်အခဲ တွေ့ကြရကြောင်း ညည်းညူတာ ကြားရပါတယ်။ ကျနော်တို့ ပညာရေးစနစ် ကိုယ်၌က တစ်ခုခုပြင်ဆင်ဖို့ လိုအပ်နေပါပြီ။ ကိုယ့်စနစ်ကို အခြားနိုင်ငံတွေနဲ့ ချိန်ထိုး၊ လိုအပ်တာ ပြင်ဆင်ဖို့ လိုအပ်နေပါပြီ။ အခု ကျနော် ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ လေ့လာကြည့်တော့လည်း မြန်မာနိုင်ငံက ဆယ်တန်းအောင်လာရင် သိပ် အသိအမှတ် မပြုချင်ပါဘူး။ ဒီမှာ ပညာရေးစနစ်တွေက အထက်တန်းကို ၁၂-နှစ်ကြာ သင်ကြားရပါတယ်။ အဲသည်တော့ မြန်မာနိုင်ငံက ဒုတိယနှစ်လောက် အောင်လာတဲ့ ကျောင်းသားတွေကိုတော့ သူတို့က အထက်တန်းအောင်မြင်လာတဲ့ သဘော လက်ခံကြပါတယ်။ နောက်တစ်ခုက ကျနော်တို့နိုင်ငံက အမှတ်စာရင်းထုတ်ပေးတဲ့ ပညာရေးစနစ်မှာ ယခင်က (GPA) လို့ခေါ်တဲ့ a culminative Grade Point Avergae အဆင့်ခွဲခြားစနစ် မရှိပါဘူး။ အဲဒီတော့ သူများနိုင်ငံ ကျောင်းတွေသွားမယ်ဆိုရင် ခက်ကြရပါတယ်။ နောက်တခါကျတော့လည်း အခုကာလမှာတော့ ရှိနေပြီ ကြားပါတယ်။ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေ အပါအ၀င်၊ တက္ကသိုလ်က အောင်မြင်သူ တော်တော်များများကို အခု GPA Grade က 2 ဒါမှမဟုတ် 2.5 လောက်ပဲ ပေးထားတတ်တယ် ဆိုပါတယ်။ တကယ်က နိုင်ငံခြားတက္ကသိုလ်တွေမှာ အပြိုင်အဆိုင် လျှောက်ကြသူတွေထဲမှာ ဒီလိုအဆင့်မျိုးနဲ့ ၀င်ပြိုင်ဖို့ ဆိုတာက အခက်သားပါပဲ။ သဘောက အဆင့်နိမ့်တဲ့ ကျောင်းသား စာရင်းထဲ ၀င်နေပါတယ်။ မာစတာတန်းတွေ တက်ချင်ရင် GPA 3.3 ဒါမှမဟုတ် 3.5 လောက်မှ အဆင်ပြေနိုင်မှာပါ။ အဲဒီလို အမှတ်စာရင်းထုတ်ဖို့ကိုတောင် ခက်ခက်ခဲခဲ လုပ်ကြရသလို၊ တက္ကသိုလ်က ကိုယ့်ကို သင်ပေးဖူးတဲ့ ပါမောက္ခ၊ ဆရာတွေကလည်း တော်ရုံတန်ရုံ ထောက်ခံစာ မရေးပေးချင်ကြဘူး ဆိုတာလည်း ကြားရပါတယ်။ တကယ်က ကျောင်းသားတယောက်ဟာ နိုင်ငံတကာမှာ ကျောင်းတက်မယ်ဆိုရင် ယခင် သူသင်လာဖူးတဲ့ တက္ကသိုလ်က ဆရာ/ ပါမောက္ခတွေရဲ့ ထောက်ခံစာက အရေးကြီးပါတယ်။ တကယ်လို့ နိုင်ငံခြား ကျောင်းလာတက်မယ် စဉ်းစားရင်တော့ ဒီလို ကိစ္စတွေလည်း ထည့်စဉ်းစားဖို့ အကြံပေးပါရစေ။

