Views : 2365  |
Favoured : 93 |
ပါလာသော အရာများ
တကယ်ပါ
ဒါဟာ.. “၀ဋ်” တဲ့လား...
တကယ်ပါ
ဒါဟာ .. “ကပ်ဆိုး” တဲ့လား...
တကယ်ပါ
ဒါဟာ.. “ကံမကောင်းခြင်း” တဲ့လား...
တကယ်ပါ
ဒါဟာ.. “ဘုရားသခင် အလိုကျ” တဲ့လား...
တကယ်ပါ
ဒါဟာ.. “ အလ္လာ အရှင်မြတ် အမိန့်တော်” တဲ့လား...
တကယ်
ဒါဟာ..“ အလ္လာ အရှင်မြတ် အမိန့်တော်”...
တကယ်
ဒါဟာ.. “ ဘုရားသခင် အလိုကျ”...
တကယ်
ဒါဟာ.. “ ကံမကောင်းခြင်း”
တကယ်
ဒါဟာ..“ ကပ်ဆိုး”
တကယ်
ဒါဟာ..“၀ဋ်”
မသေချာသော ဖြစ်တည်ခြင်းများထဲမှာ
ဘာမဟုတ်တဲ့ကောင်... တစ်ကောင်...
အဲဒီကောင် ကျွန်တော်ဖြစ်နေတယ်။
ဘလက်နှစ်ပက်ကို ဘလက်ကော်ဖီနဲ့သောက်
သတင်းနားထောင်ရင်း ရီဝေမူးနောက်လာတယ်
အမှောင်နယ်ထဲ ကျွံသထက်ကျွံ
ရောင်နီကတော့ အအိပ်လွန်နေဆဲ။
ဒါဟာလည်း
“ အလ္လာ အရှင်မြတ် အမိန့်တော်”
“ ဘုရားသခင် အလိုကျ”
“ ကံမကောင်းခြင်း”
“ ကပ်ဆိုး”
“၀ဋ်”
ဇေသန်း |
|
Users' Comments  |
|
Average user rating
|
|
|