Home အက်ဆေးများ စကားလုံးများကို ခွဲခြမ်းစိတ်ဖြာခြင်း
25 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့185
mod_vvisit_counterမနေ့က1654
mod_vvisit_counterတစ်ပတ်အတွင်း9838
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်း41356
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2891763
Join us in Facebook
Facebook Fanbox 1.5.x.0
စကားလုံးများကို ခွဲခြမ်းစိတ်ဖြာခြင်း

Views : 3870    

Favoured : 122

Share

စကားလုံးများကို ခွဲခြမ်းစိတ်ဖြာခြင်း
ခရေဖြူ
“ ဘယ်သူကတော့ မကြီးပွားမတိုးတက်ချင်နေမလဲ။ အခွင့်အလမ်းမှ မပေါ်တာ။”

“ ဘာလုပ်လုပ် ကံမကောင်းပါဘူးဗျာ။ ကျွန်တော့်ဘ၀မှာတော့ အခွင့်အရေးက တခါမှ တံခါးလာမခေါက်ဘူး။”

ကျွန်မ ပတ်ဝန်းကျင်တွင် လူငယ်များ၊ လူလတ်များ၊ လူကြီးများ ထိုထိုသော စကားများကို ပုံစံအမျိုးမျိုးနှင့် ပြောဆိုနေကြသည်။ ကျွန်မ သူတို့ကို ပြောပြချင်ပါသည်။ အခွင့်အရေးက ကျွန်မတို့ ရှိရာသို့ မပေါ်လာလျှင် ကျွန်မတို့က အခွင့်အရေးရှိရာသို့ လိုက်ရှာရပေမည်။ အခွင့်အလမ်းများ တံခါးလာ အခေါက်ကို စောင့်မနေဘဲ မျက်စိဖွင့် နားစွင့်၍ အခွင့်အလမ်းကို ရှာဖွေသူမှသာ အောင်မြင်ခြင်းလမ်းစကို ဆုပ်ကိုင်မိချေမည်။

ကျွန်မ၏ ၇တန်း သမိုင်းဆရာမ ဒေါ်အေးအေးဝင်းက ပြောဖူးသည်။ သူမ ဆရာမဖြစ်ခါစက ကျောင်းဆင်း၍ အိမ်ပြန်လာလျှင် ဂရုဏာဒေါသဖြင့် "ဟိုကျောင်းသားကတော့ ဘယ်လိုစာမကြိုးစားတာ။” “ ဟိုကျောင်းသူကတော့ စာသင်ချိန်မှာ ကာတွန်း ခိုးဖတ်နေတာ” စသည်ဖြင့် ကျောင်းမှ အကြောင်းအရာများကို ဇာတ်စုံခင်းတတ်၍ အိမ်ရှိ လူကုန်များ ညည်းကြရ၏။ တခါတော့ သူမအဖေက သူမကို ပြောသည်တဲ့။ “သမီးရယ်.. ကျောင်းသားတွေ အားလုံး စာကို အပတ်တကုပ် ကြိုးစားကြမှဖြင့် ဘယ်မှာလာ ဆရာဝန်ရယ်၊ ဆိုက်ကားသမားရယ် ဆိုပြီး ကွဲပြားနေကြပါ့မလဲ။ အားလုံး ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေပဲ ဖြစ်ကုန်ပေမပေါ့” ဟုပြောသည်ဟူ၏။ ဤသည်ကိုကြည့်လျှင် လူနည်းစုသာလျှင် အောင်မြင်အောင် လုပ်နိုင်သည်ကို တွေ့ရသည်။ အဘယ့်ကြောင့်နည်း။ ရှင်းပါသည်။ လူအများစုသည် တစ်နေရာရာမှ ရောက်လာမည့် အခွင့်အလမ်း တစ်ခုခုကို မျှော်လင့်ရင်း ဘ၀၏ တန်ဖိုးရှိသော အချိန်များကို ကုန်ဆုံးနေကြသောကြောင့် ဖြစ်ပါ၏။
xxx xxx xxx
“ ဟိုနေ့က ကျော်သူရကွာ။ မြန်မာပြည်ပြန်ဖို့ လေဆိပ်အဆင်းမှာ laptop ကို Taxi ပေါ်မေ့ကျန်ခဲ့တာ..”
“ ပြန်ရလား”
“ ဘယ်ပြန်ရမလဲ။ ဒီကောင်က ကားနံပါတ်လဲ မမှတ်မိ၊ လေယာဉ်ချိန်ကလဲ နီးနေဆိုတော့၊ ကိစ္စမရှိပါဘူး။ ဒီကောင့်အဖေက High Boss လေ။ ပျောက် ဘာရေးလဲ။”
“ ဟား ဟား ဟား ဟား”