ကျနော်ကတော့ ကံကောင်းတယ်ပဲ ဆိုရပါလိမ့်မယ်။ ဟားဗတ်လို ကမ္ဘာကျော်နာမည်ကြီးတက္ကသိုလ်ကြီးက အရင်တက္က သိုလ်က ဘွဲ့လက်မှတ်တွေမပါဘဲ ထောက်ခံချက်တွေအပေါ် အခြေပြုပြီး ထည့်သွင်းစဉ်းစားခဲ့လို့ပါပဲ။ နောက်ထပ် ကျနော့်ရဲ့ လုပ်ငန်းဆောင်တာ အရည်အချင်းတွေကိစ္စ ထောက်ခံစာ လိုအပ်လာပြန်ပါတယ်။ အဲဒီအတွက် ကျနော်က လူ ၂-ဦးကို ချဉ်းကပ်ပါတယ်။ တယောက်က မြန်မာနိုင်ငံမှာ ယခင်က စစ်သံမှူးဟောင်းလုပ်သွားတဲ့ Col. Robert Helvy ပါ။ ကျနော်တို့က သူ့ကို Col. Bob လို့ ခေါ်ကြပါတယ်။ သူက ၁၉၈၀ ခုနှစ်များမှာ မြန်မာနိုင်ငံက အမေရိကန်သံရုံးမှာ စစ်သံမှူး တာဝန်ယူခဲ့ပါတယ်။ သူ့အကြံ က တချိန် သူအနားယူတဲ့အခါ မြန်မာနိုင်ငံမှာ ပင်စင်စားအဖြစ် အနားယူလိုပါတယ်။ ဒါပေမယ့် ၈၈ အုံကြွမှုတွေ၊ နောက်ဆက်တွဲ အာဏာသိမ်းတာတွေဖြစ်တော့ သူ့အိပ်မက်လည်း ပျက်သွားရပါတော့တယ်။ နောက်တော့ သူက အကြမ်းမဖက်ဗျူဟာတွေ သင်ပေးတဲ့ ဒေါက်တာဂျင်းရှပ် (Dr. Gene Sharp) နဲ့အတူ Albert Einstein Institution မှာ လုပ်ပါတယ်။ သူ့နည်းက အကြမ်းမဖက်လှုပ်ရှားမှုကို မဟာဗျူဟာသဘော ချည်းကပ်ပြီး၊ စစ်ရေးဖက်က အစီအစဉ်ရေး ဆွဲခြင်း (Planning) ဆိုတဲ့ ကိစ္စတွေ ဖြည့်စွက်ပါတယ်။ အဲဒီသင်တန်းတွေကို မာနယ်ပလောမှာ သူနဲ့ ဒေါက်တာဂျင်းရှပ်တို့ လာပေးရင်း ကျနော်နဲ့ ရင်းနှီးကြတာပါ။ ကျနော်က သူတို့သင်တန်းလက်စွဲစာအုပ်တွေ ဘာသာပြန်ပေးဖူးသလို၊ သင်တန်း တချို့မှာလည်း စကားပြန်တာတွေ လုပ်ခဲ့ဖူးပါတယ်။ သူက ကျနော့်အတွက် ထောက်ခံစာကို အပျံစား ရေးပေးပါတယ်။ တစ်ခုတော့ သူက ကျနော့်ကို ပြောပါတယ်။ "Hey! Maung ....., Harvard will change you." တဲ့။ ကျနော်ကတော့ သိပ်မခံချင်ပါဘူး။ ပြောင်းရင်လဲ ပြောင်းလိမ့်မယ်။ မပြောင်းဘဲ အရင်ကအတိုင်းပဲ ရှိရင်လည်း ရှိနေနိုင်တယ်လို့ ပြန်တော့ စာပြန်ရေးမိပါသေးတယ်။

