| စိမ်းလန်းသော လွင်ပြင်ကျယ်တစ်ခုရဲ့ ဒိုင်ယာရီ |
Views : 2482  |
Favoured : 84 |
စိမ်းလန်းသော လွင်ပြင်ကျယ်တစ်ခုရဲ့ ဒိုင်ယာရီ
သူ့ဆီကို
လေနဲ့အတူ
ရောင်စုံမီးခိုးဝတ်ရုံတွေခြုံ
တိမ်တိုက်တွေစီးပြီး
သူတို့လာခဲ့ကြတယ်
သူတို့ ဆုံတွေ့ခဲ့ကြတယ်။
နောက်တော့လည်း
လေနဲ့အတူပဲ
သူတို့ တစ်ယောက်တစ်နေရာ
ရေကြည်ရာမြက်နုရာ
အသီးသီး ကိုယ်စီကိုယ်ငှ
ထွက်ခွာသွားကြပေါ့။
ဆုံဆည်းခြင်းနဲ့
ခွဲခွာခြင်းကြားက
သူ့ရင်ဘတ်ထဲမှာတော့
သူတို့ရင်ထဲက
ရသစုံနွယ်ကြိုးမျှင်တွေနဲ့
ယက်ဖောက်ခဲ့ကြတဲ့
အိမ်လေးတစ်လုံး
တိတ်တိတ်လေး ကျန်ခဲ့လေရဲ့။
လွမ်းလောက်စရာမဟုတ်ဘူးဆိုပေမယ့်
သူကတော့လေ...
သူ့ရင်မှာဆောက်ခဲ့တဲ့
သူတို့ရဲ့ နွယ်အိမ်လေးကို
မွေးကာစကလေးကို
သားသည်အမေက အသည်းပိုသလို
ချစ်သူကောင်မလေးကို
ကောင်လေးက ယုယသလို
အရိပ်တကြည့်ကြည့်နဲ့ပဲတဲ့...။
သက်စံ |
|
Users' Comments  |
|
Average user rating
|
|
|
စိမ်းလန်းသော လွင်ပြင်ကျယ်တစ်ခုရဲ့ ဒိုင်ယာရီ
|
Monday, 13 July 2009 22:58 |
|
|