ရယ်သံများက ကျွန်မနားထဲသို့ မချမ်းမြေ့စွာ စီးဝင်လာ၏။ SIM University ၏ Canteen တစ်နေရာတွင် ဖြစ်သည်။ မိဘများသည် သားသမီးများ ရှေ့ရေးအတွက် နိုင်ငံရပ်ခြားမှ ကောင်းမည်ထင်သော တန်ဖိုးကြီးကျောင်းများသို့ ငွေကုန်ကြေးကျခံ၍ ပို့ကြသည်။ အချိန်ပိုင်းအလုပ်များ ၀င်ရောက်လုပ်ကိုင်ကာ မိဘပိုက်ဆံကို စစ်စစ်စီစီသုံးစွဲ၍ စာကြိုးစားသော ကျောင်းသားဦးရေ မည်မျှရှိမည်ဟု ခန့်မှန်းပါသနည်း။ ခိုင်မာသော စိတ်ဓာတ်နှင့် မြင့်မားသော ရည်မှန်းချက်များကို ကျွန်မတို့ မြန်မာလူငယ်များ၏ အသည်းနှလုံးထဲ ဦးနှောက်ထဲသို့ သွင်းပေးလိုလှသည်။
xxx xxx xxx
“ ဟေ့ကောင် ပျောက်လှချည်လား”

“ အေးကွာ..အသည်းလေးက နေ့နေ့ညည အနားကမခွာဘူး ဖြစ်နေတယ် ဟားဟား”

“ ဟိုတလောက တွေ့တဲ့တစ်ယောက်လား”

“ ဖြီးတဲ့မွပဲ။ ဒါနောက်တစ်ယောက်ကွ။ နောင်နောင်တို့က စော်ကို ဘယ်တော့မှ ကြာကြာမတွဲဘူး”

“မင်းကွာ ဇယားတွေ သိပ်နောက်မနေနဲ့။ ကွိုင်ပတ်နေဦးမယ်။ ရွာမှာလည်း ချည်တိုင်ကြီး ရှိသေးတယ်”

“ တော်စမ်းပါကွာ။ မင်းမရလို့မလား။ ဟားဟား..ငါ့အသည်းလေးတို့ သယ်ရင်းတွေထဲမှာ နောက်ထပ်အလန်းလေးတွေရှိသေးတယ်။ ဘယ့်နဲ့လဲ။ join ပေးရမလား။ ပွဲစားခကတော့ တစ်လုံးကြေးပဲ”

“ လုပ်စမ်းပါ ဆရာနောင်နောင်ရယ်။ အားကိုးပါတယ်။ ဟားဟားဟား”

