Home ဆောင်းပါးများ ဆင်းရဲခြင်းလွတ်ကင်းအောင်နှင့် မြန်မာပြည်အခြေအနေကို သုံးသပ်ခြင်း
19 | 06 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1259
mod_vvisit_counterမနေ့က2409
mod_vvisit_counterတစ်ပတ်အတွင်6း072
mod_vvisit_counterယခင်သတင်းပတ်က17667
mod_vvisit_counterတစ်လအတွင်3း7487
mod_vvisit_counterယခင်လက48514
mod_vvisit_counterစုစုပေါင်း2939782
Join us in Facebook
Facebook Fanbox 1.5.x.0
ဆင်းရဲခြင်းလွတ်ကင်းအောင်နှင့် မြန်မာပြည်အခြေအနေကို သုံးသပ်ခြင်း

Views : 2917    

Favoured : 84

Share

ဆင်းရဲခြင်းလွတ်ကင်းအောင်နှင့် မြန်မာပြည်အခြေအနေကို သုံးသပ်ခြင်း

ကိုငယ်(မန္တလေး)

 

Jeffrey D Sachs ၏ The End of Poverty ကို ဆရာကျော်ဝင်း ဘာသာပြန်သည့် “ဆင်းရဲခြင်းလွတ်ကင်းအောင်” အမည်ရသည့် စာအုပ်ကို ဖတ်အပြီးတွင် ထိုစာအုပ်ပါ အကြောင်းအရာများနှင့်ယှဉ်ကာ ကျွန်တော်တို့ မြန်မာပြည် အကြောင်းကို စဉ်းစားမိသည်။ ကျွန်တော်တို့ မြန်မာပြည်သည် ဆင်းရဲသည့် နိုင်ငံများတွင် တစ်နိုင်ငံ အပါအ၀င် ဖြစ်နေသည်။ ရှေးကာလက “ဆီကို ရေချိုး ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ခဲ့သော မြန်မာပြည်သည် ကမ္ဘာအဆင်းရဲဆုံးနိုင်ငံ (သို့) တိုးတက်မှု အနှေးကွေးဆုံး နိုင်ငံစာရင်း အတွင်းသို့ သက်ဆင်း ရောက်ရှိနေပြီ ဖြစ်သည်။ နိုင်ငံ၏ ပထ၀ီအနေအထားအရ စိုက်ပျိုးရေးလုပ်နိုင်သော မြေဆီများ၊ မြစ်ချောင်းများစွာ ရှိသည်။ ကြွယ်ဝသော မြေပေါ်မြေအောက် သယံဇာတ များစွာရှိသည်။ သို့သော် ပြည်သူအများစုသည် ကျန်းမာရေး၊ ပညာရေး၊ အစာလုံလောက်မှု မရှိခြင်းတို့နှင့် ရင်ဆိုင်နေရသည်။

“ဆင်းရဲခြင်းလွတ်ကင်းအောင်” စာအုပ်၏ အစတွင် အာဖရိကရှိ မာလ၀ီ ၊ အာရှရှိ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နှင့် တရုတ် လေးနိုင်ငံကို ယှဉ်ပြကာ ဆင်းရဲမှုအကြောင်းကို တင်ပြသည်။ ကျွန်တော်တို့ မြန်မာပြည် အခြေအနေသည် မည်သည့် အဆင့်သို့ ရောက်နေသနည်းဟု နှိုင်းယှဉ် စဉ်းစားကြည့်လျှင် ဘင်္ဂလားဒေရှ်နှင့် အိန္ဒိယ ကြားတွင် ရှိသည့်ဟု ခန့်မှန်းနိုင်သည်။ မာလ၀ီ အဆင့်တွင်တော့ မရှိပါ။ မာလ၀ီတွင် ကြုံရသော ရေရှားပါးခြင်းစိုက်ပျိုးမြေရှားပါးခြင်းများကို ကျွန်တော်တို့ မြန်မာပြည်၏ အချို့နေရာများတွင်သာရှိပါသည်။

