Home ၀တ္ထုတိုများ ဆယ်စုနှစ်အလွန် စာတစ်မျက်နှာ
21 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1047
mod_vvisit_counterမနေ့က1303
mod_vvisit_counterတစ်ပတ်အတွင်3း801
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း5319
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2885726
Join us in Facebook
Facebook Fanbox 1.5.x.0
ဆယ်စုနှစ်အလွန် စာတစ်မျက်နှာ

Views : 3356    

Favoured : 100

Share

ဆယ်စုနှစ်အလွန် စာတစ်မျက်နှာ

ချိုဇင်မေ

ဘတ်စ်ကားဂိတ်အနီးရှိ ကုက္ကိုလ်ပင်ကြီးအောက်တွင် ကျွန်မ သူ့ကို အမှတ်မထင် ပြန်တွေ့ခဲ့သည်။ ကွဲကွာသွားသော နှစ်များအတွင်း ဒ်ီတစ်ခေါက် ပြန်လည် တွေ့ဆုံခွင့်သည်  ကျွန်မတို့နှစ်ယောက်အတွက် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ကျွန်မ သတိပြုလိုက်မိသော သူ့မျက်နှာသည် အသက်အရွယ်နှင့်မလိုက်အောင် ရင့်ရော်အိုစာသွားခဲ့လေပြီ။ ညိုပြီးမဲခြောက်နေသော အသားအရေ၊ အမြဲတမ်း ဖျော့တော့ကွဲအက်နေသော နှုတ်ခမ်းအစုံနဲ့ ကြောက်လန့်အားငယ်နေသော မျက်ဝန်းတွေကို ကျွန်မတွေ့နေရဆဲ။ နေလောင်ဒဏ်ကြောင့် အရောင်လွင့်နေပြီ ဖြစ်တဲ့ အပြာရောင်ချည်ထမီနဲ့ ရှပ်အင်္ကျီလက်ရှည် အနက်ကွက်သည် သူနှင့် ဘယ်လိုမှ မလိုက်ဖက်ချေ။ သူ့ပါးပြင်ပေါ်က ခပ်ကြမ်းကြမ်းလိမ်းထားသော ပါးကွက်နှစ်ခုမှာ ချွေးစီးကြောင်းအလိုက် အရစ်အကြောင်းများ ထနေလေပြီ။ ပုခုံးကျော်ကျော်သာရှိတော့သော ဆံပင်နီကြောင်ကြောင်ကို သံဆံညှပ်ကလစ်နှင့် စည်းနှောင်ထားသော သူ့ပုံစံသည် လောကဒဏ် ကမ်းကြမ်းကို ခုခံနေရသော သူတစ်ယောက်အဖြစ် ပေါ်လွင်စေသည်။

“အစ်မ၊ အစ်မလားဟင်”လို့ မေးလာသော သူ့အသံကိုကြားရသည်မှာ ကျွန်မရင်တွေ ပြည့်သိပ်ကြပ်ခဲနေလေပြီ။ အေးစက်နေတဲ့ သူ့ညာလက်ဖဝါးနဲ့ ကျွန်မလက်ကို ဆုပ်ကိုင်လိုက်ချိန်မှာပဲ ကျွန်မမျက်ရည်တွေ ဝဲတက်ခဲ့ပြီ။ ကျွန်မရဲ့စကားသံတို့သည် လည်ချောင်းဝမှာပဲ တိုးတိတ်ပျောက်ကွယ်သွားခဲ့သည်။ မျှော်လင့်မထားခဲ့သော အဖြစ်အပျက်တစ်ခုအပေါ် သူလဲအံ့အားသင့် တုန်လှုပ်နေခဲ့သည်။ ဆယ်နှစ်ဆိုသော အချိန်ကာလတစ်ခုသည် သူ့ဘဝရပ်တည်မှုကို ဘာမှသိသိသာသာ ပြောင်းလဲသွားရန် မစွမ်းနိုင်ခဲ့ပေ။ ဘယ်အရာမှ မပြည့်စုံခဲ့သော သူ့ဘဝသည် အခုထက်ထိ ရုန်းကန်နေရဆဲပင်။