Penunsula Plaza ၏ တစ်နေရာတွင်ဖြစ်သည်။ ရယ်သံများထဲတွင် ပေါ့တန်ခြင်း၊ တလွဲ ဂုဏ်ယူခြင်း၊ အကျင့်ပျက်ခြင်းများ ရာနှုန်းပြည့် စီးပြောနေ၏။ ပစ္စည်း တစ်ခုကို အသစ်မှ ပြန်လုပ်ခြင်းနှင့် ဟိုတစ်စ ဒိတစ်စ ပြန်လည်ပြုပြင်ခြင်း ဘယ်အရာပို၍ လွယ်ယူမည်နည်း ကျွန်မ မသိပါ။ Work Permit နှင့် လာရောက် လုပ်ကိုင်ရင်းမှ အချိန်ပိုင်း Diploma သင်တန်းများတက်ကာ အမြဲတမ်းနေထိုင်ခွင့် PR ရသွား၍ လုပ်ငန်းအဆင့်ဆင့် တိုးတက်သွားသောသူ ဘယ်နှစ်ယောက်ရှိမည်ဟု ခန့်မှန်းပါသနည်း။ ကြံခိုင်သော စာရိတ္တ၊ စွဲမြဲသော ကြိုးစားလိုစိတ် ၀ီရိယများ ထိုလူငယ်လေးများတွင် ရှိစေလိုလှပါသည်။

xxx xxx xxx
“ဟဲ့ ဟဲ့ အဲ့ဒါလေ အဲ့ဒါ December Star ရဲ့ သမီးအထွေးဆုံးပေါ့။ ဒါကြောင့် နန္ဒက နင့်မသုံးတော့ဘူး။ ဟိုကို ကပ်နေတာ Super Glue ထက်တောင် မြဲသေး”

“ အမလေး ငါကလည်း နန္ဒကို ထည့်မစဉ်းစားသေးဘူး။ ဒီမှာ ဗိုလ်မှူးကြီး သူရထိပ်တင်ရဲ့သားကို ဘယ်လိုဇာတ်လမ်းရှာရမလဲလို့ အုံးစားနေတာ”

Orchard လမ်းမကြီးကို မေးတင်ထားသော Management & Accounting Private School တစ်ခု၏ ကျောင်းရှေ့တစ်နေရာ။ ကိုယ်ပိုင်အလင်းရောင် နှင့် သူတပါး အလင်းရောင်အကြောင်း၊ သစ်ကပ်ပင်ငယ်နှင့် မြေကြီးပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ ရှင်သန်နေသော မြက်ပင်ငယ်အကြောင်း ပြောပြလျှင် ကျွန်မကို ‘ ဒိုက်စကားတွေ တောမှာသွားပြော’ ဟုဆိုကြလေမည်လား။ ထိုထိုအီအီ ဘာသာရပ်တွေ မသိမီ၊ Self-management၏ တစ်စိတ်တစ်ဒေသဖြစ်သော ကိုယ်ပိုင်တန်ဖိုး၊ အချိန်၊ အပျော်အပါး၊ အလုပ် ညီမျှစွာနေထိုင်ခြင်း စသည်တို့ကို နားလည် လေ့လာသင့်၏။ ၀င်ငွေထွက်ငွေကို မျှတစွာ သုံးစွဲတတ်မှုသည်လည်း ဘ၀ Management ၏ အပိုင်းတစ်ခုဖြစ်ပါ၏။ အားမထုတ်ပဲ ရရှိသောအရာသည် ခိုင်မြဲမည်မဟုတ်ပါ။ ကိုယ်ပိုင်အလင်းရောင်နှင့် ထည်ဝါနေသော မောင်ငယ်၊ ညီမငယ်များကို မြင်လိုလှသည်။

xxx xxx xxx
Peninsula Plaza ၏ ၀င်းမြန်မာ ထမင်းဆိုင်မှ စားပွဲတစ်ခု။ စာမေးပွဲ နောက်ဆုံးနေ့မို့ အားလုံး စိတ်လွတ်ကိုယ်လွတ် ရှိနေကြသည်။ ကျွန်မ၊ ဥမ္မာ၊ ဝေေ၀ကျော် နှင့် သူ့ရည်စား၊ လွင်မောင်ထိုက်တို့ ၅ယောက်။ ကိုယ်ကြိုက်တာ ကိုယ်မှာစားရင် စကားတွေ ဖောင်ဖွဲ့နေသည်။ ဖြေနိုင်ကြ၍ စကားပြောရတာ အာသွက်နေကြသည်။ ကျွန်မက “ ကဲ ဝေကျော်တို့စုံတွဲ ဘယ်တော့စားရမှာလဲ” ဟု နောက်လိုက်သည်။ ဝေကျော်က နှုတ်ခမ်းကို လှလှလေးမဲ့၍ “ဝေးပါသေးတယ် ခရေဖြူရယ်။ သူက အစားဆို အကောင်းမှ၊ အ၀တ်ဆို Branded မှ၊ ဘယ်ကလာ မိန်းမယူ၍ ငွေရှိပါ့မလဲ။ ဘဏ်ကို အကြွေးတင်နေတာတင် ၃သောင်းကျော်”