ယခင်က မြန်မာနိုင်ငံတွင် ဘင်္ဂလား အလုပ်သမားတို့ကို အစေခံများ အမှိုက်သိမ်းအလုပ်သမားများ အဖြစ် ထားကြသည်။ ယခု ဘင်္ဂလာဒေ့ရှ်မှာမူ မြန်မာနှင့် ပခုံးချင်းယှဉ်နိုင်သော အနေအထားတွင် ရှိနေသည်ကို လွန်ခဲ့သော ရေပိုင်နက် ကိစ္စ ပြဿနာတွင် တွေ့နိုင်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လေဘေး၊ ရေဘေး ဟူသော သဘာဝဘေးအန္တရာယ်များနှင့် နှစ်စဉ် ရင်ဆိုင်ရလေ့ ရှိခြင်း၊ သန်း ၁၃၀ ရှိသော လူဦးရေနှင့် နိုင်ငံဧရိယာ သေးငယ်လွန်းကာ လူနေသိပ်သည်းလွန်းခြင်း တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဆိုးရွားသောအခြေအနေကို ဖန်တီးထားသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်တွင် ပြည်သူက တင်မြောက်ထားသော ပြည်သူ့အစိုးရသည် ပြည်သူတို့၏ စားဝတ်နေရေး အဆင်ပြေမည့် လမ်းကြောင်းကို စဉ်းစာပေးလေ့ ရှိသည်။ တိုင်းပြည်စီးပွားရေးတိုးတက်ရေးကို စီစဉ်ကြံဆပေးသည်။ နိုင်ငံရပ်ခြား တိုင်းပြည်များသို့ အလုပ်သွားရောက် လုပ်ကိုင်သူများကို တိုင်းပြည်၏ နိုင်ငံခြားငွေ ရှာပေးသူများအနေဖြင့် တလေးတစား ဆက်ဆံသည်။ နောင်ဖြစ်လာမည့် အခြေအနေကိုကား ဆက်လက်လေ့လာကြရမည် ဖြစ်ပေသည်။

မြန်မာပြည်၏ နိုင်ငံရေး စီးပွားရေး အခြေအနေကား အခြားနိုင်ငံများနှင့် မတူသည့်အချက်များရှိသလို တူသည့် အချက်များလည်း ရှိသည်။ ဥရောပ အလယ်ပိုင်းရှိ ပိုလန်နိုင်ငံသည်လည်း ပြုပြင်ပြောင်းလဲခဲ့သည့် နှစ်ကာလမှာ မကြာလှသေးပေ။ မြန်မာနိုင်ငံနှင့် တူညီသည့်အချက်ကား ဆိုရှယ်လစ်နိုင်ငံ တစ်နိုင်ငံ ဖြစ်၍ ဆိုရှယ်လစ်စနစ်တွင် စီးပွားရေးကျဆင်းခဲ့ကာ အဖက်ဖက်မှ ဆင်းရဲသောနိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဗိုလ်ချုပ်နေ၀င်းလက်ထက် မဆလ အစိုးရလက်ထက် ကဲ့သို့ပင် ဖြစ်သည်။ သို့သော် ပိုလန်နိုင်ငံသည် ၁၉၈၉တွင် စားပွဲဝိုင်းတစ်ခုတွင် ထိုင်ကာ ခေါင်းဆောင်များက ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။ နိုင်ငံရေး ပြဿနာကို ဖြေရှင်းအပြီးတွင် တိုင်းပြည်နှင့် ပြည်သူအပေါ် စေတနာထားသူတို့၏ ကြိုးပမ်းမှုများကြောင့် စီးပွားရေး နာလန်ထူနိုင်လာသည်။ တိုင်းပြည်အခြေအနေသည် ဆယ်စုနှစ် ၂ ခု အတွင်း၌ များစွာ တိုးတက် ပြောင်းလဲလာခဲ့သည်။ မြန်မာပြည် အခြေအနေကား မဆလ လက်ထက်အခြေအနေနှင့် ပိုသည်မှာ စီးပွားရေးတံခါး မဟတဟ ဖွင့်နိုင်ယုံလေးသာ ရှိသည်။ တစားပွဲတည်းထိုင်ကာ ညှိနှိုင်းမှုကား ဖြစ်နိုင်ရန် ခဲယဉ်းနေသေးသည်။

