Home ကဗျာများ ရန်ကုန်ကို တစ်ခွက်လောက် မြည်းကြည့်ခြင်း
19 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့807
mod_vvisit_counterမနေ့က1268
mod_vvisit_counterတစ်ပတ်အတွင်း807
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း2325
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2882732
Join us in Facebook
Facebook Fanbox 1.5.x.0
ရန်ကုန်ကို တစ်ခွက်လောက် မြည်းကြည့်ခြင်း

Views : 3200    

Favoured : 79

Share

ရန်ကုန်ကို တစ်ခွက်လောက် မြည်းကြည့်ခြင်း

ကမ္ဘာမြေက ပုံမှန်ထက် တိမ်းစောင်းနေပြီလား
လမ်းလျှောက်ရတာ ပိုခက်လာတယ်
အင်္ကျီကြယ်သီး နဲနဲဖြုတ်ထားမှ လေထုဆိုတာရှိမှန်း သတိရတော့တယ်။

ဟေ့ မြို့ကြီးပြကြီးက ကျီးကန်းတွေ ငါ့ကိုမိုက်ကြည့် မကြည့်နဲ့
ဘာ ... ကျီးကန်းဆိုတာ မြို့ပြစွန်ရဲတဲ့လား .. သွားကြစမ်းကွာ ..
ဒီမြို့မှာ ငှက်ကအစ အကျင့်ပျက်နေပြီ။

စရိုက်ကျကျအထာနဲ့ ရပ်ကွက်ထဲ လမ်းတစ်ပတ် လျှောက်ကြည့်လိုက်တဲ့အခါ
လောကဟာ ထင်တာထက် ပိုကျဉ်းမှန်း သိလာတယ်
အင်တာနက်ဆိုင်တွေ ပိုများလာတယ်
ကျွန်တော့်အိတ်ကပ် ပိုပါးလာတယ်
မှိုတက်တတ်တဲ့ ပိုက်ဆံတွေကို ဘယ်အချိန်အထိ သုံးနေရဦးမှာလဲ
ဆိုက်ကားသမားက ပါးစပ်နဲ့ကိုက်တယ်
စပါယ်ယာက ခါးကြားညှပ်တယ်
ငါးသည်က အင်္ကျီကြားညှပ်တယ်၊
ယာဉ်ထိန်းရဲက ဘောင်းဘီအိတ်ထဲထည့်တယ်
ကွမ်းယာသည်က အံဆွဲထဲထည့်တယ်
ကုန်သည်က လက်ဆောင်ထုပ်ထဲ ထည့်တယ်။

ထားပါ ..
အဲဒီပိုက်ဆံနဲ့ကျွန်တော် ဂျယ်လ်တစ်ဘူးဝယ်တယ်
ဟိုဆရာပြောသလို ကျွန်တော့်ဆံပင်ပုံစံက အထီးကျန်မီးတောက်များဒီဇိုင်းပေါ့
ဘယ်လေမှ မပင့်ဘဲ အပေအတေ တောက်လောင်နေတယ်
ရူပဗေဒမှာ အပူကူးမှု ဘယ်နှစ်မျိုးရှိလဲ ကျွန်တော်မသိဘူး
ကျွန်တော်က လူတွေရဲ့မျက်လုံးကနေ အပူကူးမှာ ကြောက်တယ်
သောကမျက်လုံးတွေ
လောဘမျက်လုံးတွေ
မာနမျက်လုံးတွေ ...
အပူမျက်လုံးတွေများ
ဘာဖြစ်လို့ ရန်ကုန်မြို့ထဲမှာ အများကြီး စုပြုံနေတာလဲ
အဲဒီလိုနဲ့ အပူကူးနိုင်မယ့် မျက်လုံးတွေဆို ရှောင်နိုင်ဖို့ ကြိုးစားတော့လည်း ဘယ်မှာရလို့လဲ။

ခင်ဗျားတို့ သိတဲ့အတိုင်းပဲ
ကိုယ့်လျှာကိုယ် ကိုက်မိရင်တောင် အဆိပ်တက်တဲ့ စာရိတ္တတွေ ထွန်းကားတဲ့ ကာလဒေသမှာ
လက်ထဲက ထမင်းတစ်လုတ်ကလွဲလို့ ဘာမှ မရှိတဲ့ဘ၀တွေ သိပ်များတယ်
တန်ဖိုးကြီးတဲ့ သတ္တုတွေက သူတို့ကိုယ်ပေါ်မှာသာယာ
နံပါတ်တွေ နှိပ်လိုက်တာနဲ့ ငွေထုပ်ပြုတ်ကျလာတဲ့ ဘ၀တွေလဲများတယ်
လူစည်ကားတဲ့လမ်းမဘေးတွေမှာ ငုတ်တုတ်ထိုင်ညည်းတွားသူတွေ များလာသလို
ကာရာအိုကေ ကားပါကင်မှာ ကားအကောင်းစားတွေ များလာတယ်။

မီးတောက်တွေကို ကျွန်တော်ဆွဲဖွလိုက်တယ်
ဆေးလိပ်ရှိရင် မီးခြစ်မရှိဘူး
မီးခြစ်ရှိရင် ဆေးလိပ်မရှိဘူး
ဘ၀က တစ်ဖက်ကန်းနေတယ်
ကိုယ့်ဒေါသနဲ့ကိုယ် ကိုယ့်လမ်းထဲကကျောက်ခဲကို ကန်လိုက်ရင်း
ရေးပြလို့ မကောင်းတာတစ်ခု ရေရွတ်လိုက်တယ်
အားရပါးရကျုံးကန်လို့တော့ မဖြစ်ဘူး
လမ်းထဲမှာ အမျိုးအမည်မသိ ၀ဲစားတွေ
လူမိုက်ဂိုက်နဲ့ အုပ်စုဖွဲ့ရစ်သီနေတယ်
အပူဟပ်ရင် ဆေးလိမ်းလို့ရပေမယ့် ခွေးဟပ်ရင်တော့ သံပိုက်လေးတွေ
ကိုယ်ထဲ အကြိမ်များစွာ ထိုးသွင်းခံရမယ် မဟုတ်လား။