နောက်တစ်ခု ထောက်ခံစာကိစ္စ ကျနော် ချဉ်းကပ်မိသူကတော့ အမျိုးသားညွန့်ပေါင်းအစိုးရက ဒေါက်တာစိန်ဝင်းပါ။ သူက သိပ်တော့ အကြောင်းပြချက် မပေးပါဘူး၊ ကျနော့်ကို ထောက်ခံစာရေးပေးဖို့ ငြင်းလိုက်ပါတယ်။ အကြောင်းကတော့ ထောက်ခံစာ ပုံစံ Form ထဲမှာ ဖြည့်စွက်ရတဲ့ တချို့အသေးစိတ် အချက်တွေအတွက် သူ မသိဘူးလို့ အကြောင်းပြပါတယ်။ သူ ပြန်ငြင်းလိုက်တဲ့အချိန်မှာ ကျနော်လည်း နောက်ထပ်ထောက်ခံမယ့်သူကို အသည်းအသန် ရှာရပါတော့တယ်။ လျှောက်လွှာအတွက် အချိန်ကလည်း နီးကပ်နေပြီမဟုတ်လား။ နောက်တော့ သြစတြေလျ (New South Wales) ပြည်နယ်က လွှတ်တော် အမတ် အမျိုးသမီး Ms. Janelle Saffin ကို အကူအညီတောင်းရပါတယ်။ သူက မြန်မာ့အရေး လှုပ်ရှားမှုတွေကြောင့် သိပြီး ရင်းနှီးနေတာပါ။ အခုတော့ ဖက်ဒရယ် ပါလီမန်လွှတ်တော် အမတ်ဖြစ်နေပြီလို့ ပြောပါတယ်။ သူက ချက်ချင်းပဲ ထောက်ခံစာ ရေးပေးပါတယ်။ တကယ်တော့ ကျောင်းက ရွေးလိုက်တာဟာ သူတို့က ထောက်ခံချက် ကောင်းကောင်း ရေးပေးကြလို့ ဖြစ်ပါတယ်။

တစ်ခုတော့ ရှိပါတယ်။ ကျောင်းလျှောက်တော့ ကျနော်က သြစတြေလျနိုင်ငံ နယူးဆောက်သ် ဝေးလ်စ် တက္ကသိုလ်မှာ (Diplomacy Training Program) သင်တန်းတက်ဖူးတဲ့ Certificate တစ်ခုတော့ တင်ပြနိုင်ခဲ့ပါတယ်။ အဲဒီသင်တန်းက အဲဒီ အချိန်ကတော့ အရှေ့တီမောအရေး လှုပ်ရှားနေသူ၊ အခုတော့ အရှေ့တီမောနိုင်ငံရဲ့ သမ္မတဖြစ်သူက ကြီးကြပ်ပြီး ဖွင့်တဲ့ သင်တန်းပါ။ တကယ်တော့ လူ့အခွင့်အရေးကိစ္စ နိုင်ငံတကာမှာ ချဉ်းကပ်စည်းရုံးကြတဲ့အခါ ဘယ်လိုသံတမာန်နည်းလမ်း သုံးမယ်ဆိုတာ သင်ပေးတဲ့ သင်တန်းပါ။ ကျနော်က ၁၉၉၂ တုန်းက တစ်လကြာ သွားတက်ထားဖူးခဲ့တယ်။