ရုရှား၏ စီးပွားရေး အခြေအနေနှင့် ခေါင်းမာမှုများသည်ကား မြန်မာပြည်လက်ရှိ အခြေအနေနှင့် ဆင်သယောင်ယောင်နှင့် မတူကွဲပြား ပြန်လေသည်။ လကမ္ဘာပေါ် ပထမဆုံးခြေချခဲ့သော တိုးတက်သည့် ရုရှားသည် ယနေ့ခေတ်တွင် နျူကလီးယားလက်နက် ပိုင်ဆိုင်မှုမှ အပ စီးပွားရေး ဖွံဖြိုးမှုတွင် နောက်ကျကျန်ခဲ့ပေပြီ။ ၁၉၉၀ လောက်က ရုရှား၏ စီးပွားရေးကား မြန်မာပြည် စီးပွားရေးနှင့် အတော်တူသည်။ မှောင်ခိုဈေးကွက် ကြီးမားလာသည်။ ကုန်ပစ္စည်းတွေမှာလည်း အစိုးရ စတိုးဆိုင်များမှ ပျောက်ခြင်းမလှ ပျောက်နေသည်။ ငွေကြေး ဖောင်းပွမှုများက မြင့်သထက်မြင့်လာသည်။ ဈေးကွက်တွင် လက်ဝါးကြီးအုပ်မှုများ၊ အစိုးရအဖွဲ့တွင်းရှိ ၀န်ထမ်းများ၏ လာဘ်စားမှုများ၊ ခေါင်းမာသော ခေါင်းဆောင်များ၏ ပြုပြင်ပြောင်းလဲမှု မလိုလားမှုများသည် ယနေ့ မြန်မာနိုင်ငံအခြေအနေနှင့် တူညီနေသည်။ သယံဇာတဖြစ်သော ရေနံမှ ၀င်သော ငွေကိုသာ မှီခိုနေရသောကြောင့် ရေနံဈေးကျလာသည်နှင့် ရုရှားတို့ မျက်ခုံးလှုပ်ရလေသည်။ သဘာဝဓာတ်ငွေ့သိုက်မှ ရသော နိုင်ငံခြားဝင်ငွေ အပေါ် နည်းပညာမရှိဘဲ မှီခိုနေသော မြန်မာပြည်သည်လည်း ဆင်းရဲမှုထောင်ချောက် (Poverty Trap) တွင်းသို့ သက်ဆင်းနေခြင်းပင် ဖြစ်သည်။ ရုရှားသည် နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်၍ နည်းပညာ တိုးတက်ခဲ့သည်။ ယနေ့ အခြေအနေတွင် ဒီမိုကရေစီအဆောင်အယောင် စည်းမျဉ်းဥပဒေများနှင့် တွေ့နိုင်ပေသည်။ မြန်မာနိုင်ငံသည်ကား ပရမ်းပတာသွားနေသော နိုင်ငံတစ်နိုင်ငံဟုပင် ဆိုရပေလိမ့်မည်။

ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယသည် မြန်မာပြည်ကို ၀ိုင်းရံထားသည်။ မြန်မာပြည်၏ သယံဇာတကို အလုအယက်ဝယ်ကြသည်။ မြန်မာပြည်တွင်းသို့ ၎င်းတို့နိုင်ငံထွက် ပစ္စည်းများကို တင်သွင်းကြသည်။ စစ်လက်နက်ပစ္စည်းများကို အပြိုင်အဆိုင် တင်သွင်းကြသည်။ နိုင်ငံရေးအရလည်း အဆက်အသွယ်ရှိသည်။ တရုတ်နိုင်ငံက လတ်တလောတွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ၀ယ်ယူခွင့်ရရှိပြီး တရုတ်ပြည်သို့တင်ပို့ရန် ဓာတ်ငွေ့ပိုက်လိုင်းများ ဖောက်လျက် ရှိသည်။ နိုင်ငံတကာနှင့် ဆက်ဆံရေးတွင်လည်း တရုတ်နိုင်ငံက မြန်မာပြည်အား အကာအကွယ်သဖွယ် ဆီးတား ထားပေးလေသည်။ အိန္ဒိယကမူ  အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်မစွက်ဟူသည့် မူဖြင့် ရေငုံနှုတ်ဆိတ်၍ နေသည်။