*    *    *    *    *    *    *    *    *    *

သူနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံသောအချိန်သည် ကျွန်မကျောင်းအပြန် တစ်ညနေခင်း ဖြစ်ခဲ့သည်။ “သမီးထက် အသက်နည်းနည်းပဲငယ်တဲ့ ကောင်မလေးတစ်ယောက် အိမ်မှာ ခဏလာနေလိမ့်မယ်။ အနိုင်မကျင့်ရဘူး။ သမီးညီမလေးတွေလို ချစ်ရမယ်နော်” လို့ အမေက လွန်ခဲ့သောတစ်ရက်က ကျွန်မကို ခေါ်ပြောခဲ့သည်။ ထို့အတွက် အိမ်ရှေ့ခန်းကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်နေသော သူ့ကို ကျွန်မလှိုက်လှိုက်လှဲလှဲ ပြုံးပြခဲ့မိသည်။ သို့သော် ကြောက်ရွံ့ခြင်းနှင့် မျက်ရည်ဝဲနေသော သူ့ထံမှ ကျွန်မ မည်သည့်တုံ့ပြန်မှု့မှ ပြန်မရခဲ့ချေ။

သူဝတ်ထားသော အနီရောင်ရဲရဲတောက်နေသော ထမီသည် ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်နှင့် မမျှအောင် ကြီးလွန်းနေသည်ဟု ကျွန်မထင်မိသည်။ သို့သော် သူ့အတွက်တော့ ထိုအရာသည် အသေးအဖွဲကိစ္စမျှပင် ဖြစ်လိမ့်မည်။ ကျောအထိအောင် ရှည်လျားသော သူ့ဆံပင်တွေနှင့် အသားမည်းမည်း အရပ်ပုပု သူ့ပုံစံသည် ညှင်းသိုးသိုးနှင့် အကြည့်ရဆိုးလှသည်။ အသံကျယ်ကျယ်စကားပြောတတ်သော သူ့အကျင့်ကြောင့် အစပိုင်းတွင် သူနှင့် စကားအများကြီး မပြောဖြစ်ပေ။ သူသည် ကျွန်မ စာကြည့်စားပွဲသို့ တခါတရံရောက်လာကာ စာအုပ်များကို စိတ်ဝင်တစား လှန်လှောကြည့်တတ်သည်။