ဥမ္မာက တအံတသြနှင့် “စင်ကာပူဒေါ်လာ သုံးသောင်းကျော်လား” ဟုထပ်မေးသည်။

“ အေးပေါ့ဟဲ့။ စင်ကာပူဒေါ်လာပေါ့”

ကျွန်မက ဝေကျော်ပြောပြထား၍ ကိုဝဏ္ဏမိဘများမှာ စီးပွားရေး တောင့်တင်းသူများဖြစ်သည်။ ကိုဝဏ္ဏကိုယ်တိုင်လည်း ကုမ္မဏီကြီးတစ်ခုတွင် အလုပ်လုပ်နေ၍ လစဉ်ဝင်ငွေရှိနေသူတစ်ယောက်က အကြွေး သုံးသောင်းကျော် ရှိနေသည်ဆို၍ အံသြတကြီးဖြင့် “ ဘာတွေများသုံးလို့ ဒီလောက်တောင် ကုန်ရတာလဲ ကိုဝဏ္ဏရယ်” ဟုမေးမိတော့ သူက ကျွန်မကို အတော်သနားစရာကောင်းသည် ဟူသောအကြည့်ဖြင့်ကြည့်၍ “ ခရေဖြူ မသုံးတတ်ရင် ကျွန်တော့်ကို ပိုက်ဆံချေးလေ။ ကျွန်တော် သုံးပြမယ်” ဟူ၏။အမယ်လေး ခရေဖြူတို့များ တုံးချက်က ပိုက်ဆံတောင် မသုံးတတ်လို့ သူများပေးသုံးပြခိုင်းရတယ် ဟုပြော၍ ရယ်ကြရသေး၏။

ငွေကို သုံးတတ်ရမည်။ စည်းစနစ်တကျ မျှတစွာသုံးတတ်ရမည်။ အလုပ်အကိုင်အဆင်မပြေချိန်၊ နေထိုင်မကောင်းချိန် ခြေစောင့်လက်စောင့်ငွေရှိရမည်။ မင်္ဂလာဆောင်ချိန်၊ သားသမီးရချိန်၊ သားသမီးကျောင်းနေချိန် စသည်ဖြင့် စနစ်တကျ ရာထားသုံးစွဲတတ်ရမည်။ တလက်ဆက်တိုက် ငွေသုံးခြင်းသည် ငွေသုံးတတ်ခြင်းမဟုတ်၊ ငွေဖြုန်းခြင်းသာ ဖြစ်ပါ၏။
xxx xxx xxx
“မားသားကြီးတို့ကလည်းကွာ ခုထိငွေမပို့သေးဘူး။ ဒီမှာ သုံးစရာက မရှိတော့ဘူး။ သူငယ်ချင်းတွေဆီက လှည့်ထားရတာ မျက်နှာပူလှပြီ။ ဘာလို့များ ဒီငမွဲ မိဘတွေဆီမှာ လူလာဖြစ်လဲမသိဘူး” ။ ကားမှတ်တိုင်တွင်ထိုင်နေစဉ် မိန်းကလေးတစ်ယောက် phone ပြောနေခြင်းဖြစ်သည်။ ကျွန်မ စဉ်းစားနေမိသည်။ “မိဘတွေ တာဝန်မကြေဘူး။” “ဘာလို့ ငါ့မိဘက သူဌေးမဟုတ်ရတာလဲ” “ဘာလို့ မွဲရတာလဲ” စသည့် အပြစ်တင်စကားများဆိုနေသူများကို တချိန်ကျလျှင် ထိုသူတို့၏ သားသမီးများက ထိုစကားများဖြင့်ပင် သူတို့ကို အပြစ်တင်ကြပေဦးမည်။ ထိုသို့ဆိုလျှင် အပြစ်တင်ခြင်း သံသရာသည် အဘယ်မှာ ဆုံးချေမည်နည်း။ ကျွန်မတို့ သားသမီးများလက်ထက်တွင် ထိုသို့အပြစ်မတင်ရလေအောင် ကျွန်မတို့ လက်ထက်တွင် စတင်ပြောင်းလဲပစ်ရမည်။ မျိုးရိုးစဉ်ဆက် မချမ်းသာလာသော်လည်း မိမိလက်ထက်တွင် အောင်မြင်အောင်၊ အခြေအနေတစ်ခုကိုရောက်အောင် ကြိုးစားရမည်မှာ ကျွန်မတို့တာဝန်ဖြစ်သည်။