အင်္ဂလိပ်လက်အောက် ကျခဲ့ဖူးသည့် အိန္ဒိယနှင့် မြန်မာနိုင်ငံတွင် အနောက်နိုင်ငံများကို မယုံသည့် စိတ်ကား ကြီးစိုးဆဲပင် ဖြစ်သည်။ လွတ်လပ်ရေးရပြီး ဆိုရှယ်လစ်စနစ်ဆန်ခဲ့သော အိန္ဒိယ၏ စီးပွားရေးသည် ၁၉၈၀ ပြည့်နှစ်အလွန် ရာဂျစ် ဂန္ဒီ လက်ထက်ရောက်တော့မှ ပြုပြင်ပြောင်းလဲမှုကို ပထမဆုံး အကြိမ် ကျင့်သုံးလာခဲ့သည်။ အဆက်ဆက်သော ၀န်ကြီးချူပ်များသည် တိုင်းပြည်စီးပွားရေးကို တိုးတက်စေရန် ကြံဆောင်ခဲ့ကြသည်။ ပညာရေးကို အထူးအားပေးခဲ့သည်။ လွတ်လပ်ရေးရပြီးစက ဖွင့်ခဲ့သော “အိန္ဒိယ နည်းပညာ တက္ကသိုလ်များနှင့် စီပွားရေးတက္ကသိုလ်များ” ၏ ရလဒ်ဟု ပြောနိုင်သည်။ ထိုတက္ကသိုလ်များမှ နိုင်ငံတကာ အဆင့်မီ အင်ဂျင်နီယာများ၊ စီးပွားရေးပညာရှင်များ ကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့် အချိန်တိုတို အတွင်းတွင် အိုင်တီနည်းပညာဖွံ့ဖြိုးမှုဖြင့် နိုင်ငံစီးပွားရေးကို ပြန်လည် နာလန်ထူလာနိုင်သည်။ မြန်မာနိုင်ငံတွင်မူ ယခင်ခေါင်းဆောင်လုပ်သွားသည့် စီမံကိန်းသည် လက်ရှိ ခေါင်းဆောင်အတွက် အကျိုးမရှိလျှင် ရပ်ဆိုင်းလေ့ ရှိသည်။ ပညာရေးတွင်ကား ဆိုးရွားလှသော အခြေအနေတွင်ရှိသည်။ လွတ်လပ်ရေးရပြီးစ ကာလက နိုင်ငံတကာစံချိန်မီခဲ့သော ရန်ကုန်တက္ကသိုလ်သည် အစိတ်စိတ်အမြွာမြွာ ဖြစ်ခဲ့ရသည်။ နည်းစနစ်များကို စိတ်ထင်သလို ပြောင်းလဲတတ်သည်။ တက္ကသိုလ်များ ပေါများလာသော်လည်း နိုင်ငံတကာက အသိအမှတ်မပြုပေ။ ပညာအဆင့်အတန်း နိမ့်ကျလာခြင်းက ယခုမျိုးဆက်ကို ဆုတ်ယုတ်စေသလို နောင်မျိုးဆက်ပေါင်း များစွာကိုလည်း နိုင်ငံတကာအလယ်တွင် မျက်နှာငယ်စေလိမ့်မည်။

တရုတ်နိုင်ငံသည်လည်း တိုးတက်မှုတို့တွင် ပညာကို အခြေခံခဲ့ခြင်း ဖြစ်သည်။ မော်စီတုန်း၏ ၀ါဒ အရ ဆရာဝန်များ၊ဆရာဆရာမများသည် ကောက်ကွေ့သော မယုံကြည်ရသော လူတန်းစားများ ဖြစ်သည်။ ထိုအချိန်က ထိုပညာတတ်လူတန်းစားသည် ဖိနှိပ်ခြင်း များစွာ ခံခဲ့ရသည်။ သို့သော် ၁၉၇၀ အလွန်နှစ်များတွင် တက္ကသိုလ်ဝင်ခွင့်များကို ပြန်လည်ကျင်းပပေးခဲ့သည်။ ဖြေဆိုသူ သန်းနှင့်ချီရှိသော်လည်း အောင်မြင်သူ အရေအတွက်မှာ ထောင်ဂဏန်းသာ ရှိပေသည်။ သို့သော် ထိုထောင်ဂဏန်းသည်ပင် ယနေ့ တိုးတက်လှသော တရုတ်ပြည်၏ အမာခံများ ဖြစ်ပေသည်။ ၁၉၇၆ တွင် မော်စီတုန်း ကွယ်လွန်သည်။ ၁၉၇၈တွင် တိန်ရှောက်ဖိန် အာဏာရလာသည်။ ၁၉၈၀ ခုနစ်များတွင် အမေရိကနှင့် ဥရောပရှိ တက္ကသိုလ်များသို့ ပညာသင်ခွင့် ရရှိသောသူများ ရှိလာသည်။ ၁၉၉၀ ခန့်တွင် ထိုသူတို့သည် PhD ကိုယ်စီ ကိုင်ကာ တရုတ်ပြည်သို့ ပြန်လာခဲ့ကြသည်။ အစိုးရသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ရင်း အချိန်ကာလနှင့် မကိုက်ညီသော ခေါင်းမာမှု အချို့ကို လက်လျော့ စွန့်လွှတ်ခဲ့ကြသည်။ ပြုပြင်ပြောင်းလဲမှုများကို လုပ်ခဲ့ကြသည်။ ထိုကြောင့်ပင် တရုတ်ပြည်ကြီး တိုးတက်နေသည်ကို မြင်ရခြင်း ဖြစ်သည်။