အသိစိတ်ကဖယ်ခွာ မသိစိတ်ကဖယ်ခွာ လျှောက်နေတဲ့လမ်းမှာ
အချစ်ကို ဘယ်နားထားရမလဲ စဉ်းစားတော့
ဦးထိပ်ထားရမလား
ချိုင်းကြားညှပ်ထားရမလား
ပြောကြည့်ဗျာ
ကိုယ့်ရင်ဘတ်ကို ကိုယ် အမြည်းလုပ်ပြီး
သောက်လိုက်တာ များသွားသလားမသိ
လူကဲခတ်တတ်ရင် ခုနေ ကျွန်တော့်မျက်လုံးကို လာမကြည့်နဲ့
ကောင်းနေမှန်း ရိပ်မိသွားလိမ့်မယ်... ။    ။

ဂယက်
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 12 of 12 comments

1. 09-08-2010 03:25

စားသုံးလို့ကောင်းတယ်
ကျွန်တော်လ ည်း ကူးသွားချင်တယ်ဗျာ 
ကျွန်တော့် ဘလော့မှာတင်ချင်လို့ပါခင်ဗျ  
ခွင့်ပြုပါ ဆရာသမားတို့ ရယ်..။ 
လေးစွာဖြင့် ....။
Guest
အချစ်တော်မောင်

2. 23-12-2009 17:30

i like this poem
thz your poem!
Guest
tokiedoki

3. 23-12-2009 17:25

i like this poem
အရမ်းကြိုက်လို့ ကူးထားလိုက်တယ်။ 
နောက်လည်းထ ပ်ရေးပါနော်။
Guest
tokiedoki

4. 23-12-2009 13:18

diz rawkz
the last line hitz me most ;) 
2 little 2 late 2 know this poem :D 
 
-th 
 
http:// thoehtane.wordpress.com
Guest
thoe htane

5. 08-10-2009 14:30

good
hi , it is a good poem. ;)
Guest
kyaw thu

6. 25-09-2009 17:28

like it
တော်တော်ကောင်တဲ့ အရသာ ပါ ...
Guest
စိုင်းထူး

7. 22-09-2009 03:22

ရန်ကုန်.... တဲ့လား..
ခင်ဗျားတို့  သိတဲ့အတိုင်းပဲ 
ကိုယ့်လျှာ ကိုယ် ကိုက်မိရင် တောင် အဆိပ်တက်တဲ့  စာရိတ္တတွေ ထွန်းကားတဲ့  ကာလဒေသမှာ 
လက်ထဲက ထမင်းတစ်လု တ်ကလွဲလို့ ဘာမှ မရှိတဲ့ဘ၀ေ တွ သိပ်များတယ် 
 
ဒီစာကြောင်းကိုတော့ အကြိုက်ဆုံးပဲရှင်... 
ထမင်းတစ်လု ပ်ကို လွယ်လွယ် စားလို့ရပေ မယ့်  
လိပ်ပြာလုံ ဖို့က ခက်ခဲတယ်လေ နော် :cry
Guest
ဲJohn

8. 20-09-2009 18:50

hi
တကယ် ... တကယ် ... တကယ့် ကိုကောင်းတဲ့ ကဗျာလေးဗျာ ... 
ဆက်ရေးပါ...
Guest
မြိုင်စိုးကြီး

9. 02-08-2009 07:56

excellent poem
အရမ်းကောင်းလွန်းတဲ့က ဗျာတစ်ပုဒ် ပါ။ အားပေးနေတယ်နော်။
Guest
winkabar

10. 30-07-2009 22:04

အယ်ဒီတာ & ဆရာ ဂယက်
ဒီကဗျာလေးကို ကျွန်တော်ဘ လော့ထဲမှာ 
ကူးယူသိမ်း ဆည်းခွင့်ြ ပုပါ...။ 
ဒီကဗျာမျိုးဖတ်ရတဲ့ အတွက် ကဗျာဆရာဂယက်ကိုရော 
အယ်ဒီတာအဖွဲ့ကို ကျေးဇူးအထူးတင်ရှိပါသ ည် 
ခင်မင်လေးစားလျှက်
Guest
မိုးလှိုင်ည

11. 30-07-2009 18:03

ဟုတ်ကဲ့ဗျာ
ဒီကိုပို့ေ ပးတဲ့ ညီကိုရော.. ဖေါ်ပြပေးတဲ့  အယ်ဒီတာကို ရော ကျေးဇူးတင် ပါတယ် ...  
အာရုံကောင်းကောင်းထပ် ရရင် ကဗျာကောင်း ကောင်းလေးေ တွ ရေးချင်ပါတ ယ်
Guest
ဂယက်

12. 27-07-2009 09:47

ကိုဂယက်ရေ
ကြိုက်လွန်းလို့...နှစ် ခါပြန်တောင် ဖတ်လိုက်တယ်...။
Guest
မောင်နွေသစ်

Display 12 of 12 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ရန်ကုန်ကို တစ်ခွက်လောက် မြည်းကြည့်ခြင်း
Monday, 13 July 2009 23:23

Rating 4.1/5 (15 votes)