“သမီး၊ သူဇာလေးကို စာဖတ်တတ်အောင် သင်ပေးလိုက်ပါလား” လို့ အမေ ပြောလာချိန်မှစ၍ ကျွန်မသည် သူ၏ပထမဦးဆုံး စာသင်ပေးသော ဆရာမ ဖြစ်လာခဲ့သည်။ ကျွန်မ စိတ်ရှည်သောအချိန်များတွင်  “ကကြီး၊ ခခွေး” လို့ သေချာလက်လှည့်ပြီး သင်ပေးသော်လည်း၊ တခါတရံ သူ့လက်ဖဝါးပေါ်ကို သစ်သားပေတံနှင့်ရိုက်၍ ဆရာမလုပ်တမ်း ကစားခဲ့ကြသည်။ သူနှင့်ကျွန်မ တရင်းတနှီးရှိသောအချိန်များတွင် သူသည် စိတ်လိုလက်ရ စကားတွေ ပြောနေတတ်သည်။ မိသားစုလေးယောက်စာအတွက် လှည့်လည်ဈေးရောင်းကျွေးသော သူ၏အမေအကြောင်း၊ အမြဲတမ်း သူ့အား အနိုင်ကျင့်တတ်သော သူ့မောင်လေးနှစ်ယောက်အကြောင်း၊ သူနေထိုင်သော ရွာလေးအတွင်းက လူတွေအကြောင်း၊ များစွာသောအကြောင်းအရာများတွင် တချို့တချို့သော အကြောင်းအရာများသည် ကျွန်မ အလွတ်ပင်ရနေခဲ့သည်။ ထိုစဉ်က သူပြောသော အကြောင်းအရာတော်တော်များများကို ကျွန်မ နားမလည်၊ မခံစားတတ်ခဲ့။ သူပြောသမျှသည် ကျွန်မနားလည်သိရှိထားသော အရာများနှင့်မတူအောင် ကွဲပြားခြားနားသည်။ သူ၏နုံချာလှသော ငြီးငွေ့ဖွယ်ရာစကားများသည် ကျွန်မသင်ယူရန်ပျင်းသော သမိုင်းဘာသာရပ်လောက်ပင် စိတ်ဝင်စားဖို့မကောင်းခဲ့သည်မှာ အမှန်ပင်။ သေချာခြင်းတစ်ခုကတော့ သူ့အတွက်အရေးအကြီးဆုံးသည် သူ့မိသားစုနှင့်သူ့ဘဝ ရှင်သန်ရပ်တည်ဖို့အတွက် ဖြစ်သော်လည်း ကျွန်မအတွက်ကတော့ ကျွန်မ သင်ယူနေသော အတန်း သင်ခန်းစာတွေမျှသာ ဖြစ်ခဲ့လိမ့်မည်။

သူသည် ဟန်ဆောင်မှု မရှိ၊ ရိုးသားပွင့်လင်းသည်။ တစ်နေ့ ကျွန်မအမေ သူ့အတွက် ဈေးမှဝယ်လာသော ဇာအထပ်ထပ်နဲ့ အဝါရောင်ဂါဝန်ကို ကြည့်ပြီး “အမလေး အန်တီရယ်၊ သမီးဖြင့် ဒီလိုမျိုးဂါဝန်ကို အိမ်မက်ထဲမှာတောင် မဝတ်ဖူးပါဘူး။ ရှက်စရာကြီး၊ ပြီးတော့ ဈေးကလဲ ကြီးသေးတယ်။ သမီးသာဆို အဲ့ဒီပိုက်ဆံကို အမေ့ပေးပြီး အိမ်အမိုး ဖာခိုင်းလိုက်မှာပေါ့” လို့ ညည်းညည်းညူညူ ပြောခဲ့ဖူးသည်။ ကျွန်မစိတ်ထဲတွင် သူသည် အရွယ်နှင့်မလိုက်အောင် သိတတ်လွန်းသည် ဟုထင်မိသည်။ နေရာတကာ သူ့မိသားစုနှင့်နှိုင်းယှဉ်ကာ အကျိုးအပြစ်ကို ပြောလေ့ရှိသည်။ ကျွန်မတို့မိသားစု အပြင်မှာ ထွက်စားလျှင်ဖြစ်စေ၊ တစ်ချို့ကျောင်းပိတ်ရက်တွေမှာ အိမ်တွင်မုန့်လုပ်စားလျှင် ဖြစ်စေ၊ “မောင်လေးတွေကို ကျွေးချင်လိုက်တာ၊ အမေက ဒီမုန့်ဆို  အရမ်းကြိုက်တာ” လို့ အမြဲပြောလေ့ ရှိသည်။