အဆိုပါ စာအုပ်တွင်ပါသော ပြုပြင်ပြောင်းလဲလိုသောနိုင်ငံများသည် ပထ၀ီ အနေအထား၊ အုပ်ချူပ်ပုံစနစ်၊ နိုင်ငံပမာဏ အကြီးအသေး၊ လူဦးရေ အနည်းအများ ကွဲပြားကြသော်လည်း တူညီသည့် အချက် တစ်ချက် ရှိပေသည်။ ခေါင်းဆောင်များသည် တိုင်းပြည်နှင့် ပြည်သူ အပေါ်တွင် စေတနာထားကြသည်။ တရုတ်ပြည်ပင်လျင် အာဏာကို ချူပ်ကိုင်ထားသော်လည်း တိုင်းပြည်စီးပွားရေး၊ ပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို အလေးထားကြသည်။ ဧရာဝတီတိုင်း မုန်တိုင်းဘေးကျရောက်မှုနှင့် စီချွမ်းနယ် မြေငလျင်တွင် အစိုးရနှစ်ခု၏ ပြည်သူအပေါ် သဘောထားပုံကို ထင်ရှားစွာ တွေ့နိုင်သည်။ ကမ္ဘာ့နိုင်ငံများက တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ကာ ကုန်သွယ်မှုများ ပြုလုပ်နေကြသော်လည်း မြန်မာပြည်ကမူ နျူကလီးယား လက်နက်ဖြင့် ကမ္ဘာ့လူထုအား ခြိမ်းခြောက်နေသည့် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး ပြုလုပ်ကာ အတုခိုးမှားနေသည်။

ကမ္ဘာ့နိုင်ငံများက ဆင်းရဲမှု ပပျောက်ရေးကို ကြိုးပမ်းနေစဉ်မှာပင် မြန်မာပြည်တွင် ဆင်းရဲနိမ့်ကျ၍ လူ့အဆင့်အတန်းမီမီ မနေထိုင်ရသည့် ဘ၀များ၊ အစာရေစာ မ၀သော ကလေးငယ်များ၊ အကျင့်ပျက်ခြစားနေသော အစိုးရအရာရှိများ၊ ခေါင်းမာသော ဗိုလ်ချုပ်များဦးဆောင်သော ၀န်ကြီးဌာနများ၊ အဖျက်ဆီးခံထားရသော ပညာရေး စနစ်များ၊ တက္ကသိုလ်များနှင့် ၂၀၁၀ ရွေးကောက်ပွဲဆီသို့ ဦးတည်လျှောက်လှမ်း နေပေသည်။ တိုးတက်ဖို့ အသာထား လမ်းမှန်ပေါ်သို့ ရောက်ရန် အနိုင်နိုင်ပင် ဖြစ်နေတော့သည်။

ကိုငယ်(မန္တလေး)

 

Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 3 of 3 comments

1. 06-09-2009 21:41

reality
We do not see there is light at the end of the tunnel. The opposition also is not even as competent as the millitary and also made up of people who are not either more progressive, more knowledgeable, broader minded or wiser than current government. the only way forward may be to become the citizen of a developing country. There are two possibilities. One there will be a change towards good direction in motherland which will require overseas diaspora to come back either they are current citizens or not. Another is bad conditions will continue and you still needs to be overseas.
Guest
mogy

2. 06-09-2009 21:28

reality
The education standards of the civil universities need to be brought down. So all graduates of civil universities will always be under the millitary graduates. The facillities in civil universities aw well as human resources are to be robbed for millitary universities. All the land and prosperous businesses has to be owned by millitary or gripped by millitary. Finally people in Burma has to be kept starved and uneducated therefore people will be willing to become their millitary men to make sure they and their families can survive by bullying/robbing ordinary citizens.
Guest
mogyo

3. 06-09-2009 21:18

reality
It is quite obvious that our government is incompetent and does not have good will towards people. Millitary leaders seem to believe Burma or motherland as a country they have fought and conquered. They regard citizens as their enemies. Ethic natinalities were to be shot and their villages has to be burned to subdue them. Dissidents or people who has knowledge and wants to improve our country were to be put in prison to strengthen their grip on the power. The prosperous businesses has to be robbed by various means. The sangha has to be beaten. Universities need to be broken.
Guest
mogyo

Display 3 of 3 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ဆင်းရဲခြင်းလွတ်ကင်းအောင်နှင့် မြန်မာပြည်အခြေအနေကို သုံးသပ်ခြင်း
Saturday, 18 July 2009 18:27

Rating 3.4/5 (11 votes)