ထောက်ခံစာ ကိစ္စတွေပြီးပြန်တော့ စကောလားရှစ်အတွက် ငွေရှာရပြန်ပါတယ်။ အဲဒီမှာလည်း မြန်မာ ကျောင်းသားတွေ အတွက် စကော်လားရှစ်ပေးနေတာက အချို့ OSI (Open Society Institute) လို၊ UK က Prospect Burma လို အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒါပေမယ့် ဟားဗတ်တက္ကသိုလ်စားရိတ်က မနည်းလှပါဘူး၊ တစ်နှစ်ကို ဒေါ်လာ ၅ သောင်းခွဲလောက် ကျပါတယ်။ ဒီ အခု ရနိုင်မယ့် ငွေတွေက နည်းလွန်းလှပါတယ်။ အဲဒီမှာ ကျနော့်ကို ကူညီပေးမယ့်သူတွေလည်း ပေါ်လာပါတယ်။ အဲဒီအချိန်က ကိုဝင်းမင်းက ဟားဗတ်တက္ကသိုလ်မှာ တက်နေတဲ့ အချိန်ပါ။ သူ့ဇနီး ခရစ္စတီးနား ဖင့်ခ်က ကျနော့် ကျောင်းစားရိတ်ရဖို့ အစွမ်းကုန် ကြိုးစားပေးပါတယ်။ OSI အဖွဲ့က ပုံမှန်ဆိုရင် Supplementary Grant အနေနဲ့ ကျောင်းသားတစ်ယောက် တစ်နှစ် ဒေါ်လာ ၆,၀၀၀  လောက်ပဲ ပေးတတ်ပါတယ်။ ခရစ္စတီးနားက Soros Foundation အဖွဲ့ရဲ့ ဥက္ကဋ္ဌ  Arhey Neier ကို တိုက်ရိုက် တက်ပြောပါတယ်။ လိုတဲ့ငွေ အတော်များများ အဆင်ပြေလာခဲ့ပါတယ်။ ဒါပေမယ့် မလောက်ငှ သေးပါဘူး။

ဒီနေရာမှာ ကျောင်းသွားချင်တဲ့ လူငယ်တွေကို အကြံပေးချင်တာက စကောလားရှစ် ငွေထောက်ပံ့ကြေး ကိစ္စတွေမှာလည်း တင်ရမယ့် သတ်မှတ်နောက်ဆုံးရက်တွေ ရှိတတ်ပါတယ်။ အဲဒီရက်တွေကို သတိထားပြီး၊ အချိန်မီတင်နိုင်ဖို့ လိုပါတယ်။ သူတို့က ဘယ်လောက်ပေးနိုင်တယ်။ ဘယ်လို ဘာသာရပ်မျိုး လေ့လာသင်ယူမယ့် သူတွေကို အလေးပေးထောက်ပံ့တယ် ဆိုတာတွေလည်း သိထားဖို့လိုပါတယ်။ နောက်တော့ ကျနော် Propsect Burma ကလည်း ပေါင် ၃,၀၀၀ လောက် ရလာ ပါတယ်။ ဒါလည်း ငွေက မလောက်သေးပါဘူး။ အဲဒီတော့ ခရစ္စတီးနား ဖင့်ခ်က ကျနော့်နာမည်နဲ့ ဖန်းဒ် (ရန်ပုံငွေ) တခု ထောင်ပေးပြီး၊ တစ်ဦးချင်း အလှူရှင် သူဌေးတွေဆီကလည်း ထောက်ပံ့ငွေတွေရအောင် ရှာပေးပါသေးတယ်။ ကျနော် ကျောင်းတက်နိုင်ခဲ့တာ သူ့ကျေးဇူးတွေ အများကြီး ပါပါတယ်။ သိပ်မကြာခင် အချိန်မှာ ကျောင်းက ကျနော်ကို ကျောင်း တက်ခွင့်ပေးကြောင်းနဲ့ လိုအပ်တာတွေ ပြင်ဆင်ဖို့ စာရောက်လာပါပြီ။ တဖက်က ၀မ်းသာရသော်လည်း၊ တဖက်ကလည်း စာနဲ့ဝေးနေတဲ့သူ တစ်ဦးအဖို့ ဖြစ်ပါ့မလားလို့ စိုးရိမ်စိတ်တွေလည်း ဖြစ်နေရပါတယ်။ အဲဒီအချိန်က ကျနော်တာဝန်ယူ နေတဲ့ အဖွဲ့အစည်းမှာလည်း ကျနော်ကျောင်းသွားတက်မယ့်အကြောင်း၊ ခွင့်ပြုပေးဖို့ တင်ပြလိုက်ပါတယ်။ ခရီးထွက်ဖို့ တော့ စပြီး ပြင်ဆင်နေရပါပြီ။

ဆက်လက်ဖော်ပြပါမည်။

ယောဟန်အောင်

[ ကိုဟောဟန်အောင်၏ ဟားဗတ်ဒိုင်ယာရီ အမှတ်(၁) ကို သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၂) တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ (အယ်ဒီတာ) ]
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 4 of 4 comments

1. 30-10-2009 16:58

Great Survival
Hote pa ...  
You would not get admission if he(what the fucking guy so called [censored] sein win)write 4u anyhow 
 
This is he is just afraid that his letter will make trouble him back... then he dont believe you .. you will say that he makes money such an agent  
 
I also dunno what the [censored] of myanmar act such things when they are high level 
 
In SG, I find all of myanmar also act like that .. 
 