အချိန်မဖြုန်းပါနှင့်။ အင်္ဂလိပ်စာကို လေ့လာပါ။ စကားပြောကျင့်ပါ။ အလုပ်နှင့်ပတ်သက်သော သင်တန်းများတက်နိုင်အောင် ကြိုးစားပါ။ အခွင့်အလမ်းကို စောင့်မနေပါနှင့်။ အခွင့်အလမ်းကို ရှာဖွေပါ။ မေးမြန်းပါ၊ စုံစမ်းပါ။ ရိုးသားပါ။ အခွင့်အလမ်းကို မုချ သင်ဆုပ်ကိုင်မိပါလိမ့်မည်။

ခရေဖြူ

Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 10 of 10 comments

1. 12-08-2010 17:30

စကားလုံးများကို ခွဲခြမ်းစိတ်ဖြာခြင်း
အခွင့်အလမ်းကို ထိုင်စောင့် မနေပါနဲ.။ ရှိတဲ.အချိကို အကောင်းဆုံး အသုံးကျပါ။ အခွင့်အလမ်းကို ရှာဖွေပါ။ မေးမြန်းပါ ။ စုံစမ်းပါ။ ရိုးသားပါတဲ. 
 
အရမ်းကောင်းပါတယ် ခင်ဗျာ............ .
Guest
ကိုဖြိုး

2. 11-11-2009 22:20

Nice article to distribute among Youths
ခရေဖြူရေ... 
ခရေဖြူရဲ့ စာတွေကို ဖတ်ရတော့ ခရေဖြူ ကို ပိုပြီး နားလည်လာတယ်။ ခရေဖြူရဲ့ စေတနာကိုလည်း လေးစားဂုဏ် ယူမိတယ်။ ဒီကနေ့မြန် မာလူငယ်တို င်းသာ ဒီလိုသဘောထားတွေကို နားလည်သဘော ပေါက်ကြမယ် ဆိုရင် ... :)  
 
Linn ACE
Guest
Linn ACE

3. 05-11-2009 00:53

တင်ပြပုံလေး... အရမ်းကြိုက်တယ် ....
လူငယ်တွေအားလုံးကို ဖတ်စေချင်တ ယ် ၊ ကြိုးစားပါ ၊ အမြဲအားပေး နေမယ် ။
Guest
Than Soe Aung

4. 30-10-2009 15:44

Analysis for Myanmar (Sori for if rude)
Ma'am..it is very good. Most of myanmar are such animals not only behaviour, spiritually also.MRT,U will find other citizens such as chinese,thai,vietnam,India,Ban gla,Philip respect their own citizens each others, but maynamar,you will find the [censored] treatment.So Ma'am. dont try to mend.. 
Then,Daw Suu sacrifice the whole life those animals'future.She is pityful..She forgot who kill Bogyoke..I wish her not to let it happen as her father if she win the election.. 
Read'Yazar-Di-Rit-Ah-Yay-Taw- Bon-Kyan'pls
Guest
leo