သူနှင့်ပတ်သတ်၍ ကျွန်မဆီမှာ အခုထိ မှတ်မှတ်ရရကျန်နေခဲ့သော ဖြစ်ရပ်တစ်ခုမှာ ကျွန်မတို့ အိမ်အပေါ်ထပ်ဧည့်ခန်းက ဓာတ်ပုံကြီးနှင့်ပတ်သက်သော အရာဖြစ်သည်။ တစ်နေ့“အန်တီရယ်၊ အန်တီ့ယောက်ျားက အရမ်းချောတာပဲ။ စစ်ဝတ်စုံကြီးနဲ့ ခန့်တယ်နော်” လို့ အားပါးတရ ပြောလိုက်သောစကားကြောင့် ကျွန်မတို့ သားအမိတစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ သူအိမ်ရောက်ပြီးကတည်းက ကျွန်မအဖေနှင့် တစ်ခါမှ မဆုံဖူးသေးပေ။ ထို့ကြောင့် ဓာတ်ပုံထဲမှလူကို အဝေးရောက်နေသော ကျွန်မအဖေပုံအမှတ်နှင့် ပြောနေခြင်းဖြစ်သည်။

“မသူဇာ၊ အဒါ အန်တီ့ယောက်ျား မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလေ သမီးရဲ့။ သမီးက ကျောင်းမတက်ခဲ့ရလို့ ဘယ်သိပါ့မလဲ၊ ကြားတော့ကြားဖူးမှာပေါ့။ တချို့ပိုက်ဆံတွေပေါ်မှာလည်း ပါတယ်လေ၊ အခု သမီးတို့အန်တီတို့နေတဲ့ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေရဲ့ကျွန်အဖြစ်က လွတ်အောင် ခေါင်းဆောင်ကြိုးစားခဲ့တဲ့ နိုင်ငံခေါင်းဆောင်ကြီးပေါ့။ ပြီးတော့ ဒီဓာတ်ပုံက အန်တီ့အဖေရဲ့ အမွေလေ၊ အဲဒါကြောင့် အန်တီတို့က ဧည့်ခန်းမှာ ချိတ်ထားတာ သမီးရဲ့” လို့ အမေက အားပါးတရရှင်းပြနေချိန်မှာ  ကျွန်မကတော့ ရယ်ရလွန်းလို့ မျက်ရည်များပင် ဝေ့တတ်ခဲ့သည်။ အခုအချိန် ပြန်စဉ်းစားမိလျှင်တော့ ကျွန်မ မျက်ရည်ကျချင်မိသေးသည်။ သို့သော် ရယ်ချင်လွန်း၍တော့ မဟုတ်တော့ပေ။

ထမင်းနပ်မှန်အောင်ပင် အနိုင်နိုင်ရုန်းကန်နေရသော သူ့ပတ်ဝန်းကျင်သည် သူ့အား ဤအရာတွေကို ရှင်းပြပေးဖို့ အချိန်ပေးနိုင်ခဲ့မည်မဟုတ်။ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်သည့်ဘဝအတွက် ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ဖို့ ဈေးရောင်း၊ ငါးဖမ်း၊ ကောက်စိုက်သည့်ပညာတွေကိုသာ သင်ပေးခဲ့လိမ့်မည်။ ဒေသမကောင်းသော အရပ်၊ ကာလမကောင်းသော နေရာတွင် လူလာဖြစ်ရသော သူ့အတွက် ကျွန်မစိတ်မကောင်း ဖြစ်မိသည်။ တစ်နေ့တစ်ခြား ဆုတ်ယုတ်သထက် ဆုတ်ယုတ်ကာ ဆင်းရဲတွင်းထဲမှာပဲ တဝဲလည်လည် ရှိနေခဲ့လိမ့်မည်။

ကျွန်မတို့အိမ်မှာ သူနေသားကျလာသောအချိန်တွင် သူ့အမေက သူ့ကို လာပြန်ခေါ်သည်။ ကျွန်မရော၊ ကျွန်မအမေပါ အလွန်ဝမ်းနည်းခဲ့ကြသည်။ သူကတော့ ဆိုဖွယ်ရာ မရှိတော့။ “သမီးနောက်ဘဝကျရင် အန်တီ့သမီး လုပ်ချင်တယ်” လို့ ဆုတောင်းပြီး အမေ့ကိုကန်တော့တဲ့အခါ အမေ ရှိုက်ရှိုက်ပြီး ငိုလိုက်တာ၊ မျက်လုံးတွေ ပြည့်ဖောင်းနေတာကိုပင် ကျွန်မမှတ်မိသေးသည်။ သူနှင့်အတူနေခဲ့သော ခြောက်လမျှအချိန်သည်ပင် ကျွန်မတို့မိသားစုကို အမှတ်တရ ရှိနေစေခဲ့သည်။