Then I realize this is what 
The triditional of Myanmar :(
Guest
leo

2. 28-07-2009 22:54

ထောက်ခံစာ ယူခဲ့ရပုံကို မျှဝေချင်လို့ပါ။
ကျမ ကျောင်းလျှောက်တုန်းက စိတ်ဒုက္ခအေ ရာက်ရဆုံးက လည်း ဒီထောက်ခံစာ သုံးစောင်ပါပဲ။ ဆရာမကြီး တစ်ဦးက ကိုယ့်ဟာကိုယ် 
ရေးလာခဲ့ပါ ။ သူလက်မှတ်ထိုးပေးမယ်တဲ့။ ကိုယ်က အဲဒီလို ထောက်ခံစာ ဘယ်လိုရေးရ တယ်မပြောနဲ့  နမူနာတောင် မမြင်ဖူးဘူး။ ကျမ မရေးတတ်လို့ ပါ ရေးပေးပါ ဆရာမကြီးရယ်ဆိုတော့ သူက မရေးတတ်မှေ တာ့ ဘာလို့ ကျောင်းလျှောက်နေသေးလဲပေါ့။ သူပြောတာလဲ ဟုတ်သလိုလိုပါပဲ။  
နောက်ဆရာတစ်ဦးက အဆင်ပြေပါတ ယ်။ ပိုက်ဆံတော င်းတယ်။ ပေးခဲ့တယ်။ ၁၀ကြောင်းေ လာက်ပဲရေးေ ပးတယ်။  
ပုဂ္ဂိုလ်အေ ကျာ်မော်တွေတော့ မသိပါဘူး။ သိတဲ့ အကျော်မော် တွေကလည်း နောက်ခံအသိုင်းဝိုင်း ကောင်းတဲ့သူကို ဆိုရင် ရေးပေးပါတယ်။ ဘာမှလည်း အသိုင်းအဝိုင်းမရှိတဲ့ သူဆိုရင် ရှေ့တင်မကောင်းတတ်လို့  ရေးပေးမယ်ေ ပါ့။ သူကပို့လာနိုး ပို့လာနိုး မျှော်ရတာ အရမ်းစိတ်ဆ င်းရဲပါတယ် ။ သူ့ကိုလည်း သတိမပေးရဲပါဘူး။ နောက်ဆုံးေ တာ့လည်း လက်မှတ်တစ် ခုနဲ့ စာလေးသုံးေ ကြာင်းကို မျက်နှာထီ မျက်နှာထား နဲ့ရေးပေးပါတယ်။ 
တကယ့်ထောက် ခံစာကို ဆရာသမား တစ်ယောက်က သေသေချာချာ ရေးပေးပါတယ်။ သူ့ကျေးဇူး ကြောင့် ကျောင်းဝင် ခွင့်ရခဲ့တာပါ။ အမြဲတမ်းကျေးဇူးတင်လျ က်ပါ။
Guest
အညာသူ

3. 26-07-2009 20:54

Thks. U Sein Win :D
အားကိုးထို က်..လေးစားထုက်သော..ဦ စိန်ဝင်းပ ပေ။ တော်သေးတာေ ပါ့.. သူရေးပေးရင်.. ကျောင်းက.. ရချင်မှတော င်ရမှာ။
Guest
k

4. 26-07-2009 07:41

miss HV?
Don't confuse..come back :grin
Guest
TM

Display 4 of 4 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ဟားဗတ်ဒိုင်ယာရီ (၂)
Tuesday, 21 July 2009 23:43

Rating 3.6/5 (16 votes)