5. 28-10-2009 13:20

အရမ်းကောင်းပါတယ်
မမရေ အပြင်မှာလူ ငယ်တွေအဲလိုဖြစ်နေတြာ ကာပြီ 
မမကို ခင်ချင်ပါတ ယ် 
ချောကလက်မြို့တော်မှာ တွေ့ဖူးသလိုပဲမမကို  
မမ မေးပေးပါလား မမကိုမေးစရာတွေလည်းရှိတယ် 
မသိသေးတာတွေပေါ့
Guest
ဇင်မွန်

6. 22-09-2009 03:16

မိဘတွေ ဘယ်လောက် ရင်နာမလဲ
တစ်ခါတစ်ခါ လောက် ပြန်တွေးစေ ချင်မိတယ်.. 
တစ်ဖက် ခံရသူရဲ့ မိဘ မပြောပါနဲ့  
ဒီလို တစ်လွဲ ဆံပင်ကောင်းနေတဲ့ သူတွေရဲ့ မိဘတွေကိုယ်နှိုက်က  
ပြန်မြင်ရင် ဘယ်လောက် ရင်နာရမလဲ... .
Guest
John

7. 08-09-2009 14:22

အရမ်းဖတ်လို့ကောင်းပါတယ်
တလွဲဆံပင်ေ ကာင်းနေတဲ့ မြန်မာတွေလ ည်းအများကြီးပါပဲ
Guest
lynlyn

8. 02-09-2009 20:38

၇တနာဆိုတာ၇ှားစမြဲ
ခေ၇ဖြူေ၇...သိပ်ကော င်းတဲ့ စာလေးပါပဲ... မိဘကကြိုးစားပြီး ပညာသင်ပေးတာကို မထောက်ပဲ ကိုယ့်စိတ် အလိုလိုက်ေ န၇င် အနာဂတ်မကော င်းနိုင်ဘူး...ညီမလေးလို သမီးလေးတွေ ကိုယ်တို့နိုင်ငံမှာများမှပဲ... :)
Guest
ဘုန်းစင်ကြယ်

9. 16-08-2009 05:17

ပညာ
ကျွန်တော်က တော့ လူငယ်တွေကို ပညာဘက်ကို ဇောင်းပေးသ င်စေချင်တယ်။ Critical thinking ပါတွဲပါနေသ င့်တဲ့ professional ပညာရေးမျိုးပါ။ သမိုင်းရော ရူပဗေဒရော သချာင်္ရော အဲဒီလိုမျိုး နယ်စုံတတ်မှ။ အခုဟာက ကိုယ်နဲ့ဆိုင်သလောက်ပဲ တတ်ပြီး ကျန်တာတွေ ကကြီးခခွေး တောင် မသိတော့ဘူး ။ ဘာသာရပ် များများစားစားကို အခြေခံပညာေ ရးမှာ တတ်ထားဖို့ လိုတယ်ဆိုတာ ဘယ်သူမှ သံသယရှိမယ် မထင်ပါဘူး။ အဲဒီလိုလူမျိုး အုံနဲ့ကျင်းနဲ့ရမှ နိုင်ငံကို မောင်းနှင် မဲ့ ပညာတတ်အလွှာ ရမယ်။ ဆိုတော့ ဒါက အစိုးရမှာတာဝန်ရှိတယ် ။ တစ်ဦးစနှစ်ဦးစကတော့ ထားပါတော့ေ လ။
Guest
Ninmujar

10. 13-08-2009 16:53

ခရေဖြူ့အတွေးနဲ့စေတနာကိုလေးစားပါတယ်
ငယ်ရွယ်တဲ့ အချိန်မှာပ ညာရှာဖို့ထ က်ပကာသနတွေ နောက်လိုက် ပြီးလမ်းလွဲနေတဲ့သူတွေအတွက်စိတ် မကောင်းပါ :sigh
Guest
ပိုးအိ

Display 10 of 10 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
စကားလုံးများကို ခွဲခြမ်းစိတ်ဖြာခြင်း

Rating 3.5/5 (20 votes)