ဒီနေ့တော့ မမျှော်လင့်ဘဲ သူနှင့်ကျွန်မ ပြန်ဆုံခဲ့ပြီ။ အခုသူ့ပုံစံသည် လူကြီးတစ်ယောက်အသွင် ပြောင်းသွားခဲ့သော်လည်း သူ့မျက်နှာကို ကျွန်မ ရင်းရင်းနှီးနှီး သိနေသေးသည်။ ချို့တဲ့နွမ်းပါးလွန်းသော လူတစ်ယောက်အသွင် အထင်းသားပေါ်လွင်နေတဲ့ သူ့မျက်နှာကို ကျွန်မ မှတ်မိနိုင်သေးသည်။ “နင်အဆင်ပြေရဲ့လား”လို့ ကျွန်မ သူ့ကိုမေးတော့ သူ ကျွန်မကို ပြုံးပြသည်။ သူ့အပြုံးက သူကျင်လည်နေရသောဘဝမှာ အသားကျနေပြီဆိုတဲ့ အပြုံးလား၊ အခုအစ်မ မြင်နေရတဲ့ အတိုင်းပါလို့ ဆိုချင်တဲ့ အပြုံးလား၊ ကျွန်မ မဝေခွဲတတ်ပေ။ သို့ပေမယ့် သူမပြေလည်ဘူး ဆိုသည့်အရာကိုတော့ အဖြေမရှိလည်း ကျွန်မကောင်းကောင်းနားလည်ခဲ့သည်။ သူ့ဖရဲသီးဗန်းပေါ်နားလာသော ယင်ကောင်ကို လက်တစ်ဘက်နှင့်ခြောက်လှန့်ရင်းက လွန်ခဲ့တဲ့နှစ်နှစ်က သူ့အမေဆုံးပြီလို့ ဆိုသည်။ ကျွန်မ အမှန်ပင် စိတ်မကောင်းမိ။ တခါတရံတော့ ကံကြမ္မာက သူ့ကို မျက်နှာသာတော့ပေးသင့်သည်။ ကြီးရင့်လာသော ကာလတလျှောက်လုံး အဖေရယ်လို့ ခေါ်စရာမရှိသော သူ့ကို အမေ့မေတ္တာတော့ အပြည့်အဝ ရစေချင်သည်။ သူ့ဘဝတွင် ဆင်းရဲနုံချာသည့်အပြင် မိမဲ့၊ဖမဲ့ ရှင်သန်ရခြင်းသည် သူ့အတွက် အကြီးမားဆုံး ထိုးနှက်မှု ဖြစ်စေခဲ့လိမ့်မည်။

စကားပြောရင်းက သူဈေးရောင်းသည်ကို အနှောက်အယှက် ဖြစ်မည်စိုးသောကြောင့် “သူဇာ  အစ်မသွားတော့မယ်၊ အိမ်လာခဲ့ပါဦး၊ အမေလည်း နင့်ကိုတွေ့ရင် အရမ်းဝမ်းသာမှာ” လို့ဆိုကာ သူ့လက်ထဲ ဖုန်းနံပါတ်နှင့်လိပ်စာရေးပြီး ထည့်ပေးခဲ့ရသည်။ ကျွန်မ သူ့ကိုနှုတ်ဆက်တော့ သူ့မျက်ဝန်းမှာ မျက်ရည်တွေ တွဲခိုနေလေပြီ။ အိမ်ပြန်ရောက်လို့ သူနှင့်တွေ့ခဲ့ကြောင်း အမေ့ကိုပြန်ပြောလျှင် အမေလည်း ကျိန်းသေစိတ်မကောင်းဖြစ်မှာကို ကျွန်မ သိသည်။ အပြန်လမ်း တလျှောက်လုံးလည်း သူ့ရဲ့ညှိုးနွမ်း ခြောက်ကပ်နေတဲ့မျက်နှာနဲ့ လွန်ခဲ့သောဆယ်စုနှစ်က အကြောင်းများသာ ခေါင်းထဲရောက်ရောက်လာခဲ့သည်။

ကွဲကွာသွားသောနှစ်တွေအတွင်းမှာ သူ့မိသားစုအတွက် သူ့အမေသင်ပေးသော ဈေးရောင်းခြင်းအတတ်နှင့် သူ ကြိုးစားရုန်းကန်ခဲ့ရမည်။ သူ့ဘဝကို ရိုးရိုးသားသား သူရပ်တည်ခဲ့လိမ့်မည်လို့လည်း ကျွန်မယုံကြည်သည်။ သူရဲ့ဘဝသည် ဆင်းရဲနုံချာမှု၊ အားငယ်တတ်မှု၊ တွေးခေါ်နိုင်စွမ်းနည်းပါးမှုတွေကြောင့် ရည်မှန်းချက်မရှိ လမ်းစမရှိ ဖြစ်ခဲ့ရပြီ။ သို့သော် ထိုရည်မှန်းချက်၊ အောင်မြင်မှုဆိုသောအရာများသည် သူ့အတွက် အရေးကြီးလိမ့်မည်မဟုတ်။  သူ့အတွက် အရေးကြီးသောအရာသည် သူ့ရှေ့က ဗန်းပေါ်မှာထည့်ထားတဲ့ ဖရဲသီးစိတ်နီနီရဲရဲများသာ ဖြစ်လိမ့်မည်။ သူ၏တစ်နေ့တာပြီးဆုံးသွားတိုင်း သူ့ဗန်းပေါ်က ဖရဲသီးစိတ်များ ကုန်အောင်ရောင်းနိုင်ဖို့သည်သာ သူ့ရဲ့မျှော်လင့်ချက် ဖြစ်နေပေလိမ့်မည်။
ချိုဇင်မေ
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 2 of 2 comments

1. 10-08-2009 11:58

cheer up
hi,,,friend..very cool to read your story. 
 
it can be give alot of feeling. 
 
i hoping you can write more and more the stories for ,,,,,,, 
 
i like you ,pls connect me as a friend.
Guest
apolo

2. 09-08-2009 01:48

ထိုရည်မှန်းချက်၊ အောင်မြင်မှုဆိုသောအရာမျာ
သူငယ်ချင်း .. 
ကောင်းလိုက်တဲ့..ဇတ်လမးလေး..ငါအရ်း..အားရတယ် ..နင့်ရေးသာ ချက်တွေ..ထ တယ်..မိတယ်.. 
ထိုရည်မှန်းချက်၊ အောင်မြင်မှုဆိုသောအရာ များသည်...ဆိုတဲ့..စာကြေ င်းလေးကို. .ပိုခိုက်တ်..ငါတို့တွေ...အားလုံးလ ည်း..အကြိမ် ကိမ်..အဖန် န်..ဘ၀ ကြီးရဲ့..အေ င်မြင်မှု..ှုံးနိမ့်မ တို့..ကို..တ်ကြိမ်ထပ် က...ကိုယ်တိ င်ဝေဖန်..သုးသပ်..မိဆဲ ပါပဲ... 
 
သူငယ်ချင်း ..အောင်မြင်ါစေ.. 
ဆုတောင်းလျ က် 
Grace ;)
Guest
Grace

Display 2 of 2 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ဆယ်စုနှစ်အလွန် စာတစ်မျက်နှာ

Rating 3.1/5 (17 votes)